ယနေ့သည်......

Sunday, January 10, 2010

.

2pluz band နဲ့ ရှေ့ကိုဆက်နေတဲ့ Dj Linn

လေတံခွန်း    အကို့ရဲ့ Hip Hop ဆိုတဲ့ ဂီတအပေါ် ယူဆချက်လေးပြောပြပါဦးဗျာ
Dj Linnး    မေးခွန်းက Deep တယ်ဗျ   ဒါပေမဲ့ ကျွန်တော့် ရဲ့ Hip Hop ခံယူချက်ကို ပြောရရင် Life style တစ်ခုပဲ   ကျွန်တော်နေ့တိုင်းနေထိုင်နေတဲ့ လောကထဲမှာ Hip Hop အောက်က Elements တစ်ခုကို လုပ်နေရရင် အားပေးနေရရင် ကျွန်တော်ကျေနပ်တယ် ကျွန်တော်လည်း တက်နိုင်တဲ့ ဘက်က ကူညီပေးချင်တယ် ဒါကြောင့် Romantic ghetto ကို ကူညီဖို့ သဘောတူခဲ့တာပါ


လေတံခွန်း    အကို အဲ့သည့် MHC website နဲ့ပထမဆုံးတွေ့ထိမိတဲ့ အချိန်က ကြုံတွေ့ခဲ့ရတဲ့အမှတ်တရတစ်ခုလောက်ပြောပြပေးပါဦး ရှိခဲ့တယ်ဆိုရင်ပေါ့
Dj Linnး    အမှတ်တရ ရယ်လို့တော့ မရှိဘူးထင်တာပဲ။ ရှိရင်လည်း ကျွန်တော်မေ့နေတာ ဖြစ်မယ်။ သူ့ဆိုဒ်မှာ လုံးဝ By Name နဲ့ မကူညီခင်ထဲက သူအကူအညီတောင်းရင်တော့ လုပ်ပေးနေခဲ့တာ။ အမှတ်တရလို့ပြောရမယ်ဆိုရင်တော့ သူ့ဆိုဒ်ကို ကူညီပြီးနောက်ပိုင်း ကျွန်တော့် Gtalk ထဲမှာ Contacts ထောင်ချီနီးပါးရှိလာတာပဲ။ :D


လေတံခွန်း    ဒါဆို အကို သူ့ကို ကူညီလိုက်ခြင်းအားဖြင့် အကို့အတွက် မိတ်ဆွေတွေ တိုးလာတယ်ပေါ့  သူများအကျိုးဆောင်ရင်း ကိုယ့်အကျိုးအောင် ဆိုတာတော့ကြားဖူးတယ် အကိုလဲ သူ့အတွက်အကျိုးဆောင်ရင်းနဲ့အကို့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေများ ကျန်ခဲ့လဲဗျ
Dj Linnး    လေတံခွန်ပြောသလိုပဲ ဆိုရမှာပေါ့။ UG က လူတွေအတွက် နေရာတစ်နေရာလေး သူတို့ ဖန်တီးထားတာတွေကို Collection လုပ်ပေးချင်နေတာကြာပြီ။ သူတို့ကို ကူညီရတဲ့ အတွက်လည်း ကျေနပ်မိပါတယ်။ ဖြစ်နိုင်ရင် Song အပြင် ထပ်တိုးချဲ့ချင်သေးတယ်။ Hip Hop Elements တွေ အကုန်လုံးကိုပေါ့။ ခုလည်း ကျွန်တော်တို့ Hip Hop Arts တွေကို တစ်စုတစ်ဝေးထည်း လုပ်ဖို့ စီစဉ်နေတယ်။ ဖြစ်လာခဲ့မယ် အောင်မြင်မယ်လို့ မျှော်လင့်နေပါတယ်။


လေတံခွန်း    ကျွန်တော် ကြားမိတာ တစ်ခုပေါ့နော် အကိုတို့တွေ ဟစ်ဟော့ ဖိုရမ်တစ်ခု လုပ်ဖို့ စဉ်းစားနေတယ်လို့ကြားရတယ်ဗျ  အဲ့သည့်ဖိုရမ်မှာ ရော ဘယ်လိုအစီအစဉ်တွေလုပ်ဖြစ်မလဲဆိုတာလေးလဲတစ်ချက်လောက်
Dj Linnး    ဟုတ်ကဲ့ ခုနက ကျွန်တော်ပြောခဲ့တာ အဲဒါပါပဲ။ RG လည်း ပါဝင်မယ်လို့ ပြောထားတယ်။ အဲမှာ UG က Mixtape တွေလည်းရမယ်။ UG က သတင်းတွေလည်း တင်နိုင်အောင် ကြိုးစားမယ်။ UG ဆိုတာ သီချင်းမှ မဟုတ်ဘူးဗျ။ အကုန်လုံး ပါအောင် ကြိုးစားမယ် လုပ်မယ်။ Breakdancing, Graffiti, DJ'ing စသည်ဖြင့်ပေါ့။ ကျွန်တော်ဆိုလည်း Hip Hop နဲ့ ပတ်သက်သာတွေ တင်နိုင်ဖို့ ကြိုးစားမယ်။ ကျွန်တော့်ဆီမှာလည်း Learning အခွေတွေ၊ Documentray တွေ အစုံရှိတယ်လေ။ အဲဒါလေးတွေကို ရှယ်ပေးချင်တယ်။ နောက်ပြီးတော့ သီချင်းတီးတဲ့ Software တွေ တီးပုံတီးနည်းတွေကို ကျွန်တော် ဝေမျှနိုင်အောင် ကြိုးစားသွားမယ် ကျွန်တော့်ဆီမှာက သီချင်းဖန်တီးတာနဲ့ ပတ်သက်ပြီး တော်တော်များများ ရှိတယ်


လေတံခွန်း    အကို့နာမည်က ဒီဂျေလင်း ဆိုပြီး ယူထားတာဆိုတော့ အကိုက ဒီဂျေရောတီးလားဗျ
Dj Linnး    ဟုတ်။ အရင်ကတော့ သင်္ကြန်တွေဘာတွေမှာလုပ်ဖြစ်တယ်။ ခုနောက်ပိုင်းတော့ 2 Pluz ဆိုတဲ့ Band အတွက်ပဲ လုပ်ဖြစ်တော့တယ် ရန်ကုန်မှာ မရှိတော့တဲ့ နောက်ပိုင်း။


လေတံခွန်း    ဟုတ်ကဲ့ အကိုကရန်ကုန်မှာမရှိတော့တဲ့နောက်ပိုင်းလို့ဆိုသွားတယ်ဆိုတော့ အကိုက အခုဘယ်နိုင်ငံမှာများရောက်နေတာလဲဗျ
Dj Linnး    ခု ကျွှန်တော် US မှာပါ


လေတံခွန်း    ဟုတ်ကဲ့ အကိုက နိုင်ငံခြားရောက်နေတာဆိုတော့ ကျွန်တော့်ရဲ့ နောက်ပိုင်းအစီအစဉ်တစ်ခုနဲ့ သွားကိုက်နေလို့တစ်ခါထဲပဲမေးလိုက်မယ်နော် အကို US ကိုရောက်တာဘယ်လောက်လောက်ကြာသွားပြီလဲဆိုတာလေး
Dj Linnး     ကျွန်တော်လည်း ဒီရောက်တာ နှစ်နှစ်ခွဲလောက်ရှိတော့မယ် ထင်တယ်


လေတံခွန်း    ဟုတ် အကိုအဲ့ကိုသွားဖြစ်တာ အဲ့မှာ ဆွေမျိုးမိသားစုရှိလို့လား ဒါမှမဟုတ် တစ်ယောက်ထဲ သွားဖြစ်တာလား ဘယ်လိုအကြောင်းကြောင့်သွားဖြစ်တယ်ဆိုတဲ့ ရည်ရွယ်ချက်လေး.....
Dj Linnး    ဆွေမျိုးရှိလားဆိုတော့ Cousin တစ်ယောက်တော့ ရှိတယ် ဒါပေမဲ့ နေတာကတော့ တစ်ယောက်ထည်းပဲ ရည်ရွယ်ချက်ကတော့ ပညာရေးအတွက်ပါပဲ အိမ်ကလွှတ်လို့ သွားတာပါ


လေတံခွန်း    ဟုတ်ကဲ့ ပညာရေးအတွက် သွားတာဆိုတော့ အကို အဲ့ကိုရောက်ရောက်ချင်း ဘယ်လိုအခက်အခဲတွေများ ကြုံခဲ့ရသေးလဲဗျ
Dj Linnး    အခက်အခဲဆိုတာတော့ Everything on my own ပဲ ပြီးတော့ ကျွန်တော်နေတဲ့ City က Mega City မဟုတ်တော့ အစပိုင်း သွားရေးလာရေး ခက်ပါတယ်။ နည်းနည်း သူတို့ နေထိုင်တဲ့ပုံကို လေ့လာပြီးတော့ အံဝင်ကျအောင် ပေါင်းရတာပေါ့


လေတံခွန်း     ဒါနဲ့ အကိုကအဲ့မှာ ဘာကျောင်းသွားတတ်တာလဲမသိဘူးဗျ
Dj Linnး    Major ကတော့ Computer Engineering ကို Math or Physics ဖြစ်ဖြစ်နဲ့ တွဲဖို့လုပ်ထားတယ် ကျောင်းကတော့ လောလောဆယ်ပြောင်းဖို့လုပ်နေတယ် အခုတက်နေတဲ့ College ကနေ (College တော့မပြောချင်ဘူး ညီ။ ဒီမှာတက်နေတာ လက်ချိုးရည်လို့ရတယ်လေ...) :D


လေတံခွန်း    အကို့လိုနိုင်ငံခြားကိုထွက်မယ်ဆိုရင် မြန်မာနိုင်ငံကလူငယ်တစ်ယောက်အနေနဲ့ ဘာတွေပြင်ဆင်ထား သင့်လဲဗျ
Dj Linnး    သူတို့ Culture ဘယ်လိုရှိလည်း သိသင့်တယ်။ Open Minded ဖြစ်ဖို့လိုမယ်။ နောက်ပြီးတော့ ကိုယ်ကျောင်းတက်မယ်ဆို ကိုယ်တက်တဲ့ ဘာသာ ပညာရပ် အကြောင်း သိထားသင့်တယ်။ နောက်ပြီးတော့ နိုင်ငံခြားဖြစ်တိုင်း အထင်ကြီးစရာ၊ ကြောက်စရာ မလိုဘူး နောက်ပြီးတော့ Language ပေါ့ ဒါကတော့ လူတိုင်း သိပါတယ် Language ကျွမ်းရင် အဆင်ပြေဖို့က များပါတယ


လေတံခွန်း    နောက်အဲ့သည်က ပညာရေးစနစ်နဲ့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကွာခြားပုံလေးလဲပြောပြပေးပါဦးဗျာ
Dj Linnး    ကွဲတာကတော့ အတော်ကွာတယ် ဒီက High School က Private School (သို့) နာမည်ကြီး ကျောင်းမဟုတ်ရင် ကျောင်းသားတွေက ညံ့တယ် ညံ့တာမှ တော်တော်ညံ့တာ ဒါပေမဲ့ College နဲ့ University ကျရင်တော့ လုံးဝအဲ့လိုမဟုတ်တော့ဘူး College University မှာက ကိုယ်မရရင် ကိုယ်ခံပဲ ဒါကြောင့် စာလုပ်ရတယ်  ဒီမှာ High School ပြီးတာတောင် သချာင်္ Algebra မရတဲ့လူတွေ ရှိတယ်  English အရေးအသားလည်း လူတိုင်းမကောင်းဘူးဗျး) ဒါကတော့ ကျွန်တော်ဒီရောက်မှ မျက်မြင်တွေ့ရတာလေးတွေပေါ့ ဒါပေမဲ့ စကားပြော အရမ်းကောင်းတယ်


လေတံခွန်း    အကိုရော အဲ့စရောက်တုန်းက ဘာသာစကားအခက်အခဲများရှိခဲ့သေးလားဗျ
Dj Linnး    ဒါကတော့ တစ်ခါတစ်လေ သုံးပုံနဲ့ Accent ကွာတာရှိတယ် ဒါပေမဲ့ ကျန်တာ အဆင်ပြေပါတယ် စကားပြောရတာကြောင့် စိတ်ညစ်လောက်အောင် တစ်ခါမှ မရှိပါဘူး အေးဆေးလောက်ပါပဲ


လေတံခွန်း    ဟုတ်ကဲ့ အကို့အနေနဲ့ အဲ့မှာကျောင်းတတ်လို့ပြီးသွားရင်ရော ဘာဆက်လုပ်ဖို့အစီအစဉ်ရှိလဲမသိဘူးဗျ ဘ၀အတွက် စီမံကိန်းပေါ့
Dj Linnး    အလုပ်လုပ်ပေါ့  အဆင်ပြေရင် Master သို့ PhD ဆက်လုပ်ပေါ့  ဒီမှာက Master မရှိဘဲလည်း PhD သွားလို့ရတယ်လေ  အလုပ်ကတော့ အရင်ဆုံး စလုပ်ရမှာပေါ့ အိမ်ကိုဖြစ်နိုင်ရင် မတောင်းချင်တော့လို့


လေတံခွန်း    အကို့အနေနဲ့ မြန်မာနိုင်ငံကိုပြန်လာဖို့အစီအစဉ်ရှိသေးလားဗျ
Dj Linnး    အင်း  ရှိတယ်း)  ပြန်လာမှာ  ဘာပဲဖြစ်ဖြစ် အမိမြေတော့ လွမ်းတယ်လေး)


လေတံခွန်း    မြန်မာပြည်ပြန်ရောက်ရင်ရော အကို့အနေနဲ့ ဘာတွေလုပ်မယ်လို့ စီမံကိန်းချထားလဲဗျ
Dj Linnး    အဲဒါတော့ မစဉ်းစားရသေးဘူးဗျး)   မြန်မာပြည် အနှံ့လျှောက်သွားဖို့တော့ စဉ်းစားထားတယ်  ကိုယ်ဒီရောက်မှ ငါမရောက်ဖူးတဲ့ နေရာတွေ အများကြီး ရှိပါလား သတိရတယ်


လေတံခွန်း    ဟုတ်ကဲ့ အဝေးရောက်နေတဲ့ မြန်မာပြည်သား တစ်ယောက်အနေဲ့ မြန်မာနိုင်ငံက လူတွေကို ဘာများပြောချင်သေးလဲမသိဘူးဗျ
Dj Linnး    ဟုတ်။ Have fun! Good luck.. Peace out!  လို့ပဲ ကျွန်တော်ပြောနေကျအတိုင်း ပြောချင်ပါတယ်


လေတံခွန်း    ဟုတ်ကဲ့ အခုနောက်ဆုံးအနေနဲ့ ကိုဒီဂျေလင်း တီးတဲ့ သီချင်းတွေနားထောင်ချင်တာပဲဖြစ်ဖြစ် ဟစ်ဟော့နဲ့ပါတ်သတ်တဲ့ တစ်စုံတစ်ခုကိုမေးချင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် အခြား လူငယ်သဘာဝ လှမ်းပြီး မိတ်ဆက်ချင်တယ်ဆိုရင် ဆက်သွယ်ရမယ့်လိပ်စာလေး..........
Dj Linnး     www.2pluz.net, dj@2pluz.net တို့မှာ နားထောင် ဆက်သွယ်လို့ရပါတယ်ခင်ဗျာ။


လေတံခွန်း     ဟုတ်ကဲ့ ခုလို ကျွန်တော်မေးသမျှပေါက်တတ်ကရတွေကို စိတ်ရှည်လက်ရှည်ပြန်ဖြေပေးလို့ ကျေးဇူးပါဗျာ.........





Interviewed by လေတံခွန်




စာကြွင်း  ။       ။  ဒီတစ်ခေါက်အင်တာဗျူးလေးကို ကျွန်တော်ကိုယ်တိုင်လဲ အားမရပါဘူး...........။ တစ်ခုခုလိုနေသလို ခံစားရတယ်....။ ဘာတွေလိုနေတယ်ဆိုတာလေးလဲ ဝေဖန်ပေးကြပါဦးဗျာ.........။

1 comments:

h3LLmAN said...

တယ်ဟုတ်ပါလား ... ကောင်းရော ... အကုန်လုံးပါသွားပါရော ...း)

Post a Comment