ငါတို့နှစ်ယောက်
နှုတ်ဆက်ချိန်မှာ
နှလုံးသားက
ဘာကြောင့်များ
ထုံကျင်နေရတာလဲ....
ငါ့ဘက်ကရက်စက်လို့
နှုတ်ဆက်တယ်မထင်ပါနဲ့
ဘယ်ဘက်ရင်အုံက
နှလုံးသားရဲ့ ကွဲကြေသံတွေ
ဘယ်သူမှမကြားပေမယ့်
ငါ့နားနဲ့ ဆက်ဆက်ကြားခဲ့တာပေါ့....။
ငါ့စိတ်ကမစေပေမယ့်
ကံကြမ္မာကနှင်လေတော့
ငါ့သွားရတော့မယ်လေ.....။
နောက်ဆုံးအနေနဲ့ပြောခဲ့ပါရစေ
ထုံကျင်နေတဲ့ ငါ့နှလုံးသားရဲ့
တစ်ထောင့်တစ်နေရာမှာ
မင်ကြောင်ထိုးသလို
သေရာပါမယ့် ငါ့ချစ်သူကမင်းပါလို့......။
0 comments:
Post a Comment