“လူကြီး လူငယ်”
အဟောင်းနှင့်အသစ်
အကောင်းနှင့်အပြစ်
မညီမျှခြင်းရဲ့ ပဋိပက္ခတွေ
လူကြီး နှင့် လူငယ်
သူ့ထက်ငါတော်တယ်
ဒီလိုတွေတွေဒ အမှားတွေက
အညီအမျှ...............။
လူကြီးမာန လူငယ်စကားကိုခ၀ါချ
လူငယ်သဘော လူကြီးတွေမလိုက်လျော
လူကြီးပြောသောအမှား
လူငယ်ပြောသောအမှား
တစ်ရံသောအမှားဖြစ်လာသောအခါ
အမှန်တရားကိုလက်မခံကြ.......။
လူကြီးအတွေး လူငယ်အမြင်
တစ်ဝက်မှန် တစ်ဝက်မှား
နှစ်ဦးစလုံးအတွက်ခါးသက်
ပဋိပက္ခနဲ့ရန်များ အရှေ့ကိုမရောက်ပါလား........။
အတွေးတွေကနောက်ပြန်ဆွဲ
နှစ်ယောက်လုံးကတော့မှားနေကြဆဲ.........။
လူကြီးအမြင် လူငယ်အတွေး
ပေါင်းစပ်ပါ................
အကောင်းဆုံးကိုရွေးယူပါ..........
ကမ္ဘာကြီးရဲ့ အနာဂါတ်အား အလင်းဆက်မှာ...........။
{လေတံခွန်}
0 comments:
Post a Comment