ယနေ့သည်......

Wednesday, June 17, 2009

.

ဒဏ္ဍာရီထဲကျကျန်ခဲ့တဲ့ လွမ်းဆွတ်ခြင်း

ချစ်ခြင်းရဲ့ ဘာသာဗေဒကို
နားလည်ဖို့ဆိုတာကို
ကျွန်တော်မစွမ်းနိုင်ခဲ့ပါဘူး.......။
သူမရဲ့ကောင်းကင်ပြာပြာတွေက
ကျွန်တော့်ရဲ့တိမ်တိုက်ညိုညိုတွေအဖြစ်
ပြိုပြိုကျလာတဲ့အခါ............
ချစ်ခြင်းရဲ့ဘာသာဗေဒက
အလွမ်းဆိုတာဖြစ်လာတယ်........။
လွမ်းဆွတ်ခြင်းရဲ့ ဒဿနဟာ
အဖြေရှာမရတဲ့အခါ..........
ရူးသွပ်ခြင်းလို့သာ
မျက်စိမှိတ်လို့
ကျွန်တော်ဘာသာပြန်ခဲ့ဖူးတယ်....။
ရူးသွပ်ခြင်းကြောင့်
လွမ်းဆွတ်တာမဟုတ်ဘူးလို့ယူဆလာတဲ့အခါ
လွမ်းဆွတ်ခြင်းကြောင့် ရူးသွပ်သွားတဲ့အခါ.....
ရှုံးနိမ့်ခြင်းဟာ
ဒဏ္ဍာရီထဲမှာကျကျန်ခဲ့တယ်...........။

0 comments:

Post a Comment