ဟိုနေရာကလာဖိတယ်
ဒီနေရာကလာဖိတယ်လို့
တပ်အပ်မပြောနိုင်ပေမယ့်
ရင်ထဲမှာတော့ တော်တော်မွန်းနေပြီ......။
ပန်းမပွင့်တဲ့သစ်ပင်
အသုံးမကျတဲ့ သစ်ပင်
ဒီလိုပြောမရအောင်ကို
ငါ့အတွက်ဖြေရှင်ချက် လေးပေးချင်တယ်.....။
တကယ်တော့နေမခလို့ပါ....။
မေးခွန်းတစ်ခုဖြေဖို့
အဖြေမရှိသူတစ်ယောက်စီတိုင်းရဲ့
စိတ်ခံစားချက် မွန်းကျပ်မှုတို့ဖြစ်စေတဲ့
ဖိအားတွေကို ကမ္ဘာကြီးသာ ခံစားရရင်
လုံးနေတဲ့သူတောင် ပြားသွားလောက်ရဲ့.........။
ဖိအားတွေများလာတဲ့လူတစ်ယောက်အတွက်
ရူပဗေဒကဖိအားသီအိုရီတွေ ဥပဒေဿ တွေ
မမှန်တော့တဲ့နောက်................
ဖိအားတွေကြောင့်ပေါက်ကွဲသွားတဲ့
စိတ်ခံစားချက်တစ်စုံက ထွက်ကျလာတာ
ဘာမှန်းမသိတဲ့
နာလည်ရခက်သော
ဝေဒနာဆန်ဆန်
အတွေးတွေ.............။
{လေတံခွန်}
လွန်ခဲ့သော ဘယ်နှသက္ကရာဇ်က ရေးခဲ့မှန်းမသိသော ကဗျာလေးပါ.........။ အဲ့တုန်းကတော့ တော်တော် စိတ်လေ နေပုံရတယ်...။ အသစ်ရေးမရလို့ ဆားချက်လိုက်တာ....။
4 comments:
ဖိအားတွေများနေရင် အနားယူမယ်ကွာ လာခဲ့လေ..ဟီး
ကဗျာလေး မိုက်၏ ညီတော်လေးက ဆြာဖြစ်နေပါဘီ
ဖိအား........... အင်း..... ထွက်ပေါက်မရှိတဲ့ အခါ ဒီလိုပါပဲ။ ကောင်းလေစွပေါ့။ ကြိုက်တယ် ... အိုင်ဒီယာလေးကို...။
တော်သေးတယ်
ကျတော့်မှာလည်း
ဟိုကောင်မလေးကလာဖိ
ဒီကောင်မလေးကလာဖိ
မွန်းကြပ်နေတဲ့ ညနေခင်းတွေ
များနေပြီဗျာ-----။
(ဖိအားပေးတာပြောတာနော်)
ကောင်းတယ်ဟ
အဓိပါယ်ရှိတယ်း)
Post a Comment