ယနေ့သည်......

Friday, January 22, 2010

.

ဒါကြောင့်ပဲ နင့်ကိုငါ လွမ်းတယ်

တကယ်ပါပဲ

မထင်မှတ်ခဲ့ပါဘူး

ကိုယ့်ဘ၀နဲ့ကိုယ်

မျက်နှာလွဲခဲပစ်

ငါမင်းကို နှလုံးသားနဲ့ ချစ်ခဲ့တာပါ.......။

မသိမသာပဲလွမ်းတယ်

ထုတ်ဖော်ပြတဲ့ လွမ်းခြင်းတွေကိုမှ

မင်းမသိလိုက်တာပဲ

ဒီလိုနဲ့ ဟိုတစ်ခါကောင်းကင်က

အနီရောင်တွေလင်းလို့

သူတို့ပြောတဲ့ နှုတ်ဆိတ်ခြင်းနဲ့ပဲ

မင်းကိုငါလွမ်းပါတယ်ကွယ်......။

မထင်မှတ်တာတွေကို မထင်မှတ်သလိုပါပဲ

မင်းင့ါကို ကစားခဲ့သလား(တိကျခြင်းမရှိ)

အရာရာဟာတကယ်နတ္ထိဆိုသလို

မင်းအတွက် ငါအရာရာကိုပေးဆပ်ဝံ့ခဲ့ပါတယ်......။

ဒီလိုနဲ့ပဲ ငါ့ကမ္ဘာမှာ နွေခေါင်ခေါင်ကြီး

မိုးကြိုးတွေ ပိုးစိုးပက်စက်ပစ်

နင် က ငါ့ရင်ကို မစာမနာ ဓါးနဲ့ခြစ်သွားခဲ့တယ်.....

အဲ့နေရာမှာပဲ ငါကျဆုံးသွားခဲ့တယ်.....

မမျှော်လင့်သော အကြောင်းအချက်နဲ့

တစ်ယောက်နဲ့တစ်ယောက် ဝေးကြဖို့

စာရွက်စာတန်းတွေဖြတ်သန်းသွားခဲ့တယ်....

ဒါကြောင့်ပဲနင့်ကိုငါလွမ်းတယ်................။

{လေတံခွန်}

ကိုယ့်ကိုယ်ကိုတော့သိတယ်.........။ ဒီကဗျာ သောက်ရမ်းပိန်းတယ်...။

0 comments:

Post a Comment