ခင်ဗျားတို့ပြောလေ့ပြောထ မရှိတဲ့ ကျွန်တော့်စကားကို ကျွန်တော်ပြောပြမယ်...။ ကျွန်တော် ပြီးမှ ခင်ဗျားတို့ ပြောချင်သေးသပ ဆိုလဲပြောပေါ့...။ ကျွန်တော် ခပ်ဆိတ်ဆိတ်ပဲ နားထောင်ပေးမယ်...။ ကျွန်တော် ပြောနေတုန်း တော့ ဖြတ်မပြော မိစေနဲ့ပေါ့ဗျာ...။ ဒါပေမယ့် ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်မူနဲ့ လွတ်လွတ်လပ်လပ် ကွဲလွဲခွင့်တော့ ရှိလေရဲ့....။ ကဲ ဒါဆို ကျွန်တော်ပြောမယ်.....။
ကမ္ဘာကြီးက စောင်းနေတယ် ဆိုတာခင်ဗျားတို့ဘယ်လိုသိကြတာလဲ...။ ဘာတွေနဲ့များ တိုင်းတာလိုက် ကြတာပါလဲ....။ ခင်ဗျားတို့စောင်းနေကြတာရော မဖြစ်နိုင်ဘူးလား....။ အင်း.... ဟုတ်တယ်....။ သူတစ်ပါးကို စောင်းနေတယ်လို့မပြောရသေးခင် ခင်ဗျားဘယ်လောက်တည့်မတ်လဲ ဆိုတာအရင်ပြန်ကြည့်...။ ကျွန်တော်ကတော့ ခပ်တည်တည်ပဲ... ကမ္ဘာကြီးရဲ့ နှစ်ဆလောက် ကျွန်တော်စောင်းနေတယ်...။ ခင်ဗျားတို့က တည့်မတ်လွန်းတယ်လို့ ကိုယ့်ကိုယ်ကို ယူဆနေကြတဲ့ အချိန်မှာပေါ့....။

"ကမ္ဘာကြီးကစောင်းတယ်.... ငါလဲစောင်းတယ်....
ဒါပေမယ့် မင်းမစောင်းနဲ့.... အေး..... အဲ့ဒါလူပဲ....."
{လေတံခွန်}
0 comments:
Post a Comment