ယနေ့သည်......

Tuesday, November 3, 2009

.

“ဒီလိုနဲ့ပဲ ဒဏ္ဍာရီဆန် ခဲ့တယ်”

“ဒီလိုနဲ့ပဲ ဒဏ္ဍာရီဆန် ခဲ့တယ်”



ကလေးမရေ


ငါ့ရဲ့အတွေးနက်နက် နဲ့ အဓိပ္ပါယ်ခက်တဲ့


ကျောက်ဆစ်ကဗျာတွေ


မင်းကိုရှင်းပြရတာ


ငါ့အတွက် စွဲမက်ဖွယ်ရာ


အမြစ်တွယ်စရာ တစ်ခုလိုဖြစ်နေပေါ့.......။


ဓါးထက်ထက် စကားလက်နက်တွေ


မသုံးပါနဲ့.......................


မနက်ဖြန်ဆိုငါတို့ရဲ့ ဇာတ်လမ်းကို


အသစ်ကပြန်စဖို့ ငါတွေးမှာမို့


ဒဏ္ဍာရီဆန်ဆန်ပဲ လွမ်းလိုက်ဦးမယ်.....။


အလွမ်းတွေကခါးသက်တယ်လို့တော့


ဘယ်ဟုတ်ပါ့မလဲ...........


ခံစားချက်တွေသာ အဆိပ်ခပ်ခံလိုက်ရတာလေ


ငါကိုယ်တိုင်ကိုက ဒါဏ်ရာပဲရချင်နေတော့


နှလုံးသားကို ဆောက်နဲ့ထွင်း


အနက်ရှိုင်းဆုံးမှာ မြုပ်နှံထားတယ်..........


အဲ့ဒါ ကလေးမ မင်းကိုသိပ်ချစ်တယ်...........။


{လေတံခွန်}

2 comments:

ဂျေဂျူဝိုင် said...

ဟ ထားခဲ့မယ်လည်းဆိုသေး မင်းကို သိပ်ချစ်တယ်လည်း ဆိုသေးပါလား လေတံခွန်ရ။ ဒဏ္ဍာရီဆန်ဆန်လွမ်းမယ်ဆိုရင် ကောင်မလေးကို ထားခဲ့ ငှဲငှဲ

kaungkinpyar said...

အို မထားခဲ့ပါနဲ့ ခေါ်သာသွား..

Post a Comment