ခေါင်းစဉ်ကြည့်ပြီး အရမ်းတွေးကုန်ပြီလား.............။ မင်းကဘယ်လောက်ထိသိလို့လဲလို့ မေးချင်နေပြီလား..။ ဟုတ်ပါတယ်...... ကျွန်တော်လေတံခွန်ကဘယ်လောက်မှ အများကြီးမသိပါဘူး.......။ ဒါပေမယ့် အရက်ဆိုတဲ့ အရာဟာမကောင်းမှန်းတော့ ကျွန်တော်သိတယ်ဗျ......။ ဒီအရက်ဆိုတဲ့အကြောင်းကို ကျွန်တော်ရေးရတဲ့အချက် က၂ခုရှိတယ်.....။ (၁) ကဘာလဲဆိုတော့ ဆရာမင်းလူရဲ့ ယမကာလုလင်စာအုပ်ကို ဖတ်ပြီးရေးချင်စိတ် ပေါ်လာလို့.....။ နံပါတ်(၂)ကကျတော့ အရက်ဆိုတဲ့အရာက မကောင်းဘူး. . . . . . . . .မသောက်သင့်ဘူးလို့ ထင်လို့...။ ဒါပေမယ့် အရက်ကြိုက်သူကို အရက်သောက်တာမကောင်းဘူး မသောက်နဲ့ဆိုပြီး တဲ့တိုးကြီးသွားပြော လို့မဖြစ်ဘူး........။ဘာလို့လဲဆိုတော့ သူတို့ကလက်ခံမှာမဟုတ်ဘူးလေ....။ သူတို့ကြိုက်လို့ သူတို့သောက်နေကြတာ........။ ဒါကြောင့်ဒီဆောင်းပါးလေးမှာ အရက်ကို သောက်သင့်တဲ့ ပုံစံ စနစ်လေးတွေနဲ့ အရက်ကိုအလွန်အကျွံသောက်ရင်ဘယ်လိုဖြစ်မယ်.... စတာတွေကို ကျွန်တော်သိသလောက်တင်ပြကြည့်မယ်ဗျာ.........။ ကျွန်တော်ရေးမှာတွေကလူတော်တော်များများ သိပြီးသားလဲဖြစ်နိုင်တဲ့အတွက် အကျိုးမရှိဘူးလို့ ထင်တဲ့သူရှိရင် ဒီနေရာမှာပဲရပ်ပြီး ဆက်မဖတ်ပဲနေနိုင်ပါတယ်...။ စကားဦးသန်းနေတာလဲ များသွားပြီ.......။ အဓိကပြောချင်တဲ့ အရက်အကြောင်းပဲပြောကြတာပေါ့ဗျာ.............။
အရင်ဆုံး အရက်ဆိုတာဘာလဲ...........။ အရက်ရဲ့သမိုင်းကြောင်းကိုသွားကြည့်ကြရအောင်.........။ အ၇က်ဆိုတာကသောက်လိုက်ရင် မူးယစ်ရီဝေစေတဲ့အရာ..........။ အသိဥာဏ်ပျောက်ဆုံး သွားနိုင်စေတဲ့အရာ.......။ ဟိုးရှေးရှေးပဝေသဏ္ဍီကတော့ အရက်ဆိုတာ ကို သေရည်သေရက် လို့ခေါ်ကြတယ်...။ နောက်တစ်ခုရှိတာက အရက်ဆိုတဲ့စကားဟာ ARAQ ဆိုတဲ့ စကားကဆင်းသက်လာတာ လို့ဆိုတယ်ဗျ.......။ အရက်ဆိုတာ မြန်မာစကားစစ်စစ် မဟုတ်ပါဘူးတဲ့ဗျာ...။ နောက်သေရည် သေရက်လို့ခေါ်ကြရင်းမှ ကာလတွေစီးမျောလာတဲ့အခါမှာ သေရက်ကနေ အရက်ဆိုပြီးဖြစ်လာတာလဲဖြစ်နိုင်တယ်လို့ ဆိုထားပြန်တယ်ဗျ...။ နောက်ထပ်တစ်ခုပြောကြတာတော့ အရက်ကိုအရင်က ရက် လို့ပဲခေါ်တယ်တဲ့..........။ အဲ့ကနေပြီးလဲအရက်ဆိုတာဖြစ်လာတယ်တဲ့.......။ အဲ့သည် သေရည်လို့ခေါ်တဲ့အရက် ဘယ်ကစပေါ်လာလဲဆိုတော့ တောထဲကဖြစ်လာတာ....။ ဒီအကြောင်းကို တော်တော်များများသိကြမှာပါ........။ ဒါပေမယ့် ဒီနေရာမှာထည့်ပြောလိုက်ဦးမယ်ဗျာ....။ ပုံပြင်တွေထဲကလိုပဲစပြောလိုက်မယ်.........။ ဟိုးရှေးရှေးတုန်းကပေါ့.........။ မုဆိုးတစ်ယောက်က အမဲလိုက်ရင်း တောနက်ထဲတစ်နေရာကိုရောက်လာတယ်ဆိုရင်ပဲ ထူးဆန်းတဲ့မြင်ကွင်း တစ်ခုကို တွေ့လိုက်ရတယ်.....။ အဲ့ဒါကဘာလဲဆိုတော့ တိရစ္ဆာန်တွေ ကျေးငှက်တွေက သစ်ခေါင်းတစ်ခုထဲက ရေကို သောက်ပြီးမြူးထူးနေကြတာတဲ့.......။ နောက်တော့ အဲ့မြူးထူးနေတဲ့ သတ္တ၀ါတွေက မူးမေ့ပြီးလဲကုန်ပါရောတဲ့.........။ တစ်နာရီလောက်ကြာတော့ မူးမေ့လဲကုန်တဲ့ သတ္တ၀ါတွေက သတိပြန်ရလာပါလေရော..........။ ပထမ က မုဆိုးကြီးထင်တာ သစ်ခေါင်းထဲကရေတွေက အဆိပ်တွေပေါ့..။ နောက်တော့ သတ္ထ၀ါလေးတွေပြန်နိုးလာတာတွေ့မှ သူလဲစူးစမ်းချင်စိတ်ပေါ်ပြီး သွားသောက်ကြည့်လိုက်တယ်....။ အဲ့သည်မှာပဲသူကသေရည်ရဲ့ အရသာကိုသိပြီး သူနေတဲ့ တိုင်းပြည်ကို သယ်ဆောင်သွားပြီး ဘုရင်ကိုဆက်သလိုက်တယ်တဲ့........။ ဒီလိုနဲ့ပဲ........ သေရည်ဆိုတာကြီးက လူတွေကြားထဲကိုရောက်လာခဲ့တာပေါ့..........။
သည်သေရည်သေရက်ဆိုတာက လူတွေကြားထဲရောက်လာထဲက ကောင်းကျိုးပေးသည်ဟူ၍မရှိခဲ့.....။ သေရည်ကို ပထမဆုံးတွေ့ခဲ့တဲ့ မုဆိုးရဲ့ဘ၀နှင့်တကွ တိုင်းပြည်ကြီးတစ်ခုလုံးတောင် သေရည်ကြောင့် ပျက်စီးခဲ့ရတယ်.....။ နောက် နတ်ချင်းအတူတူကိုပင် အသူရာတွေက တာဝတိံသာမှကန်ချခံခဲ့ရသည်ဟု လဲကြားဖူးသည်.........။ (သည်အချက်မှန်မမှန်ကို အတိအကျမသိပါ......။) အရက်ကြောင့် ဘ၀ပျက်ခဲ့ ရသည်များမှာ အတိတ်ပုံပြင် ဒဏ္ဍာရီ များထဲတွင်သာရှိသည်မဟုတ် ....။ ယခုလက်ရှိ ပစ္စုပ္ပန်မှာလဲ ရှိသလို အနာဂါတ်မှာလဲရှိနေကြဦးမှာပဲဖြစ်တယ်.....။ ကျွန်တော့်ကိုယ်တွေ့ ဖြစ်ရပ်တစ်ခုကိုပြောပြချင်သည်......။ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ မြို့နယ်အဆင့်ဝန်ထမ်းတစ်ဦး အကြောင်းဖြစ်သည်........။ သူသည် မူလက လွန်စွာ သမာသမတ်ရှိသူဖြစ်ပြီး အလုပ်လုပ်ရာတွင်တိကျသူ တစ်ဦးဖြစ်သည်......။ အိမ်နောက်ဖေးတံခါးလဲဖွင့်ထားတတ်သူမဟုတ်........။ ဆိုလိုသည်က လာဘ်စားတတ်သူတစ်ယောက်မဟုတ်ပေ.......။ နောက်သူသည် သေရည်သေရက်ကို ရှောင်ကြဉ်သူဖြစ်သည်........။ သို့ပေမယ့် သူသည်ဝန်ထမ်းအသိုင်းအ၀ိုင်းမှဖြစ်၍ စားပွဲသောက်ပွဲများသို့ မကြာခန သွားရတတ်သည်............။ စားပွဲသောက်ပွဲများသွားရဖန်များလာတာ အပေါင်းအသင်းများ၏ ဆွဲဆောင်မှုကြောင့် သူလဲကြာတော့အရက်ဆိုတာကို သောက်တတ်သွားခဲ့တယ်.....။ ကျောက်ရုပ်တောင် တွန်းပါများရင်နဲ့သေးတာပဲ.........။ သူလဲသာမည ပုရိသတစ်ယောက်ဆိုတော့ ကြာတော့ဘယ်ခံနိုင်ပါတော့မလဲဗျာ.......။ အစပိုင်းကတော့ တစ်ပက် ၊ တစ်ပက်မှ နှစ်ပက် ၊ နှစ်ပက်မှ တစ်စိတ် ၊ တစ်စိတ်မှ တစ်ပိုင်း စသဖြင့်ရေချိန်ဒီဂရီ မြင့်လာခဲ့တာပေါ့ဗျာ.....။ ပြောချင်တာက ဒီလိုနဲ့ပဲ သူအရက်စွဲသွားတယ်ပေါ့ဗျာ........။ နောက်ဆုံးမသောက်ရမနေနိုင်သည့် အခြေအနေသို့ ရောက်လာခဲ့သည်.။ မူလကခန့်ညားခဲ့သော သူ့ရုပ်သွင်သည်လဲ အရက်နာကျ၍ မျက်နှာကြီးမှာ နီရဲ ဖောသွပ်လျက်ရှိသည်......။ သူ့ကိုကြည့်လိုက်လျှင်လဲ အချိန်တိုင်းမူးနေလေ့ရှိသည်.....။ သူ့ရုံးခန်းထဲတွင် အရင်ကနေရာယူနေခဲ့သော စာအုပ်များနေရာတွင် အရက်ပုလင်းများက အခန်းထောင့်တွင်နေရာ ယူလာကြသည်...........။ လုပ်ငန်းဆိုင်ရာများကိုလဲ လက်အောက်ငယ်သားများကိုသာလွဲထားခဲ့သည်......။ လက်မှတ်မဖြစ်မနေထိုးရသော အရေးကြီးကိစ္စများကိုသာ သူထံလာ၍ လက်မှတ်ထိုးခိုင်းတော့သည်.....။ သို့သော်လဲ ထိုအရေးကြီးသည် ဆိုသောအရာတို့ကိုလဲ ကိုယ်တိုင်ကိုယ်ကျ သေချာမဖတ်ကြည့်မစစ် ကြည့်တော့ပေ..........။ တစ်နေ့မှာတော့ သူ့ဘ၀ကြီးကံဆိုးမိုးမှောင်ကျသွားခဲ့တော့သည်......။ မှတ်ပုံတင်အတုလုပ်ပေးမှုနှင့် သူထောင်ကျသွားတော့သည်........။ စင်စစ်ကသူလုပ်ပေးခြင်းမဟုတ်.....။ သူ့လက်အောက်မှ လူက သူ့အားအရက်မူးနေချိန်တွင် မှတ်ပုံတင်အတု၌ လက်မှတ်ထိုးခိုင်း၍ ထိုးပေးခဲ့မိခြင်းဖြစ်သည်........။ ထိုသို့သောမှတ်ပုံတင် အတုပေါင်းမည်မျှကိုသူလုပ်ပေးခဲ့မိသည်ကို သူကိုယ်တိုင်ပင်မသိခဲ့ပေ........။ ထိုအခါမှ သူလဲနောင်တတွေတစ်လှေကြီးနှင့် ထောင်နန်းစံခဲ့ရလေသည်...။ ထို့အတူလောကကြီးတွင် အရက်ကြောင့် အကြွေစောခဲ့ရသော သူများသည်လဲ ဒုနှင့်ဒေးပင်.....။ ထို့ကြောင့် အရက်ဟူသည် လူတို့အားကောင်းကျိုးပေးသည်ဟူ၍ မရှိခဲ့ပေ.........။
တန်ဆေးလွန်ဘေး ဆိုသော စကားကို လူတိုင်းကြားဖူးကြမည်ဖြစ်သည်......။ အရက်ဆိုသည်မှာလဲ ထိုစကားကိုလိုက်နာသောအရာဖြစ်သည်........။ အရက်သောက်တိုင်းတော့လောကကြီးမှ အကြွေစော သည်မဟုတ်......။ ဆရာကြီးရွှေဥဒေါင်းသည် အရက်ကို တစ်သက်လုံးသောက်သွားသည်....။ သို့သော် သူသည် သာမန်လူတစ်ယောက်ထက်ပင်လောကကြီး၌နေနိုင်ခဲ့သည်.......။ ဆရာကြီး၏သောက်ပုံ သောက်နည်းမှာလဲ အတုယူရန်ကောင်းသည်........။ ဆရာကြီးကအရက်ကို ထမင်းမြိန်ရုံ အိပ်ပျော်ရုံလောက် သာသောက်သည်.......။ ဆရာကြီး၏သောက်ပုံသောက်နည်းမှာ လူကအရက်ကိုသောက်ခြင်းဖြစ်သည်......။ အရက်ကလူကိုသောက်သည့်ပုံမဟုတ်...........။ ဖော်ပြခဲ့ပြီသော် ၀န်ထမ်း၏အဖြစ်သည် အရက်ကလူကိုသောက်သွားသည့်အဖြစ်မျိုးဖြစ်သည်.....။ ဆရာဖေမြင့်၏ ဂျီးနီးယပ်စ် စာအုပ်ထဲတွင် ပါသည့်အတိုင်း နှစ်ဖက်လုံးမှစဉ်းစားကြည့်မည်ဆိုလျှင် အရက်မှာလဲကောင်းသည့် အချက်များလဲရှိသေးသည်...။ အရက်ကို တစ်နေ့တစ်ခွက်လောက်ပုံမှန်သောက်ပါက ကျန်းမာရေးနှင့် ညီညွတ်ပေသည်.....။ ခန္ဓာကိုယ်မှ ကိုလက်စထရောလယ်ဗယ်ကိုကျစေသည်.......။ ဤသည်မှာ အရက်၏ ကောင်းကျိုးဖြစ်သည်........။ ဆိုခဲ့သည့်အတိုင်း တန်ဆေးလွန်ဘေးဖြစ်၍ အ၇က်ကိုဆေးအဖြစ်သာ သောက်သင့်သည်..........။
အရက်အလွန်အကျွံသောက်၍ စွဲသွားသောအခါ ဖြတ်ပစ်ဖို့ ခက်လှသည်.....။ အရက်ဖြတ်ရန်အတွက် အချိန် ငွေကြေး စိတ်ဓါတ်စသဖြင့်များစွာလိုအပ်သည်......။ အရက်ဖြတ်သည့် နည်းလဲအမျိုးမျိုးရှိသည်...။ အချို့ကဆေးရုံတွင် ဖြတ်သည်....။ အချို့ကဆေးဝါးများဖြင့် အိမ်တွင်ပင်ဖြတ်သည်.........။ သို့သော် အရက်ဖြတ်ပစ်ရန်အတွက် ခိုင်မာသောစိတ်ကတော့ အဓိကလိုအပ်သည်......။ အရက်စွဲနေသူကိုယ်တိုင် ကဖြတ်ပစ်ချင်စိတ်ပြင်းပြနေဖို့လိုသည်........။ အရက်စွဲနေသူတစ်ယောက်၏ အ၇က်မသောက်တော့ဟု ပေးသောကတိသည် တည်ရန် ၁၀း၁ သာရှိသည်.........။ အရက်ဖြတ်နိုင်ရန်ကြံ့ခိုင်သော စိတ်သည်သာလျှင် အဓိကဖြစ်သည်.......။ အရက်ကိုဖြတ်ပစ်မည်ဟု စိတ်ကိုဒုံးဒုံးချဆုံးဖြတ်မှုမရှိထားသူသည် အ၇က်ကိုဖြတ်နိုင် တော့မည်မဟုတ်ပေ..........။ ထို့ကြောင့် အရက်ကိုဖြတ်ပစ်လိုလျှင်စိတ်ဓါတ်ကြံ့ခိုင်ရမည်ဟု နောက်တစ်ခေါက် ပြောလိုသည်.......။
အရက်ဆိုသည်မှာစွဲသွားလျှင် ဖြတ်ဖို့ခက်သောကြောင့် မစွဲမီကပင် ကြိုတင်ကာကွယ်ထား၇မည်.....။ အရက်ကိုသောက်ကြသည့်အခါတွင်လဲ ဆေးဖြစ်ရုံသာသောက်စေလိုသည်........။ အရက်သည် အသည်းကိုခြောက်စေ၍ အာရုံကြောကိုပျက်စီးစေသည်.......။ စွဲသွားလျှင်လဲဖြတ်ရန်ခက်သည့်အတွက် အရက်ကို တက်နိုင်သမျှရှောင်ကြဉ်ကြရန် မေတ္တာဖြန်း၍ ပြောကြားရင်း ဤဆောင်းပါးကိုဤတွင် အဆုံးသတ်လိုက်ပါသည်...........။

{လေတံခွန်}
4 comments:
ဟယ် ဘုရားစူးရစေ့ စိမ်းတော့ သောက်ဘူး :P
အသိခေါက်ခက် အ၀င်နက်ပေါ့ဗျာ.. :D
အင်း... မှတ်သားစရာ ပညာပေး ဆောင်းပါးလေးပါ... လေတံခွန်က ခေတ်လူငယ်တစ်ယောက်ပင်မဲ့ ခုလို အမြင်ရှိတယ်ဆိုတော့ လေးစားပါတယ်... (ဒီပိုစ့်ရေးတယ်ဆိုတော့ မသောက်ဘူးလို့ ယူဆပင်မဲ့) သေချာအောင်မေးလိုက်အုံးမယ်... လေတံခွန်ရော သောက်တတ်လား... မဗေဒါတို့ကတော့ အရသာ ပြင်းပြင်းအရည်ဆို မသောက်တတ်လို့ Coke တို့ Pepsi တို့လို ဂတ်စ်ပါတာတောင်မသောက်ဘူး.. ၀ိုင်တို့ cocktail တို့ ထန်းရည်တို့က အရက်မဟုတ်ဘူးဆိုပြီး တစ်ချို့ကတော့ သောက်တယ်.. မဗေဒါကတော့ အဲဒါတွေလဲ မူးရစ်စေတတ်တာပဲနော်... လေတံခွန်ကရော ဘယ်လိုထင်လဲ...
ကျွန်တော်ကတော့ ၀ိုင်ကို ၄ခါလောက်သောက်ဖူးတယ်.......... အ၇က်တော့လုံးဝမသောက်ဘူး........... ၀ိုင်ဆိုတာကလဲ spy လောက်ပါပဲ........... တခြားဟာတော့သောက်ဝူးဗျ..............။
Post a Comment