သတိရမှုတို့ တိုက်ခတ်သွားသောအခါ
ကော်ဖီတွေပြိုလဲ
ပန်းပွင့်တွေကြေကွဲ
နှင်းဆီတွေမဲသွားတဲ့အခါ
မျက်ဝန်းမှပြာလဲ့လဲ့များအား
လွမ်းခြင်းဟု ခေါင်းစဉ်တပ်ခွင့်ပြုလိုက်ပါ.........။
တိုက်ဆိုင်မှုတွေရှိလာသောအခါ
မျက်မှန်တစ်စုံအောက်မှ
မျက်စိတစ်တွဲက
လွဲဖယ်ရှောင်ကွင်းသွားသောအခါ
ပွင့်သောပန်းအား အမည်တပ်လျှင်
ဥပေက္ခာဟု မှတ်ထားစေလိုသည်............။
မျက်လွှာချလို့ အိနြေ္ဒလုပ်
ရင်ခုန်ခြင်းကိုကာကွယ်
ကိုယ့်မာနနဲ့ကိုယ်နေရင်တောင်
အဲ့သည့်လမ်းကချစ်ခြင်းထက်
ခါးသက်သက်အလွမ်းတစ်ခွက်လဲပါပါရဲ့...........။
ချစ်ခြင်းကိုအလွမ်းတစ်စင်းနဲ့
ပေါင်းစုံစေလိုက်တဲ့အခါ
ဧရာဝတီမှာရေတွေခန်းသွားခဲ့တယ်............
ကလေးမက ဥပေက္ခာတွေ
ကမ္ဘာမပြိုသေးသရွေ့ပေါ့.............။
{လေတံခွန်}
ကော်ဖီတွေပြိုလဲ
ပန်းပွင့်တွေကြေကွဲ
နှင်းဆီတွေမဲသွားတဲ့အခါ
မျက်ဝန်းမှပြာလဲ့လဲ့များအား
လွမ်းခြင်းဟု ခေါင်းစဉ်တပ်ခွင့်ပြုလိုက်ပါ.........။
တိုက်ဆိုင်မှုတွေရှိလာသောအခါ
မျက်မှန်တစ်စုံအောက်မှ
မျက်စိတစ်တွဲက
လွဲဖယ်ရှောင်ကွင်းသွားသောအခါ
ပွင့်သောပန်းအား အမည်တပ်လျှင်
ဥပေက္ခာဟု မှတ်ထားစေလိုသည်............။
မျက်လွှာချလို့ အိနြေ္ဒလုပ်
ရင်ခုန်ခြင်းကိုကာကွယ်
ကိုယ့်မာနနဲ့ကိုယ်နေရင်တောင်
အဲ့သည့်လမ်းကချစ်ခြင်းထက်
ခါးသက်သက်အလွမ်းတစ်ခွက်လဲပါပါရဲ့...........။
ချစ်ခြင်းကိုအလွမ်းတစ်စင်းနဲ့
ပေါင်းစုံစေလိုက်တဲ့အခါ
ဧရာဝတီမှာရေတွေခန်းသွားခဲ့တယ်............
ကလေးမက ဥပေက္ခာတွေ
ကမ္ဘာမပြိုသေးသရွေ့ပေါ့.............။
{လေတံခွန်}
3 comments:
Good,Man...
I am so impressed....
ကောင်းလိုက်တဲ့ ကဗျာ...
Cbox မရှိလို့ ဒီမှာ လာရေးတာ။ ကဗျာကောင်းလေးတွေ နောက်မှ လာဖတ်မယ်
အားကြီးကောင်းတယ်နော်..ဆိုဒ်လေးလည်းလှတယ်..ကဗျာလေးတွေကလည်းဂွတ်တယ်..နောက်လည်းလာအားပေးမယ်..
Post a Comment