ယနေ့သည်......

Monday, January 4, 2010

.

ရင်ဘတ်ခိုးသွားတဲ့မသီတာ

ရင်ဘတ်ခိုးသွားတဲ့မသီတာ


မသီတာရေ


ဒီနေ့မှသိတာပါ


ရင်ထဲကိုရိုက်ခတ်


ပြုံးစစ မျက်ဝန်းတစ်ချက်နဲ့


ကျွန်တော့်ရင်ကိုထွင်း


အနာတွေရင်းစေခဲ့ပြီလား..........။


ကိုယ့်ကိုယ်ကိုတောင်မသိတော့ပါဘူးဗျာ


ဆောင်းတွင်းမှာ နွေးထွေးတဲ့မျက်ဝန်းတစ်စုံကို


တပ်မက်မောမိတာပါ.........


နဖူးကစလို့ခြေဖျားအထိဆိုတာတကယ်ပါ


မသီတာရဲ့ နဖူးပေါ်က ဆံစလေးတွေကအစ


ခြေဖျားက အပြာရောင်ခြေသည်းလေးတွေအထိပေါ့


မြတ်နိုးမိပါပြီ မသီတာ........။


ချစ်ခြင်းဆိုတာ ခက်လွန်းပါတယ်


မြင်ရက်နဲ့ချစ်တယ် မမြင်ရလဲချစ်တယ်....


အဲ့ဒါတကယ်ပါ..........


နောက်မြင်ရက်နဲ့လဲ လွမ်းရပါတယ်


မမြင်ပြန်တော့လဲ လွမ်းရပါပြန်ရော.....


အဲ့ဒါတွေက နှလုံးသားပြုစားခံရခြင်းတွေပေါ့ မသီတာရေ......။


မသီတာတော့ ဘယ်သိပါ့မလဲ


ဒီလူက ပြူစားခြင်းခံလိုက်ရသလို


ကမ်းဝေးလှောင်အိမ်ထဲက ငှက်တစ်ကောင်လို


ခြေမကိုင်မိ လက်မကိုင်မိနဲ့လေ......


အယောင်ယောင်အမှားမှား


အော့ဖ်လိုင်းဖြစ်သွားတဲ့ ဂျီတော့လေးကို


ခဏ ခဏထောက်မိလျက်ပေါ့............။


ယုံရဲ့လားမသီတာ.....


ရင်ထဲက စကားပါ....


မယုံတော့တဲ့အခါဆိုလဲ


ဒီလူရဲ့ ရင်ထဲကိုလာကြည့်ပါဦး


မီးတောင်တွေပေါက်ကွဲနေတာမှ


ရင်ခုန်သံကိုမမှီပါဘူးဗျား.......


တကယ်ပါ......


နောက်ဆုံးတစ်ခေါက်ပြောပြမယ်.....


တကယ်ချစ်မိတာပါ မသီတာ......။


{လေတံခွန်}

0 comments:

Post a Comment