ယနေ့သည်......

Tuesday, October 20, 2009

.

မျှော်လင့်ချက်တွေ ပြောင်းပြန်ပြိုတဲ့အခါ

ကလေးမရေ...


နှလုံးသားတစ်ခုရဲ့


ပျိုးကျဲမှုက နှလုံးသားတစ်ခုကို


အရိုးထဲစွဲသွားစေတာမှ မဟုတ်တာကွယ်.........။


တစ်ဖတ်ထဲကပဲ သတ်သတ်မှတ်မှတ် ချစ်ခဲ့ရတဲ့


တစ်ဖတ်သတ် အချစ်က


ရောင်ပြန်တစ်ချပ် အလင်းဟပ်ရင်ပဲ


ကျေနပ်မိမယ်ထင်ပါရဲ့ကွယ်.......။


ကလေးမရေ..........


အစတိုင်းမှာ အဆုံးရှိခဲ့ရင်


မင်းရဲ့ ပထမတိုင်းဟာ


ငါ့အတွက် နောက်ဆုံးဖြစ်စေချင်ပါသေးရဲ့.............။


ချစ်ခြင်းကို ကျောက်ဖျာလို


ကျောခင်းကြည့်ပါကွယ်............


မဟူရာညတွေမှာ မတူတာက


ငါတို့ကြားကညီမျှခြင်းနဲ့ ခြားနားသွားပါလိမ့်မယ်......။


အလျားအနံမဲ့ အသွားအပြန်နဲ့


နှလုံးသားတစ်ခုကို ပျိုးကျဲကြည့်ပါကွယ်.......


ချစ်ခြင်းအတွက်အမှားတစ်ရံက


အမှန်တရားတွေဖြစ်လာတဲ့အခါ


ကလေးမလေးကို စူစူးနစ်နစ်လွမ်းမိပြန်ရဲ့...


အချစ်တစ်ခုကိုအထူးတလည်ချန်


ရူးမိတစ်ဖန် အတိတ်ကိုလဲ မေ့မိပြန်ရဲ့...


မျှော်လင့်ချက်တွေပြောင်းပြန်ပြိုတဲ့အခါ


အနမ်းတွေလဲ မိုးမိပြန်ရဲ့.....


ဒီလိုနဲ့ပဲ တစ်သက်စာအတွက်


ချစ်လို့ကျန်ခဲ့......။


{လေတံခွန်}

1 comments:

နန်းလေပြေနု said...

အစတိုင်းမှာ အဆုံးရှိခဲ့ရင်

မင်းရဲ့ ပထမတိုင်းဟာ

ငါ့အတွက် နောက်ဆုံးဖြစ်စေချင်ပါသေးရဲ့………….။

လေတံခွန်ရေ... ဆန္ဒတွေ ပြည့်ပါစေ...

Post a Comment