ယနေ့သည်......

Tuesday, April 28, 2009

.

ညီမလေးကိုလွမ်းတဲ့အခါ...

ညီမလေးကိုလွမ်းတဲ့အခါ
ညီမလေးရယ်
သတိရခြင်းဆိုတာ
အလွမ်းသက်သက်နဲ့တည်ခဲ့တာပေါ့...။
ကမ္ဘာတွေပြိုခဲ့ရင်တောင်
နေရာတွေဝေးနေရင်တောင်
နှလုံးသားချင်းကိုယ်တို့
နီးစပ်ခဲ့တယ်နော်......။
ချစ်တယ်ဆိုတာ
တစ်ဦးတစ်ယောက်ထဲနဲ့
မပြီးတာမို့ ညီလေးလဲလှမ်းခဲ့ဦးပေါ့....။
ကိုယ်တို့ ကမ္ဘာမှာ အတိတ်တွေကို
လှည့်မကြည့်ကြေးပေါ့ကွယ်.....။
အနာဂါတ်ကိုလဲ ကြိုမျှော်မနေပါနဲ့ကွယ်....။
ပစ္စုပ္ပန်တွေမှာသာ ကိုယ်တို့ နစ်မြောလိုက်ရအောင်
ညီမလေးလဲကိုယ့်ကိုလွမ်းတယ်.....
ကိုယ်လဲညီမလေးကိုလွမ်းတယ်.....
လေဟာနယ်မှာအနမ်းတွေဖလှယ်ခဲ့ကြတယ်....
ညီမလးကကိုယ့်ကိုလွမ်းတဲ့အခါ
ကိုယ်ကညီမလေးကိုလွမ်းတဲ့အခါ
ပန်းပွင့်လေးတွေကြွေကြခဲ့တာပေါ့............။

1 comments:

လင်းဦး(စိတ်ပညာ) said...

အလွမ်းကဗျာဖတ်ရတာ... လွမ်းနေတဲ့သူမို့ တကယ်ထိ၏

Post a Comment