ယနေ့သည်......

Wednesday, April 29, 2009

.

မင်းကိုလွမ်းလို့လေ...

ငါတို့ပျိုးတဲ့
ပန်းဥယျာဉ်မှာ
မေတ္တာသက်သက်
တစ်ယောက်တစ်ဝက်
ပေါင်းကာစပ်လို့
ပျိုးကြဲလိုက်ရအောင်......။
နင်ကငါ့ရင်ကိုနင်း
နှလုံးသားကို
အကြိမ်ကြိမ်ခြွေ
အဝေးကိုပြေးခဲ့ပြန်တယ်လေ....။
ဒါပေမယ့်.......
ငါတို့ပျိုးခဲ့ဖူးတဲ့
ပန်းဥယျာဉ်မှာ
အရင်ကဝေခဲ့တဲ့အနမ်းပန်းတွေ
အလွမ်းတွေအဖြစ်
တဖြုတ်ဖြုတ်နဲ့ကြွေ......
ငါကိုယ်တိုင်လဲ မင်းကိုလွမ်းလို့လေ....။
ဆိုခဲ့ဖူးတဲ့သီချင်း
ငိုခဲ့ဖူးတဲ့သတင်း
ဒါတွေကိုကြားကြားချင်း
မင်းပြန်ခဲ့ပါ........။
အဖြေဆယ်မရအောင် မင်းကိုလွမ်းလို့လေ....။

0 comments:

Post a Comment