ဘယ်ဘက်ကိုသွားမည်ဟု
ပန်းစကားတစ်ခု ကြွေကြလာပြီးနောက်
ညာဘက်သို့ အနမ်းများရွေ့လျားသွားကြသည်.........။
အနမ်းများဟုမှန်းဆခဲ့သော်လည်း
အကြမ်းအရမ်းများနှင့်ပြည့်နှက်နေခဲ့သည်........။
မလွမ်းများဟုခေါင်းစဉ်တပ်သော်လည်း
အနှစ်မပါ အကာသာဖုံးထားသော ဘဲဥတစ်လုံးဖြစ်ခဲ့သည်......။
ချစ်လားဟူသည့် စကားတွေကြား
နှလုံးသားသေဆုံးဖူးသည်.....။
အမုန်းများဟု ယူဆရသည့် စကားများကြား
နှလုံးသားဗျာများခဲ့ရဖူးသည်.........။
မာယာဆိုတာသေချာမှန်းသိသလောက်
မစဉ်းစားဟုစဉ်းစားမိသော ထိုစကားများကြောင့်
ဖော်ပြပါများသည် လှည့်စားမှု များဖြစ်ကြသည်.......။
{လေတံခွန်}

0 comments:
Post a Comment