ယနေ့သည်......

Saturday, October 31, 2009

.

တွေ့ဆုံကြုံကွဲ ခွဲခွာမြဲ

ပို့စ်မတင်ဖြစ်တာကြာပြီ.....။ မတင်ဖြစ်ဆို ကော်နက်ရှင်ကဆိုးနေတာကိုးဗျ.........။ တင်ချင်တာလေးတွေတော့ရှိတယ်...။ မကွေးပြန်ရောက်မှပဲ တင်ဖြစ်တော့မယ်ထင်တယ်..........။ ဒီနေ့တော့ ကော်နက်ရှင်ကလဲ နည်းနည်းကောင်းနေတော့ ပို့စ်တင်ဖို့ စဉ်းစားမိတယ်....။ စဉ်းစားကြည့်မိတော့လဲ ဘာတင်ရမလဲမသိဘူး..........။ ဘယ်အကြောင်းရေးရင်ကောင်းမလဲ မသိဘူး..........။ ကျွန်တော့်အိမ်ကခွေးလေးအကြောင်းပဲ တင်လိုက်တော့မယ်ဗျ.........။ ရသတစ်စုံတစ်ခု တော့ပေးနိုင်မယ် လို့ ယူဆတာပါပဲဗျာ....။


ကောက်ရ.......... ကောက်ရဆိုတာ ကခွေးလေးရဲ့နာမည်လေးပါ........။ ဒီခွေးလေး အိမ်ကိုရောက်လာခဲ့တာက အဆန်းအပြားဆိုလို့တော့ မရှိပါဘူး.......။ ကျွန်တော့်အဖေက လမ်းဘေးကတွေ့လို့ အိမ်ကိုခေါ်လာတာ.....။ အဲ့ကောင်က အဖေတို့ရုံးမှာ လာလာတောင်းစားနေတာလေ..........။ ပိုင်ရှင်က မရှိဘူး.......။ ပိုင်ရှင်ကဘယ်ရောက်သွား တာလဲတော့မသိဘူး...။ သူက အမွေးပွ တယ်လီယာ အမျိုးအစားလေး.....။ သေချာမွေးရင်လှမယ့်ပုံဗျ.......။ အမွေးလေးတွေက ချော့ကလက်ရောင်လေးတွေ......။ ဒါပေမယ့် အဖေရုံးကခေါ်လာကာစ ကဆိုရင် တကိုယ်လုံး နံဟောင်နေပြီး ညစ်ပါတ်နေတာပဲ......။ သူအိမ်ကိုရောက်လာတဲ့အချိန်မှာ အိမ်မှာက တယ်လီယာအမျိုးအစား ခွေးမလေး တစ်ကောင်လဲ ရှိတယ်.......။ အဖေကလဲ ခွေးမလေးနဲ့ အဖော်ရအောင်ဆိုပြီးခေါ်လာတာ.......။ ကောက်ရ က အထီးလေးဆိုတော့ နောက်ထပ်ရည်ရွယ်တာက သူတို့ နှစ်ကောင်ကို သားဖောက်မယ်ပေါ့.......။ ဒါပေမယ့်ဗျာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူးပြောရမလားပဲ......။ ကျွန်တော်တို့အိမ်ကခွေးမလေးက ယောကျာ်းလျာလို့ခေါ်မလားဗျာ အဲ့လို ဖြစ်နေတာဗျ....။ သူကချည်းတက်တက်ပြီးတော့လေ......။ ဟီးဟီး......။ နောက်ပြီး ဟိုကောင်က အိုနေရှာပြီဗျ.....။ အိုနေပြီဆိုတာ ဟုတ်မဟုတ်တော့မသေချာဘူးဗျာ........။ သူက သွားတစ်ချောင်းက ကျိုးနေပြီ.....။ နည်းနည်းလောက်ပြေးလိုက်ရင် ဟောဟဲ ဟောဟဲ နဲ့မောနေတယ်....။ အဲ့ဒါနဲ့ပဲ သာဖောက်မယ့်အစီအစဉ်ကို လက်လျော့လိုက်ရတယ်......။ ဒီကောင်က ချစ်စရာတော့ကောင်းသားဗျာ..........။ ကျွန်တော်တို့အပြင်သွားပြီ ပြန်လာပြီ ဆိုရင် အာဝု အာဝု နဲ့ ဘာတွေလာပြောမှန်းတော့မသိဘူး........။ ကျွန်တော်ကတော့ ကိုယ့်ဘာသာ ဘာသာပြန်လိုက်တယ်.....။ ဘယ်ကပြန်လာတာလဲလို့.........။ နောက်ပြီး သူတို့ကအချိန်လဲသိတယ်နော်........။ ၇ နာရီ ရုပ်ရှင်ပြီးလို့ ၈နာရီသတင်းလာဖို့ တီးလုံးသံကြားတာနဲ့ အမေ့နားကိုလာပြီး ကုတ်တပ်ပြီး ထမင်းတောင်းတော့တာပဲ....။ နောက်ပြီး ညဆိုရင် အဖိုးက အိမ်တံခါးတွေလိုက်ပိတ်ပြီဆိုတာနဲ့ သူတိုကဘာသာ ခြံထဲဆင်းသွားရော...။ ပြောစရာတောင်မလိုဘူး....။ အဲ့လိုကိုလိမ္မာတာ........။ နောက်ပြီးရှိသေးတယ်........။ သူက သူစိမ်းတွေလာရင်မဟောင်ပြီး..။ အေးဆေးကြည့်နေတာ........။ အဲ့သည့်သူစိမ်းက အိမ်ကပစ္စည်းတွေကို ယူသွားတာတို့ ဘာတို့ဆိုရင်တော့ ပြေးကိုက်တော့တာပဲ.....။ တစ်ခါကဆို အိမ်ကိုဧည့်သည်လာတယ်.....။ အဲ့သည့်ဧည့်သည်နဲ့ အဖိုး စကားပြောနေတော့ သူက ဘေးမှာအေးဆေးနေနေတာ.........။ အဖိုးက အိမ်နောက်ဖေးမှာ ဟင်းချက်ထားလို့ သွားကြည့်နေတုန်း ဧည့်သည်က ရေနွေးကြမ်း ငှဲ့သောက်တယ်လေ....။ အဲ့မှာပဲ အောက်ကငြိမ်နေတဲ့ကောင်က ထကိုက်ရောလေ........။ အဲ့လိုအဲ့လိုတွေသစ္စာရှိတဲ့ကောင်လေ..........။ ဒါပေမယ့်ဗျာ တွေ့ဆုံကြုံကွဲ ဆိုတာ ဓမ္မတာပဲ မဟုတ်လားဗျာ.......။ ကျွန်တော်မကွေးမှာ ကျောင်းသွားတတ်ရင်းပြန်လာတော့ ကျွန်တော့်ရဲ့ ကောက်ရကြီး နေမကောင်း ဖြစ်နေတယ်ဗျာ........။ အစာလဲကောင်းကောင်းမစားဘူး.........။ လမ်းလဲမလျှောက်နိုင်တော့ဘူး......။ လျှောက်ရင်လဲ ယိုင်တိယိုင်တိုင်နဲ့ အဝေးကြီးလျှောက်လို့မရဘူး...........။ ဒါပေမယ့် ကျွန်တော်တို့ ပြန်လာမှ သူလဲအစားနည်းနည်းပြန်စားတာလို့ပြောတယ်....။ မနေ့က သူနည်းနည်းပြန်လန်းလာလို့ ကျွန်တော်က ၀မ်းသာနေတာ...။ ဒါပေမယ့် ကျွန်တော် ၀မ်းသာတာကြာကြာမခံပါဘူးဗျာ......။ ည ၂နာရီခွဲလောက်ရောက်တော့ ကောက်ရ ကြီးအော်လိုက်တာမှ သနားဖို့တောင်ကောင်းတယ်....။ သေးတွေလဲထွက်လို့ ...။နောက်ပြီး အကြောတွေဆွဲပြီး သေသွားရှာတယ်ဗျာ.။ ကျွန်တော့်ညီမလေးတွေကတော့ ငိုလို့ပေါ့.......။ အမေကလဲ မျက်ရည်တွေ ၀ဲနေတယ်.......။ အငယ်မဆို သေသွားတာကို လာတောင်မကြည့်ဘူး.....။ အိပ်ယာထဲကပဲ စောင်ကြီး ခြုံပြီး ငိုနေတယ်...။ ကျွန်တော်ကတော့ မငိုဖြစ်ဘူး.......။ ဒီလိုပဲ တွေ့ဆုံကြုံကွဲဆိုတာ တစ်နေ့ဖြစ်လာမှာပဲလေ.....။ သူ့အတွက် ၀မ်းနည်းနေလို့ လဲ ကျွန်တော့်အတွက် အကျိုးမရှိဘူးလေ.......။ ဒါကြောင့်ကျွန်တော်မငိုမိဘူး.........။ တစ်ခုစဉ်းစားမိတာက ကျွန်တော့်ညီမလေးတွေ ခွေးသေလို့မဟုတ်ပဲ တစ်စုံတစ်ယောက်သေသွားတယ် ဆိုရင် သူတို့ ဘယ်လိုခံစားကြရမလဲမသိဘူး.......။ တကယ်တော့ ဒီလို အလေးအနက်ကြီး မခံစားနေစေချင်ဘူး..........။ လောကကြီးမှာ သတ္တ၀ါတွေဆိုတာ တစ်နေ့သေကြရမှာပဲလေ...။အဲ့ဒါကိုသိရက်နဲ့ ဘာလို့ ၀မ်းနည်းနေကြမှာလဲ.....။ ဆုံတွေ့မှုရှိလာရင် ခွဲခွာမှုဆိုတာလဲ ရှိမှာပဲလေ......။ ဒါကိုနားလည်ကြစေချင်တယ်ဗျာ........။ တစ်ယောက်နဲ့ တစ်ယောက်ခွဲခွားသွားကြလို့ ၀မ်းနည်းမနေစေချင်ဘူး........။ ရှင်ကွဲကွဲသွားကြတယ်ပဲထား...... တစ်နေ့ပြန်ဆုံနိုင်တာပဲ ဘာလို့ဝမ်းနည်းနေမလဲ....... သေကွဲကွဲသွားတယ်ဆိုတာလဲ နောက်သံသရာတစ်ကွေ့မှာ ရေစက်မကုန်ရင်တော့ ပြန်ဆုံမှာပဲလေ........။ လူတိုင်းကိုယ့်လမ်းကိုယ်လျှောက်နေကြတာပဲလေ.......။ ဒါကြောင့် တွေ့ဆုံကြုံကွဲ ဓမ္မတာဆိုတာကို နှလုံးသွင်းမိကြစေချင်ပါတယ်ဗျာ.......။


စာတွေရေးပြီးစိတ်တိုင်းမကျဘူးဗျာ...........။ အရေးအသားတွေ အရမ်းညံ့နေတယ်လို့ထင်တယ်........။ ဘာပဲဖြစ်ဖြစ် ဖတ်သွားပေးတဲ့ သူငယ်ချင်းများကိုကျေးဇူးတင်တယ်ဗျာ......။

1 comments:

arloo said...

အရေးအသားတွေ ကောင်းပါတယ်။ ဆက် အားပေးနေမယ်။ :)

Post a Comment