တွေ့ဆုံကြုံကွဲ ဓမ္မတာတွေထဲမှာ
ပန်းပွင့်တွေလဲ ကြွေနေကြဆဲ
ခွဲခွာခြင်းတွေမရှိသေးသရွေ့
လွမ်းခြင်းကို စာမဖွဲ့ခဲ့...........။
တကယ်တမ်းပန်းကလေးကို
နမ်းရှိုက်မိတဲ့အခါမှ
မနက်ဖြန်တိုင်းအတွက်
အချစ်ဆိုတာ မိန်းမူးစေမှန်းသိခဲ့.......။
လေးလေးနက်နက်အချစ်အတွက်
အသက်စွန့်ခဲ့တဲ့ ရိုမီယိုလို
ဒုတိယလူသား ပန်းလေးအနားမှာ
ဆူးစူးရင်း ရူးနေခဲ့.............။
ဘယ်သူမှမသိ အနားမှာအဖော်ပြုသူ
အလျဉ်းမရှိ အသွားအပြန်တစ်ခုအတွက်
အချစ်တစ်ခုကိုမီးညှိ မနက်ဖြန်အတွက်
ရောင်နီကိုဆောင် အမှောင်တို့အားလင်းစေခဲ့..........။
စကားလုံးတွေထမ်းပိုး
အချစ်သက်သက်နဲ့ပန်းပျိုး
အနာဂါတ်တွေထဲ လမ်းချိုးခဲ့..........။
နောက်ဆုံး အချစ်တစ်ခုအောက် ဒူးထောက်
ဆိုင်သူမကင်းတဲ့ မင်းရဲ့အလင်းတွေက
ငါ့အတွက် မဟုတ်ခဲ့ဘူး..............။
{လေတံခွန်}
0 comments:
Post a Comment