ယနေ့သည်......

Monday, December 14, 2009

.

၂၀၁၂ ကိုကျော်လွန်၍ ၂၁၀၀

၂၀၁၂ မှာ ကမ္ဘာပျက်မယ်တဲ့......။ ပြောနေကြတဲ့စကားတွေ တွေးကြည့်ရင်ကြောက်စရာကြီး.....။ ၂၀၁၂ မှာသာ တကယ်လို့ ကမ္ဘာပျက်ခဲ့ရင် ကျွန်တော် အသက် ၂၁ နှစ်ပဲရှိဦးမယ်..........။ ကျောင်းတောင်မပြီးသေးဘူး.....။ တကယ်ပျက်ခဲ့ရင်လဲ ကောင်းသားဗျာ....။ အကုန်လုံးတူတူသေကြ ရမှာ ပျော်စရာကြီး.......။ တကယ်မပျက်တော့လဲ ကောင်းတာပါပဲ.......။ ဟီးဟီး....။ ကမ္ဘာကြီးသာတကယ်ပျက်ခဲ့ရင် ကျွန်တော့်အတွေး လေးတွေတကယ်မဖြစ်လာနိုင်တော့ဘူးပေါ့နော်......။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တွေးမိတဲ့ပေါက်ကရ လေးတွေကို ဖတ်ကြည့်ပေးကြပါဦးဗျာ......။




ထူးဆန်းတဲ့ သိပ္ပံယာဉ်တစ်စီးဟာ ပစိဖိတ်သမုဒ္ဒရာရဲ့ အပေါ်ကဖြတ်ပြီး ပျံသန်းလာတယ်...။  ဒီလိုနဲ့ ပင်လယ် သမုဒ္ဒရာတစ်လျှောက်  မောင်းလာရင်း သူဟာ မြို့ပြတွေနဲ့ နီးကပ်လာတယ်...။ မြို့ပြတွေဆိုပေမယ့် မြေပြင်ပေါ်မှာတည်ထားတာမဟုတ်....။ ရေပေါ်မြို့တွေသာဖြစ်တယ်..။  အဆောက်အအုံများမှာလည်း ထူးဆန်းသည့်သဏ္ဍာန်ရှိကြသည်.....။  အားလုံးမှာ တိုက်အမြင့်ကြီးများမဟုတ်ကြ...။ ပုလုံးလုံး ပုံသဏ္ဍာန်များ သာဖြစ်ကြသည်...။ ကြည့်လိုက်လျှင် စက်လုံးခြမ်းများနှင့်ပင်တူသည်...။

ယင်းစက်လုံးခြမ်း သဏ္ဍာန်အိမ်များတွင် ပြတင်းပေါက်ဟူ၍ပါသည် ဟုမထင်ရပေ...။ ထိုသို့ဆိုလျှင် အိမ်ထဲတွင်နေနေပါက နေမရ လေမရနှင့်  အသက်ရှင်နိုင်ဖွယ်ရှိမည် မဟုတ်...။ သို့သော် ယင်း အဆောက်အအုံများ မှာကားလူနေနိုင်သည်...။ ၄င်းတို့မှာ အတွင်းသို့ နေရောင်ခြည် ထိုးဖောက်ဝင်ရောက်နိုင်ပြီး   လေ၀င်လေထထွက် ကောင်းအောင် စီစဉ်ထားသော အဆောက်အဦးများ ဖြစ်သည်...။ သိပ္ပံနည်းကျ တီထွင်ထားသောကြောင့် UV rays ကိုကာကွယ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့အား အောက်ဆီဂျင်သို့ပြောင်းလဲပေးနိုင်သော စနစ်များပါရှိသည်...။  အဆောက်အအုံများထဲ ရောက်နေပါက ပြင်ပရှိညစ်ညမ်းမှုများမှ ကာကွယ်နိုင်မည်ဖြစ်သည်...။ ပြင်ပတွင်မူ သစ်ပင်မရှိခြင်းနှင့် အိုဇုန်းလွှာပေါက်ပြဲမှုမှာ ပြင်းထန်သဖြင့် လေထုညစ်ညမ်းမှုမှာ လွန်စွာဆိုးရွားလှသည်...။ ထို့ကြောင့် ပြင်ပတွင် မည်သည့်အကာအကွယ်မှမပါပဲ နေနိုင်မည်မဟုတ်ပေ...။ ထို့ကြောင့် တစ်နေရာမှ တစ်နေရာသို့ သွားလိုလျှင် အထူးစီမံထားသော မြေအောက်လမ်းများမှ သော်လည်းကောင်း ယာဉ်ပျံများဖြင့် သော်လည်းကောင်း teleportation ကရိယာများကိုသုံး၍ သော်လည်းကောင်း သွားနိုင်သည်..။ သို့မှ သာ ဆိုးရွားသော သဘာဝဘေးများမှ ကာကွယ်နိုင်မည်ဖြစ်သည်..။ လူလတ်တန်းစားများ နှင့် အောက်ခြေလူတန်းစားများက မြေအောက်လမ်းများကိုအသုံးပြု၍ အစိုးရ၀န်ထမ်းများက ယာဉ်ပျံများကိုအသုံးပြုကြရသည်..။ teleportation ကရိယာများကိုမူ နိုင်ငံတော်၏ အကြီးအကဲများနှင့် VIP များသာအသုံးပြုခွင်ရှိသည်....။ သူတို့၏ အဓိက စားနပ်ရိက္ခာမှာ ဆန်စပါးမဟုတ် ဂျုံမဟုတ်ပြောင်းမဟုတ်...။ ဆေးလုံးလေးများသာဖြစ်သည်....။ ယင်းဆေးလုံးလေးများသည် ကိုယ်ခန္ဓာ၏ metabolism အတွက်လိုအပ်သည်တို့ကို ပေးစွမ်းနိုင်မည်ဖြစ်သည်...။ရောဂါဘယ ဟူ၍မဖြစ်နိုင်အောင်တားနိုင်မည့် ဆေးများကိုလဲတီထွင်လာနိုင်ခဲ့သည်...။ မွေးကင်းစအရွယ်တွင် ဆေးတစ်လုံးထိုးထားရုံဖြင့် အသက်သေဆုံးသည်အထိ မည့်သည့်ရောဂါမျှမဖြစ်နိုင်အောင် တားဆီးပေးနိုင်သည် အထိ တိုးတက်နေပြီဖြစ်သည်...။ ထိုမျှအထိဆေးပညာ၏ စွမ်းရည်မှာမြင့်တတ်လာခဲ့သည်...။ သို့သော် လူတစ်ဦး၏ ပျမ်းမျှသက်တမ်းမှာ ၅၀ နှစ်သာရှိသည်....။ အကြောင်းမှာ ဆိုးရွားလွန်းသော သဘာဝအခြေအနေများကြောင့်ဖြစ်သည်...။ သဘာဝကျကျ အစားအစာများ ကိုမစားရခြင်း မှာ သက်တမ်းတိုလာရခြင်း၏ အဓိကအချက်ဖြစ်သည်.........။

ယခုရောက်ရှိနေသည်က သက္ကရာဇ် ၂၁၀၀ ဖြစ်မည်ထင်သည်...။ ထိုအချိန်တွင် အန္တာတိကတိုက်ဟူ၍ မရှိတော့ပေ....။ ကမ္ဘာပေါ်တွင်တိုက်ကြီး ၆ တိုက်သာရှိတော့သည်...။ သို့သော် တိုက်ကြီးများ၏ စုစုပေါင်းမြေဧရိယာပမာဏသည် လွန်ခဲ့သော နှစ်ပေါင်း၁၀၀ မှ အာရှတိုက်၏ ပမာဏလောက်သာရှိတော့သည်..။ သို့သော်ပညာရှင်တို့၏ တီထွင်ကြံဆမှုကြောင့် များပြားလှသောလူဦးရေ အတွက်နေရာလောက်လောက်ငှငှ နေနိုင်ခြင်းဖြစ်သည်...။ မြေနေရာမရှိသော်လည်း ရေပေါ်မြို့များ တည်ဆောက်ထားခြင်းကြောင့် လူပေါင်းများစွားအတွက် အိုးအိမ်များစွာရှိနေသည်...။ နည်းပညာတိုးတက်မှု များမှာလဲ အံ့မခန်းအောင်တိုးတက်လျက်ရှိပြီဖြစ်သည်...။ လူတစ်ယောက်၏ DNA ပုံကြမ်းရရှိယုံဖြင့် ထိုလူ၏ သက်တမ်းကိုတွက်ချက်နိုင်မည် ဖြစ်သည်...။ ထို့ထက်ထူးခြားသည်မှာ မိမိအလိုရှိသောစွမ်းအင်ကို အခြားစွမ်းအင်ရှိပြီးသောသတ္တ၀ါထံမှ ရယူနိုင်သည့်နည်းပညာဖြစ်သည်...။ ဥပမာ မိမိကအိမ်မြှောင်တစ်ကောင် ကဲ့သို့နံရံတွင်ကပ်တွယ်နေနိုင်လိုပါက အိမ်မြှောင်ထံမှ ဖော်ပြပါ အစွမ်းနှင့် သက်ဆိုင်သည့် gene ကို မိမိ၏ gene တွင် modification လုပ်ပြီး လိုချင်သောစွမ်းအင် ကိုရရှိနိုင်မည်ဖြစ်သည်..။ သို့သော်ထိုနည်းပညာအား ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေသမဂ္ဂက ပိတ်ပင်ထားသည်...။အကြောင်းမှာ ထိုနည်းပညာဖြင့် အလွဲသုံးစားလုပ်ပြီး ဒုစရိုက်မှုများ ကျူးလွန်မည် စိုးသောကြောင့်ဖြစ်သည်...။  ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေသမဂ္ဂကပင် သိမ်းဆည်းထားသည်...။ ထို့ကြောင့်ဖော်ပြပါ နည်းပညာသည် ကမ္ဘာပေါ်တွင် မသိမသာ ငုတ်လျိုးသွားခဲ့ရသည်...။

P.S :    : ရောက်တတ်ရာရာ ပေါက်ကရတွေးလိုက်ခြင်းသက်သက်သာဖြစ်သည်.... ။ ဖြစ်နိုင်သည်မဖြစ်နိုင်သည်ကိုတော့ အာမမခံပါ..........။

3 comments:

မောင်ဘကြိုင် said...

ရှုးတိုးတိုးဟ အဲဒီနည်းပညာပေးစမ်းပါ ရှိသမျှအကောင်တွေမလောင်တွေအစွမ်းလိုချင်
လို့ ကြားလား တိုးတိုးတိတ်တိတ်ပေးနော်

ဇာဏီ said...

နာ့ကိုလည်း ဟို....ဆေးလေး လုံးလောက်အခု ပို့ထားလိုက်ပါလား
နာလည်း နည်းနည်းတော့လန့်မိသလိုပဲ ခီး...ဟီး

shwezinu said...

လေတံခွန်ရေ

စားပြီးရင်း စားချင်နေလို့ ဆေးတလုံးလောက် ပို့လိုက်စမ်းပါဗျာ
နောက်ပြီး အခုဖြစ်ပေါ်နေတဲ့ အရာတွေအားလုံး ဟာ အရင်တုံးက သိပ္ပံဝတ္ထု ထဲက ဟာတွေကြီး ပါဘဲဗျာ

http://shwezinu.blogspot.com

Post a Comment