ယနေ့သည်......

Monday, August 17, 2009

.

ကြယ်ကြွေလမ်းက ကလေးငယ်ငယ်

ကလေးမရေ......
မိုးစက်တွေကပြင်းပြင်းထန်ထန်
ငါ့မျက်နှာကိုလာလာမှန်တယ်.....။

မိုးနှောင်းပိုင်းရဲ့
မျက်ရည်စက်တွေက
ပိုးစိုးပက်စက်ပါပဲ
လွမ်းလို့တော့ထင်ပါရဲ့......
သဒ္ဒါမမှန်တဲ့ မိုးညတွေ
ခါးသက်သက် ကော်ဖီခွက်တွေနဲ့အတူ
ပျော်ဝင်သွားတဲ့နောက်
လွမ်းမိပါတယ်...... ကလေးငယ်ငယ်.......။

လွမ်းခြင်းရဲ့ကန္တာရမှာ
ခပ်ပြာပြာ အိုအေစစ်နေ့သစ်တွေ
ရှိလောက်ပါရဲ့......
နေ့သစ်မှာ ပန်းအဖြစ်
ပွင့်လာတဲ့ကလေးမရေ....
တစ်ရှိုက်လောက် နမ်းကြည့်ခွင့်ရခဲ့ရင်တောင်
ကျေနပ်မိပါရဲ့ကွယ်.....။

အကြည့်တစ်ချက်အတွက်
နှလုံးသားကို လတ်လတ်ဆတ်ဆတ်
အစိမ်းသတ်ခဲ့တာပေါ့......
ဒါပေမယ့်...... သို့သော်လည်း..........
သို့သော်လည်း...... ဒါပေမယ့်ပေါ့ကွယ်.......
ကလေးမရေ......
ကြယ်တွေသွားတဲ့လမ်းမှာ
အလွမ်းတွေလဲ ပန်းတွေကြွေသလို
အနံ့အသက်တွေ ပျောက်ဆုံး.....
အရာအားလုံးဆုံးရှုံးရတော့မှာလားကွယ်..........။


{လေတံခွန်}

5 comments:

www.laypyay.co.cc said...

နေ့သစ်မှာ ပန်းအဖြစ်
ပွင့်လာတဲ့ကလေးမရေ....
တစ်ရှိုက်လောက် နမ်းကြည့်ခွင့်ရခဲ့ရင်တောင်
ကျေနပ်မိပါရဲ့ကွယ်.....။

ကိုလေတံခွန်ရေ့.....အကြံချင်းတယ်တူနေပါလားဗျ။
လာရောက်ခံစားပါတယ်ဗျာ။
အားပေးလျှက်........လေပြေ

Guest said...

ကြယ်တွေသွားတဲ့လမ်းမှာ
အလွမ်းတွေလဲ ပန်းတွေကြွေသလို...
ကြွယ်တွေကို ကြည့်ငေးရင်း အလွမ်းတွေနဲ့ အတူ
ကဗျာလေးကို လာခံစားသွားတယ် လေတံခွန်ရေ

နေမျိုးထက် said...

ကဗျာလေးက လန်းတယ်ဗျာ

ဇူး said...

ကဗျာလေး အရမ်းကြိုက်သွားတယ်... အခုတလော ခံစားမှု့တွေ ပျောက်နေတာ... ကဗျာရေးချင်စိတ်ပြန်ဖြစ်လာတယ်.....(အားကျလို့)

ဖြိုးငယ် said...

လွမ်းခြင်းရဲ့ကန္တာရမှာ
ခပ်ပြာပြာ အိုအေစစ်နေ့သစ်တွေ
ရှိလောက်ပါရဲ့......
နေ့သစ်မှာ ပန်းအဖြစ်
ပွင့်လာတဲ့ကလေးမရေ....
တစ်ရှိုက်လောက် နမ်းကြည့်ခွင့်ရခဲ့ရင်တောင်
ကျေနပ်မိပါရဲ့ကွယ်.....။ ကျေနပ်စရာကြီးကိုဗျ

Post a Comment