ယနေ့သည်......

Saturday, February 20, 2010

.

ရေးပေးပါ(tag)

၁။ကိုယ့်ကို ဒီလိုခေါ်ကြတယ် - လေတံခွန် (အွန်လိုင်းတွင်)


၂။အ၀တ်အစားပေါ် ကိုယ့်သတ်မှတ်ချက်က - အဆင်ပြေရင်ဝတ်ပါတယ်....။ Hip-Hop Style ၀တ်ရတာကိုပိုကြိုက်တယ်......။ အပေါက်အပြဲတွေ ၀တ်တာကိုတော့ လုံးဝမနှစ်သက်ဘူး.....။


၃။ အကြိုက်ဆုံး စားစရာနဲ့ သောက်စရာ - ကြိုက်တာကတော့ အားလုံးနီးပါးပဲ...။ မပြောမဖြစ်ပြောရမယ်ဆိုရင် ခေါက်ဆွဲ ကြိုက်တယ်...။ ဘယ်လိုခေါက်ဆွဲဖြစ်ဖြစ်...။ သောက်စရာကတော့ ပါဝါ (အထူးသဖြင့် Max poewr)


၎။အကြိုက်ဆုံး ပစ္စည်း ( ကွန်ပျူတာနဲ့ အင်တာနက် မပါရ)- စာအုပ် ၊ ဦးထုပ် ၊ နာရီ ၊ ဖိနပ်.... စသဖြင့်ပေါ့......။


၅။လိုချင်တဲ့ လက်ဆောင် - လိုချင်တာကတော့အချိန်နဲ့အမျှ ပြောင်းလဲနေတတ်တယ်ဗျ....။ ခုချိန်မှာ အလိုချင်ဆုံးဆိုရင်တော့ ရန်ကုန်ကို ကျောင်းပြောင်းခွင့်ပဲ.....။


၆။အကြိုက်ဆုံး ဇာတ်ကား- ကလေးကာတွန်းတွေ..... တိရိစ္ဆာန်ကာတွန်းတွေ...... သိပ္ပံကားတွေ.......... ငယ်ငယ်ထဲက ခုချိန်ထိ ကြည့်ချင်နေတဲ့ ရုပ်ရှင်ကတော့ ပါဝါရိန်းဂျားပဲ...။


၇။အကြိုက်ဆုံး ဟာသဇာတ်ကောင်- အဲ့လို အစွဲမျိုးတွေကျမရှိဘူးဗျ...။ ဟာသဇာတ်ကောင်ဆိုတာက ဘယ်လိုမျိုးကိုဆိုလိုတာလဲ....။ ရယ်စရာတွေလုပ်တတ်တဲ့ လူမျိုးဆိုရင်တော့ ကိုယ့်ကိုယ်ကို အကြိုက်ဆုံးလို့တောင်ပြောရမလား.... မသိဘူး........


၈။ အကြိုက်ဆုံးစာရေးဆရာ - ဖေမြင့် ၊ သော်တာဆွေ ၊ အွန်လိုင်းပေါ်ကဆိုရင် မအိပ်မက်ငယ် နဲ့ ကိုသူရဿဝါ


၉။ အခိုက်ဆုံးစာအုပ် - နတ်နေကိုင်း


၁၀။အချစ်ဆုံးသူရှိရင် - ဘယ်သူ့ကိုမှမချစ်ဘူးဆိုရင်တော့ မှားသွားမယ်....။ အဓိက ကတော့ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ထင်တာပဲ.....။ နောက်ပြီး လူတိုင်းကို ချစ်တတ်ပါတယ်ဗျာ....။


၁၁။ ရင်အခုန်ဆုံးအချိန်- လှေကားအမြင့်ကြီးတက်ပြီးတဲ့အချိန် (မောလို့ ဟီးဟီး)


၁၂။ဘ၀ဆိုတာ- ဆေးခါးတစ်ခွက်လိုပဲ....။


၁၃။ စိတ်တိုရင် ဘာလုပ် - မျက်မှောင်ကျုံ့တယ်......။


၁၄။ အကြိုက်ဆုံးသီချင်း- ခုရက်ပိုင်းတော့ Marry Time (Mc Zay ye, Mc Yam Yam , Mc Bay gyi) ဘာလို့ ကြိုက်လဲမမေးနဲ့နော်....။ ကြိုက်ချင်လို့ကြိုက်တာ....။


၁၅။ဝါသနာ- စာရေးစာဖတ် ဘလော့မှာ ဟိုဒီကလိ.... ပြီးတော့ ဂိမ်းကစားတာ......။


၁၆။ မီးခွက်စောင့်ဘီလူးနဲ့ တွေ့ရင် တောင်းမယ့်ဆု - ရန်ကုန်ကို အမြန်ဆုံးကျောင်းပြောင်းရပါစေ....။


၁၇။ လက်ဆွဲဆောင်ပုဒ်- ပျော်ပျော်နေသေခဲ ကျီစားသန်ကရန်များ၏......။ (တကယ်ပြောချင်တာက ဘယ်လောက်ပဲ ကြီးမားတဲ့ရာဝတ္ထု ဖြစ်နေပါစေ အသေးငယ်ဆုံးအရာတွေက စပြီးဖြစ်တယ်.......။ )


၁၈။ အိပ်ရေးပျက်ရတဲ့ အကြောင်းအရင်းက - ဂိမ်းကစားလို့ အင်တာနက်သုံးနေလို့ တစ်ခါတစ်ခါတော့ လဲ တစ်စုံတစ်ယောက်ကိုလွမ်းနေလို့


၁၉။ချစ်သူကို ဆိုပြချင်တဲ့ သီချင်း - ကိုယ့်ချစ်သူ(The Lats)


၂၀။ ပြောပြချင်တဲ့ ဟာသတိုလေး - ဟာသတိုက ရုတ်တရတ်ဆိုတော့ စဉ်းစားလို့မရဘူး......။


ကဲ ရေးလို့တော့ပြီးပြီ....။ တာဝန်ကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ကျသူများမှာ (၁) ကိုသူရဿဝါ (၂) ကိုတေလေ (၃) မအိပ်မက်ငယ် (၄) ကိုဇာဏီ        (၅) မမြလေးသျှင် တို့ပဲဖြစ်ပါတယ်...။ ဤသို့ တာဝန် လွှဲပြောင်းပေးခြင်းအားသဘောတူပါက လက်ခုပ်တီးပါ...။ ( ဖြောင်း..... ဖြောင်း..... ဖြောင်း..... ဖြောင်း..... )

4 comments:

ဇာဏီ said...

ကျောင်းမြန်မြန်ပြောင်းရပါစေကွင်္ာ......
နာလည်းရေးဘီးဘီ..

ပန်းရင့်ရောင် said...

ရေးပေးတဲ့အတွက် ကျေးဇူးပါ မောင်လေတံခွန်။ရန်ကုန်ကို ကျောင်းပြောင်းခွင့်ရပါစေလို့ ဆုတောင်းပေးပါတယ်။မကွေးလည်းကောင်းတာပဲကိုနော်။ဘာလို့ပြောင်းချင်နေကြလဲ မသိဘူး :P ။

Zox said...

ဘစ်က်ဘော့စ် ရေ။ ညီ့ ဆုတောင်းတွေ ပြည့်ပါစေ။ ရန်ကုန်မြန်မြန်ရောက်ပါစေ။ ဒါမှ ကိုယ်တို့ ဆုံလို့ရမှာပေါ့။

မြလေးသျှင် said...

ဟုတ်..ဒီရက်ပိုင်းအတွင်းရေးပေးမယ်နော်...မေးခွန်းတွေက မိတယ်

Post a Comment