ကျွန်တော် ဘယ်သူနှင့်မျှ ဘက်(ဖက်)ပြိုင်လို့ မရအောင် ဘိုင်ပြတ်နေပါတယ်.............။
ကျွန်တော်စည်းကမ်းမရှိ၍ Memory Stick ပျောက်သွားပါသည်......။ ထို့အတွက် ယနေ့၏ တစ်ရက်အလွန်က ကျွန်တော် တစ်ညလုံး ကိုရီးယား ဇာတ်ကားတစ်ခုအား အဆုံးတိုင်ပြီးအောင် ညလုံးပေါက်ကြည့်ခဲ့ပါသည်.....။ သို့သော် မနေ့ကမှ ကြည့်၍ ပြီးသွားပါသည်.........။ ဇာတ်ကားထဲတွင် မင်းသားခံစားရသောအခါ ကျွန်တော်သည် မင်းသားဖြစ်၍ သူမသည် မင်းသမီး ဖြစ်သည်....။ မင်းသမီးခံစားရသောအခါ ကျွန်တော်သည် မင်းသမီးဖြစ်၍ သူမသည် မင်းသားဖြစ်သည်....။ အကြောင်းမှာ ကျွန်တော့်ကြောင့် သူမ ကိုမခံစားစေလို၍ ဖြစ်သည်.....။
လွန်ခဲ့သောရက်သတ္တပါတ်က ရုပ်ရှင်တစ်ခု ကြည့်မိသည်...။ ဘီသွေး ချစ်သူ ဟုအမည်ရသည်...။ ထိုဇာတ်ကားကြည့်မိသောအခါမှ ဘီသွေးပိုင်ရှင်များသည်အတ္တကြီးသည်ဟု ထင်မိသည်...။ သို့ပေမယ့် ကျွန်တော်သည် ဘီသွေးပိုင်ရှင်ဖြစ်သည်....။ အတ္တတော့မကြီးပါ.....။ တဆက်တည်း ဘီသွေး ပိုင်ရှင်တွေအကြောင်း(ကိုယ့်ကိုယ်ကို ထင်မြင်မိသမျှ) ပြောကြည့်ပါမည်.....။ အတိအကျ မှန်ချင်မှန်မည်.....။ မှားသောအခါလဲမှားပေမည်....။ အကြောင်းမှာ ကျွန်တော်သည် ပညာရှင် မဟုတ်၍ ဖြစ်သည်......။ သင်၏ ပါတ်ဝန်းကျင်တွင် လူအတော်များများနှင့်လိုက်လျော ညီထွေရှိ ပြီး စကားပြောကောင်းသူတချို့တ၀က်ရှိပေလိမ့်မည်.....။ ထိုသူတို့၏ သွေးအုပ်စုကို မေးကြည့်ပါ...။ များသောအားဖြင့် ဘီသွေးအုပ်စုစြဖ်ကြပေလိမ့်မည်.....။ ဟာသများပြော တတ်သော လူအချို့၏ သွေးအုပ်စုမှာလဲ များသောအားဖြင့် ဘီသွေး အုပ်စုပင်ဖြစ်လောက်သည်။ သူတစ်ပါးပြောသောစကားများကို မညည်းမညူပဲ တိတ်တိတ်ဆိတ်ဆိတ် နားထောင်ပေးတတ်သူ အား ဘီသွေးပိုင်ရှင်ဖြစ်ကြောင်း ပြောနိုင်ရန် ၇၅% သေချားသည်......။ အချစ်ဟူသောအရာကို အလေးအနက်ထားတတ်ပြီး စိတ်ကူးယဉ်ဆန်ဆန်လုပ်တတ်သူသည်လဲ ဘီသွေးသမားများသာ ဖြစ် လေ့ရှိသည်.........။ ဤသည်တို့မှာ လေတံခွန်၏ ဘီသွေးပိုင်ရှင် သုတေသနဖြစ်သည်....။ (မမှန်ကန်နိုင်ပါ..... အကြောင်းမှာ ပညာရှင်မဟုတ်သလို အတိအကျလေ့လာထားခြင်းမဟုတ်၍ ဖြစ်သည်......။)
ဒီရက်ပိုင်းအတွင်းတွေးမိတာတော်တော်များတယ်....။ ကျောင်းပြန်ဖွင့်တော့မယ်...။ အွန်လိုင်း သိပ်တတ်ဖြစ်တော့မယ်မထင်တော့ပါ....။ ငှက်ကြီးတောင်ငထူး ဆိုသော ဇာတ်ကောင်နှင့် ၀တ္ထုရေးရန်ရှိသည်.....။ ဇာတ်လမ်းစဉ်းစားထားသည်မှာ ၂မျိုးရှိသည်.....။ စုံထောက်ပုံစံနှင့် ဟာသပုံစံ ဘယ်ပုံစံနှင့်ရေးရမည်ကို စဉ်းစားနေသည်....။ နောက်ဆုံးထွက်လာလျှင်တော့ ပေါက်တတ်ကရသာဖြစ်လာမည်........။
အချစ်ဆိုသော အရာသည် မီးတောက်တစ်ခုဖြစ်လျှင် ကျွန်တော့်ရင်ကိုဖောက်၍ သူမကိုထွက်သွား ခိုင်းမိပေလိမ့်မည်........။ စိတ်ဖောက်၍ ပေါက်တတ်ကရရေးသည်....။ တောင်စဉ်အလိုက် ရေမရသောအခါ ကျွန်တော့်များကဗျာပျောက်ဆုံးသွားကာ ကမ္ဘာအမှတ်က ၁၃ ဖြစ်၍ လူတွေ တစ်ဦးနှင့်တစ်ဦး မမုန်းရန် အကြောင်းပြုလို့ တိုက်တွန်းမိသည်.....။ ယခုနှစ်မှားတွင် သဘာဝဘေးအန္တရယ်ခံစားရမှုတွင် မြန်မာနိုင်ငံသည် ဒုတိယအများဆုံးနေရာမှ ပါဝင်နေသည်ဟု သိရသည်......။ သို့ဖြစ်ပါ၍ အဆုံးသတ်အနေဖြင့် သစ်ပင်ပန်းပင် များများစိုက် ရန် အကြံပြုလိုသည်........။ သစ်ပင်စိုက်ခြင်းဖြင့် သဘာဝပါတ်ဝန်းကျင် စိမ်းလန်းစိုပြည်၍ လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်မည်..။ လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ပါဝင်မှု နှုန်းကိုလျော့ချနိုင်မည်ဖြစ်သည်.....။ ကမ္ဘာကြီး ပူနွေးလာမှုကိုလဲ တစ်ဖက်တစ်လမ်းမှ ကာကွယ် နိုင်မည်ဖြစ်သည်..။ ထို့ကြောင့် နွယ်မြတ်သစ်ပင်များ စိုက်ပျိုးစေလိုသည်....။ နွယ်မြတ်သစ်ပင် ဆေးဘက်ဝင်၏ ဆိုသော စကားလဲရှိပေသေးသည် မဟုတ်ပါလား.......။ သို့ဖြစ်၍ သစ်ပင်စိုက်ခြင်းဖြင့် ကမ္ဘာကြီးအားကယ်တင်ပါဟုဆိုရင်း ကျွန်တော်၏ တောင်စဉ်ရေမရများ အား အဆုံးသတ်လိုက်ပါသည်..........။
{လေတံခွန်}
7 comments:
တောင်စဉ်ရေမရများကို တကူးတက လာဖတ်သွားတယ်
ငှက်ကြီးတောင် ငထူးကို မျှော်နေပါ့မယ်
စာလဲကြိုးစားဟ
း)
ဖတ်လက်ဆနဲ့ အသစ်တက်တာ တွေ့လို့ ဖတ်သွားတယ်။ တောင်စဉ်ရေမရများစွာအား
း)
တောင်စဉ်ရေမရများ... ကိုလာဖတ်သွားပါ၏။ ဘီသွေးနဲ့ ပတ်သက်တာ တော်တော်များများ ကိုထောက်ခံပါတယ်။ နောက်ပြီး အပင်စိုက်ဖို့လို့ဆိုထားတာတွေ့လို့။ နောက်တစ်ခု ကြားဖူးတာလေး မျှပါရစေ။ မြက်တွေကို မီးမရှို့ပါနဲ့တဲ့။ ဘာလို့လဲ ဆိုတော့ မြက်ပင်လိုအပင်သေးတွေဟာ ရှင်သန်စဉ်ကာလမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးတဲ့အပင်တွေရဲ့ ၈၀% ရှိတယ်တဲ့။ ဒါပေမယ့်မြက်ကို မီးရှို့လိုက်ရင် သူစုပ်ယူထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေရဲ့ ၃ ဆကို ပြန်ထုတ်ပေးတတ်တယ်တဲ့။ ဒါကြောင့်မြက်တွေကို မြေဆွေးဖြစ်အောင်လုပ် တဲ့နည်းကိုပဲ သုံးသင့်ပြီး။ မီးမရှို့သင့်ဘူးတဲ့။ ကြားဖူးတာလေး မျှတာပါ။ အမှားပါရင် ခွင့်လွတ်နော်။း)
ကောင်းတယ် ရောက်တတ်ရာရာတွေရေး
ရောက်တတ်ရာရာတွေရေးပြီး ရောက်တတ်တတ်ရာရာတွေပဲ
ငါတို့တွေ ရောက်တတ်ရာရာတွေပဲပြောနေကြရင် ပျော်ဖို့ကောင်းတယ်
လင့်လည်းယူသွားတယ် ချိတ်ထားမလို့ 
ကိုကြီးလေတံခွန်
ညီလေး သေချာလာသွားတယ်
ဖတ်သွားတယ်
မှတ်သွားတယ်သိလား
မှန်၏
စိတ်ကူးတစ်ခုရ၍ စိတ်ဖောက်သော အချိန်တွင် စာရေးပါသည်.... :P
Post a Comment