ယနေ့သည်......

Wednesday, February 4, 2009

.

အချစ်တခု၏နောက်ကွယ်

သံယောဇဉ်ဓါတ်ခံကို
အလွမ်းသက်သက်နဲ့
ပေါင်းစပ်ပြီး
အချစ်တခုကိုထုဆစ်.....။


လှပတဲ့ရုပ်သွင်
တိကျစွာမပြီးမြောက်ခင်
နီရင့်ရင့်ရောင် ခပ်ရမ်းရမ်း
စကားကြမ်းများကြောင့်
အိပ်မက်အားလုံးပြိုပျက်......။


အချစ်ပျိုးခင်းလေးကို
ပေါင်းသင်ထားတယ်......
သံယောဇဉ်ဆိုတဲံဥယျာဉ်မှူးကပေါ့.......။


ပူပူဆွေးတွေး အလွမ်းတွေနဲ့
အချစ်ပန်းခင်းမှာ ရေတွေဖြန်းရင်း
ဥယျာဉ်မှူးလဲအသက်ပျောက်.....
ငါလဲအဝေးရောက်ချစ်သူကို
မေ့တော့မလို့ပေါ့...............။

1 comments:

Unknown said...

လာလည်သွားပါတယ် အမြဲအားပေးနေပါတယ်

Post a Comment