ယနေ့သည်......

Saturday, August 1, 2009

.

ငါမစားလိုက်တဲ့ခပ်ချဉ်ချဉ်

လောကကြီးကိုငါလာတယ်...
ဗလာသက်သက် အချင်းကငါထွက်ခဲ့တယ်.....။
ဒီ့ထက်ပို ဆင်းရဲတွင်းနက်ဖို့မရှိ.....။

လောကကြီးကိုငါလာတယ်.....
ရမ္မက်တစ်ချက်နဲ့ ၀ါးခနဲဆို ငါငိုတယ်....
ဒီ့ထက်ပိုလောဘတတ်ဖို့သာရှိ...........။

လောကကြီးကိုငါလာတယ်.....
ရစရာရှိတာအကုန်ယူတယ်.....
ပေးစရာရှိတာ ငါဘာများပေးခဲ့ပါလိမ့်.....
တကယ့်တကယ်ဆိုငါက
တစ်ကိုယ်ကောင်း အတ္တနဲ့
ငါ့အတွက်ငါ လောကကြီးထဲ
ထည့်မျှားခဲ့တာ....။

နောက်ဆုံးလောကကြီးကို ငါထားခဲ့တယ်....
လာတုန်းကလို ဗလာသက်သက်နဲ့
အမှောင်ထဲကို တိုးဝင်
စပျစ်သီးချဉ်ချဉ်တွေကို အာလာဒင်မီးခွက်နဲ့
ငါအစားသုံးခဲ့ပါဘူး.......။


{လေတံခွန်}

0 comments:

Post a Comment