ခုတလောကျွန်တော် အွန်လိုင်းပေါ်မတတ်ဖြစ်တာကြာပြီ.....။ တစ်ပါတ်လောက်တော့ရှိမယ်ထင်တယ်...။ အရင်ကဆို တစ်ပါတ်မပြောနဲ့ တစ်ရက်တောင် အွန်လိုင်းမတတ်ပဲမနေနိုင်ဘူး.......။ ခုရက်ပိုင်း အွန်လိုင်း မတတ်ဖြစ်တာက စာမေးပွဲဖြေနေရလို့ပါ....။ ဒါကလူကြားကောင်းအောင်ပြောတဲ့ အကြောင်းပြချက်ပါ...။ တကယ်က ပိုက်ဆံပြတ်နေတာပါ...။ နောက်ပြီးခုရက်ပိုင်း ကံမကောင်းဘူးပဲပြောရမလားဗျာ...။ စာမေးပွဲဖြေ ရတယ်...။ စာမေးပွဲအတွက် စာကျက်တယ်...။ အရင်ကထက်စာရင်ပေါ့...။ ဒါပေမယ့် စာမေးပွဲခန်းထဲ ရောက်ရင် အကုန်မေ့ကုန်တယ်...။ နောက်စပေါ့ရလို့ဆိုပြီးစပေါ့ကျက်တယ်...။ အရင်ကဆိုစပေါ့ထွက်ရင် လုံးဝမလွဲဘူးဆိုပဲ..။ ကျွန်တော် ကျက်တဲ့အခါမှ စပေါ့ကလုံးဝလွဲနေတယ်...။ ကံမကောင်းပုံများ မပြောချင်ပါဘူး..။ ကျွန်တော့် memory stick လေးလဲပျောက်သွားတယ်...။ အဲ့ထဲမှာ ကျွန်တော်ကြိုက်တဲ့ ပုံလေးတွေလဲပါတယ်...။ ကျွန်တော့်ဓါတ်ပုံတွေရော အခြားpersonal ကိစ္စတွေပါ နဲနဲပါတယ်...။ အဲ့ဒါပျောက်သွားတယ်...။ နောက်ပြီး ကျန်းမာရေးကလဲမကောင်းချင်ဘူး.........။ ညနေဆို ခေါင်းကိုက်တယ်..။ ဆရာဝန်ပြောတာတော့ tension headache ဆိုလားပဲ...။ စိတ်ဖိစီးမှုများလို့တဲ့...။ ဘာတွေဖိစီးနေလဲတော့ မသိဘူး...။ ညနေကျရင်တော့ ခေါင်းကိုက်တာအမှန်ပဲ...။ မနေ့က စာမေးပွဲပြီးသွားတယ်..။ မဖြေနိုင်ဘူး...။ ကျမှာကတော့သေချာတယ်..။ စာမေးပွဲကလဲ ဖြေတိုင်းမအောင်ဘူး.....။ ဒုတိယနှစ်တောင် ကျော်နိုင်ပါ့မလားပဲ..။ ကိုယ့် အကြောင်းကိုယ်စဉ်းစားမိရင် ရင်လေးတယ်....။ စာမေးပွဲ ဖြေပြီးတော့ ညနေဘက် မကွေးက နွားနို့ခြံကို သူငယ်ချင်းတွေက သွားမယ်ဆိုလို့ သွားလိုက်သေးတယ်...။ ပြန်လာတော့ တစ်ကိုယ်လုံး ကိုက်ခဲနေတယ်...။ မနေ့ကမှ သိလိုက်ရတာ.... ကျွန်တော့် stick က ဆိုင်မှာကျန်ခဲ့တာတဲ့... ။ ဆိုင်ကလူတွေ ဖွင့်ကြည့်လိုက်သေးလားတော့မသိဘူး...။ ဒီနေ့ပြန်ရမယ်လို့ပြောတယ်...။ ခုထိတော့မရသေးဘူး......။ သေချာတာကတော့ ခုရက်ပိုင်းကံမကောင်းမှုတွေ ပဲများနေတယ်...။ အိမ်လဲပြန်ချင်တယ်...။ ပိုက်ဆံမရှိလို့ မပြန်ရဘူး......။ နောက်ပြီး နာမည်ကြီးထမင်းငတ်ဘ၀ရောက်နေတယ်...။ တကယ်က လက်ရှိရည်းစား(အပြင်မှာ) တစ်ယောက်မှ မရှိဘူး...။ အဲ့ဒါကို တွေ့တဲ့လူတိုင်းက ကျွန်တော့် ကိုရည်းစားရနေပြီ မဟုတ်လားတဲ့...။ မေးမှမေးရက်တယ်...။တကယ်က ကျွန်တော် ခုချိန်ထိ ရည်းစား(အပြင်မှာ) မထားဖူးသေးဘူးနော်...(ကြေညာတာ)...။ ကဲ...ကဲ...... လက်တလောမှာတော့ ကျွန်တော်ဆိုတာ အဲ့လိုဖြစ် နေတယ်...။
{လေတံခွန်}
0 comments:
Post a Comment