မိုးတွေရွာရင်း လွဲခဲ့တယ်......
မခေါ်တော့ဘူးဆိုပေမယ့်လည်း
သူ့ အသံကြားရင်လှည့်ကြည့်နေမိတယ်
မချစ်တော့ဘူးဆိုပေမယ့်လည်း
သူ့အပြုံးကိုမြင်ရင်နှလုံးသား
ကတဆတ်ဆတ်တုန်နေဆဲပဲ
မလွမ်းတော့ဘူးဆိုပေမယ့်လည်း
တိုက်ဆိုင်လာတိုင်းမှာငါမျက်ရည်ဆို့ဆဲ
ချစ်သူရယ်
နင်တချက်ကြည့်လိုက်တိုင်း
တင်းမာဖို.ပြင်ဆင်ထားသမျှ
ဘယ်ကိုလွင့်စင်သွားမှန်းမသိတော့
ငါကတကယ်ဆို ရူးသွပ်လို့ချစ်တတ်သူ
နင့်အတွက်ဆို ငါအရာရာပေးအပ်လို့ အသက်ဆက်သူ
ငါ့မနက်ဖြန်မှာ နင့်အလင်းတွေ မလိုဘူးဆိုပေမယ့် တောင့်တနေသူ
ကျေးဇူးပြုပြီးတောင်းဆိုပါရစေ
နင့်ကိုငါက ပန်းတစ်ပွင့်လို ပျိုးချင်လို့ပါ..............။
ရှေ့ဆက်တဲ့လမ်းမှာ အမှားတွေရှိလာခဲ့ရင်
ခွင့်လွှတ်ပါ ချစ်သူ.......
အမှားတရံစာ စုဆောင်းမိတဲ့အခါ
အမှန်တရားအဖြစ် ငါလက်ခံလိုက်ပါ့မယ်..........။
ဒီကဗျာလေးက ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း အရူးမလေးတစ်ယောက် ရေးထားတဲ့ကဗျာပါ........။ ပထမကတော့ ဒီကဗျာက သူ့ကဗျာပါ....။ သူက ကျွန်တော့်ကို ခေါင်းစဉ်တပ်ခိုင်းတော့ ကျွန်တော်ဖတ်ရင် ဟိုပြင်ဒီပြင် နဲ့ ထပ်ဖြည့်ရေးလိုက်တာပါ............။
0 comments:
Post a Comment