ယနေ့သည်......

Monday, February 1, 2010

.

14

၁၄ ဂဏန်း


သိပ်ကိုဆန်းတယ်.......


မမျှော်လင့်မိသော


ပိုင်ရှင်မဲ့ ချောကလက်တွေ


၂၈ ပွင့်မြောက် နှင်းဆီဝါရေ


ဒဏ္ဍာရီဆန်ဆန်


ငါ့ကမ္ဘာက အပြာရောင် သန်းခဲ့တယ်.....။



ဒီအချိန်ဆိုပွင့်တယ်....


ကျောင်းဝန်းထဲက စက္ကူပန်းတွေ


တစ်နှစ်ပြီးတစ်နှစ်ဖြတ်


ရက်သတ္တပါတ်ပေါင်းများစွာ


၁၄ရက်ပေါင်းများစွာ


နှင်းတွေကဖွေးဖွေးလေးပါပဲ..........


အတွေးတွေကလဲ ရေးရေးလေး.........


ဒီတစ်ခေါက် ငါ့ရဲ့ ၁၄ က ပိုင်ရှင်မဲ့


ကျောင်းကသရက်ပင်


ကဗျာမဆန်ဘူး............


ကျောင်းက စက္ကူပန်းတွေ


အနံ့အသက်မရှိဘူး........


ဒါပေမယ့် မိနွေရေ


၁၄ခါမြောက် ငါ့လွမ်းချင်းက


ရိုးရှင်းလွန်းပါတယ်။



{လေတံခွန်}

3 comments:

ဇာဏီ said...

ကြိုရေးထားတာလားကွ..

လွမ်းမနေနဲ့ ရှိတဲ့နေရာ ရောက်အောင်လိုက်သွားတော့

ချော said...

သဘောကတော့ ချစ်သူများနေ့မှာ တွဲစရာအဖော်မရှိဘူးလို့ ကြွားလိုက်တာပေါ့..ဟုတ်လား
စကားခေါ်လိုက်တာလဲ ဖြစ်နိုင်တယ်နော်.. တစ်ပတ်လောက် လိုပါသေးတယ် ..အမြန်လှုပ်ရှားရင် အချိန်မှီနိုင်ပါသေးတယ်.. အားမငယ်နဲ့
၁၄ရက်နေ့ မတိုင်ခင် ကျောင်းက သရက်ပင်ကြီး ကဗျာဆန်နိုင်ပါစေ....

မေခင်မွန်း said...

ကဗျာလေးက ကောင်းတယ်

Post a Comment