ယနေ့သည်......

Wednesday, December 30, 2009

.

ငယ်သူငယ်ချင်း

ဒီနေ့ က 2009 ခုနှစ်ရဲ့နောက်ဆုံးရက် ၃၁ ရက်နေ့ ဆိုတော့ 2009 ခုနှစ်ကိုနှုတ်ဆတ်သော အားဖြင့် ကျွန်တော်အရမ်း ရေးချင်နေတဲ့ ဟိုက္ကူကဗျာပုံစံလေးရေးပြီး 2009 ခုနှစ်ကို နှုတ်ဆက်လိုက်ပါတယ်...........။


ဒီလိုအမှောင်ည


စမ်းတ၀ါးဝါးလမ်းသွားရင်း


အမှားများခဲ့တယ်.....။



ဒါကိုမှဒုက္ခ


မှန်းဆကြည့်ကြရင်းငါတို့


အဆုံးထိသွားတယ်....။



တစ်နေ့မှာကြုံကြ


နောက်ကျတော့ ငါတို့ ခွဲခွာ


အလွမ်းများစွာဖြင့်.....။



ဒါကသူငယ်ချင်း


ဖေးမ ကူညီ ပံ့ပိုးရင်း


လမ်းရှင်းပေးလိမ့်မယ်....။



အမြဲတမ်း တမ်းတ


မှန်းဆ သတိရ ဆဲပါ


ငယ်က သူငယ်ချင်း......။



{လေတံခွန်}


ရေးတာကတော့ ဟိုက္ကူပုံစံပဲ...။ သေချာသဘောမပေါက် နားမလည်သေးလို့ တတ်သလောက်မှတ်သလောက်(ဟိုက္ကူ၏ပုံစံ= ၅း၇း၅) နဲ့ရေးလိုက်တာပါ.......။ အမှားများရှိလျှင်လဲ ပြင်ဆင်ပေးကြပါဦးဗျာ.....။


ဖြည့်စွက်းး ကိုတိုးပြောတာလေးပြင်လိုက်ပြီဗျ......။ အမြဲတမ်း တမ်းတ မှာ ကျွန်တော့်ရဲ့ ချို့ယွင်းချက်ကြောင့် တမ်း တစ်ခုကျန်ခဲ့တာပါ.......။


2 comments:

ကိုတိုးကြီး said...

ဒီလိုအမှောင်ည
စမ်းတ၀ါးဝါးနဲ့ လမ်းလျှောက်ရင်း
အမှားများနဲ့ တွေ့ ။
အမှားများများတွေ့ 
သင်ခန်းစာတွေ ယူရင်းနဲ့ 
အမှန်ကိုတွေ့ လိမ့် ။
တွေ့ ဆုံ ကြုံကွဲမှု
မတည်မြဲသောဘ၀များ
နားလည်ပေးလိုက်ပါ ။
အမြဲတမ်းတဆဲ
မာတီက သူငယ်ချင်းများ
လွမ်းနေဆဲပါဗျာ ။


ကိုလေတံခွန်ရဲ့ အောက်ဆုံးပိုဒ် ပထမ စာကြောင်းမှာ ၄ လုံးထည်းဖြစ်ပြီး တလုံးလိုနေသလိုဘဲနော်

မေဘုန်းမြင့်သော် said...

အလယ်ပိုဒ်လေးကြိုက်တယ်း)
သူငယ်ချင်းကမှထာဝရဟ သိလား

Post a Comment