(၁)
အချစ်ဆိုတာ
စိတ်ဖြင့်ခံစားသောအရာ
(၁း၁)
စိတ်ကူးတွေ အရိပ်ဖြစ်
မနေ့က အိပ်မက်မက် ခဲ့တယ်
(၂)
ချစ်မိလို့ အပြစ်ဖြစ်
အမှားမှား အယွင်းယွင်းနဲ့ ဝေးလို့ကျန်ရစ်
(၂း၁)
ပန်းစကား နဲ့ အနမ်းများ
အနေဝေးတဲ့ အနားသတ်ရဲ့ အခြားဝါးတားတားပါပဲ
(၂း၂)
နှစ်ဦးသဘောတူ အားယူလို့ ပြောခဲ့သည်
သေတပန်သက်တစ်ဆုံး သိပ်ချစ်လို့ ဘယ်အခါမမုန်း
(၃း၁)
အနားမှာပဲနေ ဘယ်တော့မှခွဲမသွားနဲ့လေ ကတိတွေထား
ပြောခဲ့တဲ့စကား အခြားအခြားနဲ့ လဲမရ တကယ်ဆို ကြယ်တွေလန်းတဲ့ည
(၃း၂)
ရာသီတွေပြောင်း ငါ့ကိုလဲ ဟောင်းပြီထင်တဲ့အခါ နှလုံးသားတွေအရောင်ပြောင်း ငါ့ကိုမုန်းတော့မလား
အတွေးစကား ခပ်ပါးပါးပဲ အလွမ်းခါးခါးတွေ စားရဦးမယ်
(၃း၃)
သွား.............ပြီ
သွား......ပြီ
သွားပြီ
သွားပြီ
သွားပြီ
သွားပြီ
သွားပြီ
သွားပြီ
သွားပြီ
(၄)
ဘာတွေပဲပြောပြော အမှားအယွင်းပေါင်းများစွာ အခြားကမ္ဘာတိုင် ငါ့အသွေးနဲ့ငါ့အသက် မင်းအတွက်လို့ရည်ရွယ် ဒီလိုနဲ့ရှေ့ဆက် ငါ့ကိုယ်ငါပဲ ပေးဆပ်ပါ့မယ်.........................................။
6 comments:
စာသားလည်းကောင်းတယ်..
ပုံစံလေးလည်းမိုက်တယ်..
ဘေလိုလုပ်ရေးတာလဲ..
တော်တယ်..
သွားပြီ သွားပြီကွာ ခံစားရတယ်
ဒီဇိုင်းလေးနဲ့ ကဗျာခံစားချက်လှတယ် နော်
သွားရင် ပြန်ခေါ်ထားလေး-)
ခရစ္စမတ်သစ်ပင်ပေါ့ တော်တော်အချိန်ယူလိုက်ရမှာပဲ ရေးထားတာ
တင်ပြပုံ ဆန်းသစ်ပါတယ် ဗျို့ ... :D
Post a Comment