ယနေ့သည်......

Saturday, August 1, 2009

.

ကမ္ဘာလုံးထဲကသစ္စာ

ကမ္ဘာဆိုတာ တည်စထဲက
၂၃.၅ ဒီဂရီတိမ်းစောင်းထားပြီးသား...။
ငါတို့ရဲ့ အမြင်တွေကရော
မွေးစထဲက ဘယ်နှဒီဂရီလောက်
တိမ်းစောင်းပြီးကြပြီလဲ...။

ပင်လယ်ဆိုတာ တည်စထဲက
ရေ ရှိနေခဲ့ပြီးသား.....။
ငါတို့ရဲ့ မနောဝိညာဉ်ထဲမှာရော
လောဘဆိုတာ အချင်းကကျွတ်ထဲက
ရှိနေခဲ့ပြီးသားလား....။

ရေခဲတောင်တွေအရည်ပျော်တယ်.....
မီးတောင်တွေ ငိုတယ်.....
မိုးရေတွေတောင် တိုက်စားတတ်လာတယ်...
ဒါတောင်ကမ္ဘာကြီးက
၂၃.၅ ဒီဂရီပဲ တိမ်းစောင်းနေပေလို့.....။

{လေတံခွန်}

0 comments:

Post a Comment