အိပ်မက်နတ်ဆိုးရဲ့
စေညွှန်ရာအတိုင်း...
လမ်းလျှောက်ထွက်လာတဲ့တနေ့....
မမျှော်လင့်ပဲငါဟာ...
သူမရဲ့သားကောင် ဖြစ်ခဲ့တယ်.....။
သူမရဲ့မျက်ဝန်းနက်နက်
အကြည့်စူးစူးတစ်ချက်အောင်မှာ
နှလုံးသားတစ်ခု အသက်ပျောက်ခဲ့တယ်...။
နှုတ်သံချိုချို
မာယာပိုတဲ့ သူမရဲ့စကားလုံးတွေအောက်မှာ
ပရိယာရ်ကြွယ်တဲ့ ငါ့ရဲ့စိတ်တောင်
ထူးခတ်ခံခဲ့ရတယ်......။
နောက်တော့ငါဟာ...
မမျှော်လင့်ဘဲ သူမအပါး
ခစားရတဲ့ ကျေးကျွန်တစ်ယောက်
အလိုလျောက်ဖြစ်ခဲ့ရတယ်.....။
သခင်မအလိုကျ
စေသမျှကို မဖြစ်မရှိအောင်
ရိုးရိုးကုပ်ကုပ် တနုံ့နုံ့နဲ့
ဖြစ်ဖြစ်မြောက်မြောက် ငါလုပ်ခဲ့တယ်....။
အချိန်ကြာလာ တနေ့သောအခါ
သူမငါ့ကိုအနားပေးတယ်.....
ခြေမှာထိတ်ဆုံးခတ်၍ပေါ့......။
သူမဆင်သည့်အနှောင်အဖွဲ့တစ်စုံအား...
သံယောဇဉ်၏ရွှေခြေကျင်းအဖြစ်
မြတ်မြတ်နိုးနိုး ငါလက်ခံခဲ့တယ်...
ငါဟာ... သူမရဲ့ ညွှတ်ကွင်းတစ်စုံကို
ရွှေခြေကျင်းအဖြစ်ဆင်မြန်းခဲ့မိတယ်......။
ယနေ့သည်......
Wednesday, February 4, 2009
.
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment