(က)
ငါနင့်ကိုလွမ်း
တကယ်တမ်းဆို ခမ်းနားခြင်းတွေ
အရမ်းများတယ်....။
(ခ)
စကားလုံးတွေဆန်း
အရမ်းချစ်တယ်ဆိုတာ အဓိပ္ပါယ်ဖွင့်ရန်
သိပ်ကိုခက်တယ်........။
(ဂ)
ပြောင်းလဲခြင်းတွေများ
နှလုံးသားကိုဦးထားတယ်.....
တစ်ဦးတည်းသော ချစ်ရသူ.....
စဉ်းစားရင်းအချင်းများမယ်
အာဒံရဲ့နံရိုးကဧ၀ဆို
ငါရဲ့အသည်းတစ်ခုဟာ ကလေးမ မဖြစ်နိုင်ဘူးလို့
ဘယ်သူပြောလဲကွယ်......
ကြယ်တွေကြွေတာ အရမ်းလှပေမယ့်
တကယ်ကြွေတဲ့ကြယ်က ဘ၀ကိုဆုံး
အားလုံးကို ပေးဆပ်ရတာပဲလေ.........။
အကယ်၍............
ကြွေတဲ့ကြယ်ဟာ ကိုယ်သာဆို
ဆင်းသက်လိုတဲ့ “ခ”ရာမြေက
ကလေးမရဲ့ ရင်ထဲမှာပဲဖြစ်ချင်တယ်.....။
(ဃ)
မနက်ခင်းရဲ့တေးသီချင်းကို
ငှက်တွေဆိုသလို
နှလုံးသားရဲ့အချစ်သီချင်းကို
ရိုးရိုးသားသား ဆိုလိုက်ဦးမယ်......
ကလေးမ မင်းကိုသိပ်ချစ်တယ်.......။
ချစ်ခြင်းနဲ့လွမ်းခြင်းကို
တခမ်းတနားနဲ့ စာဆိုတွေဖွဲ့ဆိုခဲ့တယ်.....
ငါကရိုးရိုးရှင်းရှင်း ရင်ထဲက စကားအရင်းတွေနဲ့ပဲ
ကလေးမကိုလွမ်းတဲ့အကြောင်းပြောမယ်........
အာဒံက ဧ၀ကိုပန်းသီးပေးပြီးချစ်ခဲ့တယ်.....
ငါကနှလုံးသားကိုစတေးလို့ချစ်ချင်တယ်.....
မင်းလိုရင်သုံး မလိုရင် ဖြုန်းလိုက်တော့လေ.....
ငါဆိုတာ စေရာနေ လိုရာသုံး
နင်စိတ်တိုင်းကျဖို့ လိုတရတဲ့ အသုံးအဆောင်ပေါ့........။
(င)
နေပူရင် ထီးလိုနေ
ဆူးလမ်းအတွက် ဖိနပ်ကလေး
မင်းလှဖို့ အဆိပ်မဲ့နှင်းဆီ
ဘာတွေပဲဖြစ်နေဖြစ်နေ
အတိုင်းမသိကို မင်းအတွက်ပေးဆပ်လိုတဲ့
ဆန်တာကလော့စ် ခရစ္စမတ်စ်နေ့အရောက် လာခဲ့ဦးမယ်......။
{လေတံခွန်}
6 comments:
အ ထိရေးဟာ...
သိပ်စိတ်ကူးယဉ်ဆန်တဲ့ ခမ်းနားခြင်းတစ်ခုပါပဲအကို . .
အိမ်း
မေကျော်ပြောသလို အ ထိရေးကွ
ဟုတ်တယ် “အ” အထိရေးရင်တော့တော်တော်ဖတ်လို့ကောင်းမှာ
အခုတောင် တော်တော်ကောင်းနေတာ ဟိ
ဒီကဗျာမျိုးလေး နောက်ထပ် ထပ်ဖတ်ချင်တယ်။
ကောင်းပါတယ် ဗျို့ ...
Post a Comment