ကမ္ဘာအမှတ်(၁၃)
ထွေပြားေ၀၀ါး အာရုံမှားနေ
စူးစူးအက်အက် ပေါက်ကွဲ
အနှစ်မဲ့အကာ အချစ်မဲ့ကမ္ဘာ
ရသာမဲ့ သစ်သီး..............။
ဓါးထက်ထက်နှင့် ထွင်း
အမှားမှားအယွင်းယွင်းနဲ့ထွင်း
အမှားတွေထွင်းရင်း
အသားတွေကိုနုတ်နုတ်စဉ်းပစ်
ခါးခါးသက်သက် ဘယ်နားကအသက်ထွက်မလဲ
တွေးရခက်တယ်.............။
အတုနဲ့အတုနဲ့ပြိုင်ရင်း
အစစ်ကရှုံးသွားတယ်.....
မြို့ပြရဲ့ညတွေ မိုးစိုခြင်း
ထီးတစ်ချောင်းတောင်မပိုင်ဆိုင်နိုင်တော့
မနက်ဖြန်ဆိုတာတွေက ဖျားနာ
နှာစီးချောင်းဆိုး သတင်းအဆိုးတွေက
တဖွဲဖွဲကျဆင်း.............
အနာဂါတ်တွေမလင်းတော့ဘူး........။
လျှပ်စစ်မီးတွေအရမ်းလင်းတော့
အရင်လမ်းတွေ က အလင်းထဲမှာလင်းရင်း
အချင်းချင်း အမှုမဲ့အမှတ်မဲ့
သတိရဖို့မေ့ပျောက်ခဲ့ကြတယ်.......။
{လေတံခွန်}
ယနေ့သည်......
Sunday, December 6, 2009
.
Subscribe to:
Post Comments (Atom)
1 comments:
သိပ်ကောင်းတယ်ကောင်လေး ရင်တွင်းဖြစ်တွေကြိုက်တယ်
Post a Comment