ပြိုနေတဲ့တိမ်
ဘာမှန်းတော့မသိ
ပိုးစိုးပက်စက်ကို
ငါလွမ်းနေမိတယ်.....။
ဟိုတစ်နေ့ကမိုးတိမ်တွေ
ရင်မှာလာပြီးစွေရွာနေတယ်......
တိမ်တွေကလဲ ပြိုပြိုနိုင်လွန်းတယ်....။
နှလုံးသားကအချစ်တွေနဲ့ပြည့်နေပြီပဲလေ...
မိုးရာသီမှာ မိုးမရွာပဲ ငါ့ရင်မှာတော့
ကမ္ဘာတွေခနခန ပြိုပြိုနေတယ်.........။
သူထားခဲ့တော့ ငါ့မှာလွမ်း....လွမ်း.....လွမ်းရင်း.....
ကြာတော့လဲငါ့မှာနွမ်း.... နွမ်း...... နွမ်းလှပါပြီ......။
ငါတို့ရဲ့ထပ်တူပြု နှလုံးသားတွေ
ဘာကြောင့်များ အရောင်ပြောင်းခဲ့ကြရတာလဲ.......
ချစ်ခြင်းမှ ရုန်းပြီး ပြုံးခြင်းမှ မုန်းခြင်းသို့ ရောက်ခဲ့ပြီလေ.....။
ဘာပဲဖြစ်ဖြစ် တိုက်ဆိုင်မှုတွေ
ရှိလာလေတိုင်း ရင်မှာခပ်နွမ်းနွမ်းနဲ့
လွမ်းနေရပါသေးတယ် ညီမငယ်.......။
{လေတံခွန်}

0 comments:
Post a Comment