ယနေ့သည်......
Thursday, June 11, 2009
.တွေးကြည့်ရင် အဝေးကြီးရောက်တဲ့မြန်မာစကား...။
ရေးသားသူ လေတံခွန် ရေးသားချိန် Thursday, June 11, 2009 အမျိုးအစား ရောက်တတ်ရာရာ
မြန်မာစကားဆိုတာ အရမ်းကျယ်ပြန့်ပါတယ်....။ တွေးနိုင်ရင် တွေးနိုင်သလို အဓိပ္ပါယ်တွေ အများကြီးထွက်နိုင်ပါတယ်...။ ဥပမာတွေပြောပြမယ်နော်....။ ရှေးလူကြီးတွေသုံးတာလေ...။ မိန်းကလေးတွေကို လှတယ်ဆိုရင်ပြောတာက “လုံးကြီးပေါက်လှ” တဲ့...။ ယောကျာ်းလေးတွေဆို “တောင့်တောင့်ဖြောင့်ဖြောင့်” တဲ့..။ ကဲ စဉ်းစားကြည့်ပါဦး...။ တွေးနိုင်ရင် တွေးနိုင်သလောက်အဝေးကြီးရောက်တယ်နော်....။ နောက်ရှိသေးတယ်....။ မိန်းကလေးတွေဆိုးရင် “မိုက်တွင်းနက်” တယ်တဲ့...။ ယောကျာ်းလေးတွေကျတော့ “မိုက်လုံးကြီးတယ်” တဲ့...။ စဉ်းစားကြည့်ရင်ကြောက်စရာကြီးနော်....။ ဟီးဟီး...။ မြန်မာစကားများ စဉ်းစားနိုင်ရင် စဉ်းစားနိုင်သလောက် အဝေးကြီးရောက်တယ်နော်.........။ ဒါကြောင့် မြန်မာစကားဆိုရင် သိပ်မတွေးမိပါစေနဲ့လို့ပြောချင်ပါတယ်....။ တွေးရင်းနဲ့လွဲသွားတာလေးတွေဖြစ်မှာဆိုးလို့ပါ............။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment