ယနေ့သည်......

Monday, January 4, 2010

.

လွမ်းခြင်း ရဲ့ ဆောင်းလယ်ပုံပြင်

လွမ်းခြင်း ရဲ့ ဆောင်းလယ်ပုံပြင်


ငါမှားတယ်ပဲထားပါတော့


ဘာစားစား နင်ကျွေးတာလောက် မမြိန်တော့ဘူး


တစ်ခါကနင်ပြောတဲ့ စကား


ငါ့နားမှာ ကြားနေတုန်းပဲ


ဝါးတားတားနဲ့ “သစ္စာ”ဆိုတဲ့စကား


2009 ဒီဇင်ဘာနှင်းနဲ့ များရောသွားသလား


တိုးတိုးတိတ်တိတ်လေးပဲ နောက်ဆုတ်


ငါ နင့်ကိုချစ်လို့ ကျောက်ရုပ်လို


တစ် တစ် တစ် အမှတ်စဉ်ရေနေတာ မဟုတ်


နာရီသံကိုရေနေတာ........


နင် နဲ့ ဝေးသွားတဲ့ မနေ့က နာရီတွေ


တစ် တစ် တစ် နဲ့ပဲ ရေရွတ်


မနက်ဖြန်ဆို ငါသွားတော့မယ်.......။


နေုာက်ဆုံးတစ်ခုတော့ တောင်းဆိုမယ်


ငါ့နှလုံးသားကို အခေါင်းမသွင်းခင်မှာတော့


လက်ပြပေးပါဦး   တမ်းတတဲ့ ကြယ်ဖြူရေ......


မသိမသာပဲ ထွက်ခွာသွားမှာပါ


ငါကတော့ အမှတ်တရတွေ တပုံတပင် တူးဖော်နေဦးမှာပေါ့


ဒီ Valentile ကိုရောက်ရင် မနှစ်ကလို


ကြယ် ပျိုးတဲ့ ကဗျာတစ်ပုဒ်လောက်ဖြစ်ဖြစ်


ငါမျှော်ဦးမယ်..............။


နင်သိလား..... ကြယ်ဖြူ


အဲ့ဒါကငါ့လွမ်းချင်းလေ...


နင်မရှိတော့တဲ့ မကွေးဆောင်းက


မနှစ်ကထက် ပိုအေးသယောင်ယောင်ပဲ


နင်နဲ့အတူ နွေးထွေးခြင်းတွေပါ လွင့်ကွယ်သွားပြီ


နင်ကတော့မသိဘူး


နင်မှမဟုတ် ဘယ်သူမှမသိဘူး


ငါပဲသိတယ်..............


ဒါကြောင့် ငါ ခပ်ရှင်းရှင်းပဲ


နင့်ကို ထပ်ထပ် လွမ်းဦးမယ်ဆိုတာ


နင်မယုံရင်တောင် ငါက ပုံပြင်တွေ ဆက်ပြောဦးမှာ


နားထောင်.................


လွမ်ခြင်းရဲ့ ဆောင်းလယ်ပုံပြင်...................။


{လေတံခွန်}

3 comments:

ဇာဏီ said...

ကောင်မလေး ရန်ကုန်ကို Transfer ရသွားတယ်မလား
း)

အိပ်မက်ငယ် said...

မောင်လေးရေ... ကောင်မလေးက မကွေးကို ခဏတောင်မလာဘူးလား။ ခံစားချက်ကိုလဲ သိနေတော့ ကဗျာလေးက တော်တော်ထိတယ်ကွ...။ :)

မေဘုန်းမြင့်သော် said...

ကြယ်ဖြူမရှိတော.တာနဲ့ကျောင်းမတတ်ဘဲတော.မနေနဲ့နော် သိလားး)

Post a Comment