ယနေ့သည်......

Tuesday, February 9, 2010

.

အလင်းနှစ် ၃၃

ဆောင်းညက ကျိုးတိုးကျဲတဲ


ဝိုးတိုးဝါးတားပဲ နှင်းတွေက


အဆုပ် လိုက် အခဲ လိုက်..........။


ရင်နှင့်ရင်း၍ ရလာပါသော


ကြွေလွင့် မြေခ ၀တ်မှုန်တစ်စက


စူးစူးရှရှ ထိကပါး ရိကပါး


အစားစား သောခံစားချက်များပျောက်ရှ.......။


ဝုန်းကနဲပြိုကျ...........


တစ်ခါတစ်ခါတော့လဲ ငှက်ဆိုတဲ့တေးသွား


ခပ်ရေးရေးလေး နှုတ်ခမ်းပါးပေါ်ဖြတ်ပြေး


အတွေးထဲမှာတင် နွေးသွားသေးတယ်......။


ညကတော့ညပါပဲ  လကတော့ မဲ့....


အလင်းဆိုတာတစ်စက်မရှိ မှောင်အတိနဲ့ဒီလမ်း


အချစ်ကိုထွန်းညှိ  ၀ိုးတ၀ါးအသိနဲ့ခါး


သွားလေရာမှာ ချစ်သူအရိပ်များ


ကြိုကြား ကြိုကြား လွမ်းတတ်သေး၏......။


အချစ်မဲ့သော အလင်းပျောက်လမ်း


ထိကရုန်းပင်ကိုပေးသော အနမ်းအား


တိုးတိုးတိတ်တိတ် လူခြေတိတ်ချိန်၌


သာသာယာယာ ရုတ်သိမ်း


၃၃ ကြိမ်မြောက် သော သေမင်းကိုငြင်းလိုက်သည်.................။



{လေတံခွန်}


စာကြွင်း   ။       ။   သူငယ်ချင်းတစ်ယောက်က ကဗျာရေးခိုင်းထားလို့ ခုမှပဲရေးပေးဖြစ်တယ်...။ သူရေးခိုင်းတာက လွန်ခဲ့တဲ့ ၂လ ကျော်လောက်ထဲက ရေးခိုင်းထားတာ....။ ခုမှပဲရေးဖြစ်တယ်....။

0 comments:

Post a Comment