ကလေးမရေ
ကြောက်ရွံ့တတ်တဲ့ ငါတစ်ယောက်
ကန့်လန့်ကာနောက်ကပဲ
နှုတ်ဆက်ပါရစေ………….
ငါ့မျက်ဝန်းရဲ့ ငွေ့ရည်ဖွဲ့မှုတွေကို
မသိစေလိုလို့ပေါ့………….။
နှုတ်ကမပြောပေမယ့်
နှလုံးသားထဲမင်းနဲ့ရင်းနှီးခဲ့တာကြာပါပြီ
ငါက လမင်း ဆို
ကလေးမက သောကြာကြယ်ပါ
ငါရှိတဲ့ကမ္ဘာမှာ မင်းမရှိနေပေမယ့်
မင်းရှိတဲ့ကမ္ဘာမှာ ငါမှရှိမနေနိုင်တာ
ငါကနေချင်တာ မင်းအနားမှာပဲလေ
ဒါပေမယ့် ဆန်ကျင်ရာတွေလေ……..
ငါကအမှောင် နင်ကအလင်း
ငါ့ရဲ့မနက်ခင်းတွေက
မိုးမသောက်ခင်ပျောက်သွားခဲ့တယ်………..။
အနိုင်ယူပါ ကြယ်ဖြူ
တကယ်ဆိုတစ်ဖတ်သတ်ဆန်စွာ
ငါ့ကိုယ်ငါ ညှင်းခဲ့တာပါ…………….။
{လေတံခွန်}
2 comments:
ကဗျာတွေလာဖတ်တယ်ကွာ
ကဗျာတွေကြိုက်တယ်
ယောကျာ်းဆိုတာ ရင်ထဲမှာ ပျော့ကျနေပေမယ့် လိုအပ်ရင် ခက်ထန်မာကျောရတယ်။ အဲဒီ သဘောကို တွေ့ရှိလို့ အဲဒီကဗျာဟာ ကျန်ခဲ့ပါတယ်
Post a Comment