ဖေဖော်ဝါရီ ၁၄
ငါ့အတွေးတွေ
ခပ်ဝေးဝေးမရောက်ခင်
တွေးမိဆွေးမိလွမ်းမိတာက
တမြန်နှစ်ကဆောင်းဦးပေါက်တဲ့
အလွမ်းတစ်ခုရဲက ဒိုင်ယာရီ.....။
စက္ကူပန်းတွေ
တဖြုတ်ဖြုတ်ကြွေ
ချစ်မေတ္တာတွေ
တိမ်မတောက်ခင်
ချောကလက်လေးတွေ
အရည်ပျော်.....
မင်းထားခဲ့တဲ့ ဒီဘ၀ကြီးမှာ
နေလို့မပျော် ငါသေတော့မယ်ထင်ပါရဲ့....။
ဒီတစ်နှစ်ရဲ့ ဖေဖော်ဝါရီ၁၄
အလွမ်းတွေကိုမီးပုံရှို့
အချစ်ရထားလေးစီးလို့
ပြန်ခဲ့ပါတော့ ရင်ခွင်ဟောင်းဆီ........။
ယနေ့သည်......
Monday, February 23, 2009
.
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment