သည်တစ်ခါတော့ ကိုဇာဏီ နဲ့ဗျူးဖြစ်ပါတယ်....။ သူနဲ့ကတော့ ဘလော့လောကနဲ့ စာပေအကြောင်းမဗျူးတော့ပဲ သူကျောင်းလာတတ်နေစဉ် ကြုံတွေ့ရတဲ့ အခက်အခဲနဲ့ သူ့ရဲ့ ယူဆချက်တွေကို တီးခေါက်ကြည့်မိပါတယ်...။ ဘလော့လောကနဲ့ စာပေအကြောင်း မမေးဖြစ်ခြင်းကတော့ အကြောင်းအရာတွေ တူလာရင် စာဖတ်သူပရိသတ် အတွက် ပျင်းရိစရာကောင်းသွားမည်ဆိုးသောကြောင့်သာဖြစ်ပါသည်......... ကိုဇာဏီ ရဲ့ စိတ်နေသဘောထားနဲ့ သူ့ရဲ့ သူ့ကျောင်းအပေါ်ထင်မြင်ချက် နယ်ကကျောင်းလာတတ်ရတဲ့ ကျောင်းသားတစ်ယောက်ကြုံရတဲ့ အခက်အခဲတွေကို အကြမ်းဖျင်းတော့ သိသွားကြမယ်လို့ထင်ပါတယ်.........။
လေတံခွန်း အရင်ဆုံးအကို့နာမည်လေးတစ်ချက်လောက်
ကိုဇာနည်မျိုး: နာမည်အရင်းက ဇာနည်မျိုးပါ အရေးခင်းတုန်းက အာဇာနည်နေ့ မှာမွေးတယ်လို့အမေက ပြောပါတယ် ဒါပေမယ့် မှတ်ပုံတင်ထဲမှာတော့ မဟုတ်ဘူးဗျး)
လေတံခွန်: အကို့ဇာတိကရောဗျ
ကိုဇာနည်မျိုး: တနသာင်္ရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့က ကင်းရှေ့ ဆိုတဲ့ ရွာလေးကပါ ကျနော်က တောသားလေးပေါ့
လေတံခွန်: ဟုတ်ကဲ့ အကို့အနေနဲ့ ဒီ သွားဆေးတက္ကသိုလ်ကို ပထမဆုံးအကြိမ်လာတတ်တုန်းက အကိုကြုံခဲ့ရတဲ့အခက်အခဲလေး..........
ကိုဇာနည်မျိုး: အင်းပြောရမယ်ဆို နည်းနည်းတော့များမလားပဲ ကျောင်းမဖွင့်ခင် တစ်ခေါက်ရောက်ဖူးတယ် ၃ ရက်တည်းနေပြီး ထားဝယ်ပြန်သွားတယ် ကျောင်းအပ်သွားတယ်လေ နောက်တစ်ပတ်မှ ကျောင်းပြန်လာတက်တယ် ကျောင်းကိုရောက်ရောက်ချင်းဘယ်အတန်းက ပထမနှစ် အခန်းမှန်းမသိလို့ ၀န်ထမ်းတွေကို အကူအညီလှမ်းတောင်းရပါတယ် အခန်းဝ ကိုရောက်တော့လည်း အခန်းထဲကို မ၀င်ရဲလို့ အပေါက်ဝမှာ အချိန်တော်တော်ကြာရပ်နေခဲ့ပါတနယ် အခန်းထဲမှာ ဆရာမ စာသင်နေလို့ပေါ့ ဆရာမ စာသင်ပြီးထွက်သွားမှ အခန်းထဲကို ၀င်ရဲတာပေါ့ပြီးတော့ နောက်ဆုံးတန်းမှာ တစ်ယောက်တည်း သွားထိုင်နေခဲ့တာပေါ့ အဲဒီချိန်မှာ တော့ ရင်ခုန်နေပါတယ် နောက်တော့လည်းအဆင်ပြေသွားတာပေါ့ဗျား)
လေတံခွန်: ဟုတ်ကဲ့ ခုနကအကိုပြောသွားတဲ့ထဲမှာ ကျောင်းအပ်ပြီး ဇာတိကို တစ်ပါတ်လောက်ပြန်သွားတယ်ဆိုတာက အဲ့တုန်းက အဆောင်မငှားရသေးလို့လား ဒါမှမဟုတ် ရန်ကုန်မှာ တစ်ယောက်ထဲနေရမှာကို ကြောက်ရွံ့မိလို့လားဗျ
ကိုဇာနည်မျိုး: ဟုတ်ကဲ့ အဆောင်မငှားရတေးတာရယ် ဘာမှ အစီစဉ်ပဲ တက်လာတာရယ်ကြောင့် ထားဝယ် ခဏ ပြန်ပြီး လိုအပ်တာလေးတွေ ပြန်သွားယူခဲ့တာပါ
လေတံခွန်: အဲ့လိုထားဝယ်ပြန်သွားတဲ့အခါကျတော့ရော လမ်းပန်းဆက်သွယ်ရေး အဆင်ပြေရဲ့လားဗျ
ကိုဇာနည်မျိုး: အင်း ပြန်တဲ့အခါမှာတော့ ကားနဲ့ပဲပြန်တာဆိုတော့ တစ်ရက်တစ်ည ကြာမှ ထားဝယ်ရောက်ပါတယ် အချိန်ကြာတာကလွဲရင် လမ်းခရီးအဆင်ပြေပါတယ်ဗျ
လေတံခွန်: ဟုတ်ကဲ့ ဒါပြီးတော့ အကို့ကိုမေးချင်တာက အကိုက ဘာလို့ ဒီလိုအဝေးကြီးမှာအိမ်နဲ့ခွဲပြီး သွားတတ်ရတဲ့ သွားဆေးတက္ကသိုလ်မှာ သွားတတ်ရတယ်ဆိုတဲ့အကြောင်းလေးဗျ ဆိုလိုတာက အမှတ်မှီလို့ ဒါမှမဟုတ် ထားဝယ်မှာမတတ်ချင်လို့ စသဖြင့်ပေါ့ဗျာ
ကိုဇာနည်မျိုး: ဟုတ်ကဲ့ ကျနော်ဆယ်တန်းအောင်တော့အမှတ်ကလည်း မများလှပါဘူး 425 မှတ်ပဲရတာပါ ဖြစ်ချင်တော့ တက္ကသိုလ်တွေကို တန်းစီပြီးအရင်လျှောက်လိုက်ပါတယ် ဘာတက်ရတက်၇ဆိုပြီး ဘာလို့လဲဆိုတော့ ဆယ်တန်းအောင်တဲ့အချိန်မှာ အဖေက ထိုင်းမှာ အလုပ်လုပ်နေလို့ပါ အမေက ကျနော့်သဘောဆိုပြောတာနဲ့ လျှွှောက်လိုက်တာ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျလာပါတယ် ပထမ တပ်မတော်ဆေးကိုလျှောက်မယ်လုပ်တော့ အဘွားက သဘောမကျတာရယ်ကြောင့် သွားဆေးကို အမှတ်လည်းမှီသွားတာနဲ့ တက်ဖြစ်သွားတာပါ စတက်တုန်းကတော့ ဆရာဝန်ဖြစ်ချင်လို့ရယ်မဟုတ်ပါဘူး အမှန်တိုင်းပြောရရင် မရွေးချယ်တတ်တော့လို့ဆိုရပါမယ်း)
လေတံခွန်: ဟုတ်ကဲ့အကို ခုကျောင်းတတ်လာတဲ့တစ်လျှောက်ပေါ့ဗျာ ကြုံခဲ့ရတဲ့အမှတ်တရတစ်ခုခုပေါ့ ရှိခဲ့ရင် တစ်ချက်လောက်ပြောပြပါဦးဗျာ
ကိုဇာနည်မျိုး: ဘယ်လိုလဲဗျ ခံစားမှု ကိုပြောတာလားအခြားတစ်ခုခုများလားဗျ
လေတံခွန်: အမှတ်တရလွဲချော်မှုမျိုးပေါ့
ကိုဇာနည်မျိုး: လွဲချော်မှူမျိုးကိုပြောတာလားး) ဟုတ်ကဲ့လွဲချော်မှုတွေကတော့များသားဗျ တစ်ခုပြောပါမယ် ကျနော်ပထမနှစ်တုန်းက ကိစ္စလေးပဲပြောပါမယ် ကျောင်းတက်တာ တစ်ပတ်လောက်ရှိတဲ့အချိန်မှာပေါ့ ကျနော်က အခန်းထဲ့ ကကျောင်းသားအကုန်လုံးကိုမသိပါဘူး သေးဘူးပေါ့အတန်းထဲမှာ ခန္ဒာကိုယ်ခပ်ကြီးကြီးနဲ့ ကျောင်းသားတစ်ယောက်ပါပါတယ်သူ့ကို ကျနော်က ကျောင်းသားမှန်းမသိပဲ ဆရာဆိုပြီး အတန်းဘယ်ချိန်စမလဲဆရာဆိုပြီးသွားမေးလို့ ပြန်ဆဲလိုက်တာ ခံရဖူးပါတယ် သူလည်း ရယ်ပြီးဆဲလိုက်တာပါး)
လေတံခွန်: နောက်အကို ရန်ကုန်မှာ တစ်ယောက်တည်းနေရတဲ့အခါကြုံရတဲ့ အခက်အခဲ လေးတွေ ဥပမာ လိုင်းကားမှားစီးတာတို့ ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရတာတို့ပေါ့ဗျာ အဲ့ဒါမျိုးလေးတွေရှိခဲ့ရင်လဲ ပြောပြပါဦးဗျာ
ကိုဇာနည်မျိုး: ဟုတ်ကဲ့ ရန်ကုန်စရောက်တဲ့နှစ်မှာ ကျောင်းက လွဲပြီး ဘယ်ကိုမှ မသွားတတ်ပါဘူး မြို့ထဲကိုတစ်ခေါက်အရဲစွန့်ပြီး ဘတ်(စ်)ကားနဲ့သွားတယ် အဆာင်ကိုဘယ်လိုမှ မပြန်တတ်တော့လို့ မော်တော်ပီကယ်ကို သွားပြီး ဘတ်(စ်)ကားစီးဖို့ အကူအညီ သွားတောင်းခဲ့ရပါတယ်ခါးဗိုက်တော့ မနှိုက်ခံရဖုးပါဘုး ပိုက်ဆံကလည်း နည်းလို့နေမှာပါး)
လေတံခွန်: ဒါဆိုအကိုက ပထမနှစ်တစ်နှစ်လုံးမြို့ထဲကိုတစ်ခေါက်ပဲထွက်ဖြစ်ခဲ့တယ်ပေါ့
ကိုဇာနည်မျိုး: တစ်ခါတစ်လေ နေမကောင်းတာတို့ဘာတို့ကျတော့အိမ်မှာ အဟုတ်တော့အဆင်မပြေုဖစ်ရပါတယ် တစ်ခေါက်တည်းတော့မဟုတ်ဘူး သူငယ်ချင်းတွေအကူအညီနဲ့ ဆယ်ခေါက်လောက်တော့ သွားဖြစ်လားပဲ သွားတဲ့အချိန်တိုင်း ရန်ကုန်သား သူငယ်ချင်းတစ်ယောက်ကိုခေူခေါ်သွားရပါတယ်
လေတံခွန်: ဟုတ်ကဲ့ အကို ကျောင်းတက်လာတဲ့သက်တမ်းတစ်လျှောက် ရော ကျောင်းနဲ့ပါတ်သတ်ပြီး ဘာအခက်အခဲများရှိခဲ့ဖူးလဲမသိဘူးဗျ
ကိုဇာနည်မျိုး: ဟုတ်ကဲ့ ကျနော်က ဆယ်တန်းကို နယ်မှာအောင်လာတဲ့သူဆိုတော့ အမှန်တိုင်းပြောရရင် အင်္ဂလိပ်စာအပိုင်းမှာ သူများနောက်ရောက်နေခဲ့ပါတယ် အခုထိလို့ ပြောရင်ရပါတယ် တစ်ခါတစ်လေ စာတစ်ပုဒ်ဖတ်လိုက်ရင် ကိုယ်မသိတဲ့စကားလုံးတွေအရမ်းများနေလို့ အဘိဓါန်လေး အများဆောင်ထားရပါတယ်
လေတံခွန်: ဟုတ်ကဲ့ တခြား ကျောင်းနဲ့အဆင်မပြေတာတို့ ဘာတို့ရောရှိဘူးလားဗျ
ကိုဇာနည်မျိုး: ဟုတ်ကဲ့ ဒုတိယနှစ်တုန်းက ဆေး-၂ က ကျောင်းသားတစ်ချို့နဲ့ သထူံကွင်းထဲမှာ ဘောလုံးကန်ရင်း ရန်ဖြစ်ခဲ့ပါတယ် စီးပွားရေးတက္ကသိုလ်မှာ တော့ အတန်းထဲ့ က သူငယ်ချင်းတွေနဲ့ ပြဿနာဖြစ်လာတယ်လို့ကြားခဲ့ပါတယ် စီးပွားရေး တက္ကသိုလ်မှာတော့ ကျနော်မပါခဲ့ပါဘူး
လေတံခွန်: အဟိ လွဲကုန်ပြီမေးတာနဲ့ဖြေတာနဲ့ ကျွန်တော်ဆိုလိုတာက ကျောင်းနဲ့ပါတ်သတ်ပြီးတော့ အကို့အတွက် ပြဿနာရှိခဲ့ဖူးလားလို့ပြောတာပါ
ကိုဇာနည်မျိုး: ကျောင်းနဲ့ပက်သက်ပြီးတော့ ပြဿနာတော့မတက်ခဲ့ပါဘူး... သူငယ်ချင်းနှစ်ယောက်ကတော့ ပထမ နှစ်မှာတင်ပဲ ၂ ခါကျပြီူးကျောင်းထွက်သွားရပါတယ်း)
လေတံခွန်: အကိုတို့ကျောင်းကဆရာဆရာမတွေရဲ့ သင်ပြပုံနဲ့ ပါတ်သတ်ပြီး အကို့အနေနဲ့ဘာများပြောချင်သေးလဲမသိဘူးဗျ
ကိုဇာနည်မျိုး: ဟုတ်ကဲ့ ဆရာဆရာမတွေကတော့ သူတို့သိတာတွေကို ဆရာစားမချန်သင်ပေးနေတယ်လို့ ယူဆမိပါတယ် သင်ယူတဲ့သူပေါ်မှာမူတည်ပြီး ရတာလည်းကွဲသွားတယ်လို့ဆိုချင်ပါတယ် ဆရာ ဆရာမတွေကတော့ တကယ်ကို စေတနာနဲ့ သင်ပြပေးနေခဲ့တာပါ
လေတံခွန်: အခုလက်ရှိ သင်ကြားနေရတဲ့ စနစ် အပေါ်ကိုရော ဘာများထင်မြင်ချက်ပေးချင်သေးလဲမသိဘူးဗျ
ကိုဇာနည်မျိုး: ဘယ်လိုစနစ်ကိုလဲ မသိဘူးဗျ
လေတံခွန်: ခုသင်နေရတဲ့ ပညာရေးစနစ်ကိုပြောတာပါ
ကိုဇာနည်မျိုး: ဟုတ်ကဲ့ ဘယ်လိုပြောရမလဲ ... ကျနော်တို့က ဒီထက်ပိုကောင်းအောင်မလုပ်နိင်တော့ အခုစနစ်ကိုပဲ ကျေနပ်စွာ သင်ယူနေပါတယ်
လေတံခွန်: နောက်ဆုံးမေးချင်တာက အကို့အနေနဲ့ ဒီကျောင်းတတ်နေရတဲ့ကျောင်းသားတစ်ယောက်အနေနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ကြီး အပေါ်ဘယ်လိုမြင်မိလဲမသိဘူးဗျ
ကိုဇာနည်မျိုး: ဟုတ်ကဲ့ ကျောင်းစတက်တက်တုန်းက သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ရဲ့အရေးပါမှုကို ကျနော်ကောင်းကောင်းမသိခဲ့ရပါဘူး...... သွားဆေးခန်းဆိုတာလည်းတစ်ခါမှ မသွားဖူးခဲ့ဘူးအခုကျောင်းကိုတစ်တန်းပြီးတစ်တန်းတက်လာရတဲ့အခါမှာတော့သွား နဲ့ပက်သက်တဲ့ရောဂါတွေသိလာရတယ် အသက်ဆုံးရှုံးရနိင်လောက်တဲ့ ရောဂါတွေအကြောင်းဖတ်ရတယ် လူနာတွေတွေ့လာရတဲ့အခါမှာတော့ ဘယ်လောက်အရေးပါသလဲဆိုတာသိလာရပါတယ် ကျနော်တို့ တက္ကသိုလ်ကလည်း သွားဆေးလောက ကိုအကောင်းဆုံးဖြစ်အောင် သင်ကြားပေးနေပါတယ် ပြီးတော့ အကောင်းဆုံးစောင့်ရှောက်မှုတွေ လည်းပေးနေပါပြီ အခုဆို ခံတွင်းမေးရိုးခွဲစိတ်ကု ဆေးရုံကြီးလဲ ဖွင့်လှစ်ထာြး့ပီးဖြစ်တဲ့အတွက် နေ့စဉ်ကုသမှုပေးနေပါပြီ.. ဒါကြောင့် သွားကျန်းမာရေးအတွက် သွားဆေးတက္ကသိုလ်က အကောင်းဆုံးလုပ်ဆောင်နေတယ်လို့ကျနော်မြင်ပါတယ် တကယ်လို့သွားဆရာဝန်ကို တကယ်ဖြစ်ချင်သူတစ်ယောက်အတွက်ဆို တကယ်ကို အကျိုးရှိမဲ့ကျောင်းတော်ကြီးဖြစ်နေပါပြီ
လေတံခွန်: ဟုတ်ကဲ့ အကို့အနေနဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ဖို့အကြောင်းဖန်လာရခြင်းအတွက် ဂုဏ်ယူမိပါသလားဗျာ
ကိုဇာနည်မျိုး: ဟုတ်ကဲ့ အခုဆို ကျနော်က ကျောင်းတက်ရင်း မနက်ပိုင်းဆို ကိုယ်နဲ့ သင့်တော်တဲ့ (ကုသနိင်မဲ့) လူနာတွေကို ဌာနအလိုက် ကုသခွင့်ရနေပါတယ်ကျနော် ကုသပေးလိုက်တဲ့ လူနာတစ်ယောက် သက်သာသွားတာ ကောင်းကျိုးရသွားတာတွေမြင်ရတဲ့အခါ ကျနော်သွားဆေးတက်နေရာတာ ဂုဏ်ယူမိပါတယ်သွားဆရာဝန်တစ်ယောက်ဖြစ်လာရင်လည်း ဂုဏ်ယူမိမှာ အမှန်ပါပဲ
လေတံခွန်: ဟုတ်ကဲ့ ခုလို ကျွန်တော်မေးသမျှကိုစိတ်ပါလက်ပါ အချိန်ကုန်ခံဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ အောင်မြင်တဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်လာပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်ဗျာ
ကိုဇာနည်မျိုး: ကျနော်ကလည်းအခုလိုဖြေကြားခွင့်ရတာ ကျေးဇူးတင်ပါတယ်ဗျာ ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ
Interviewed by လေတံခွန်
2 comments:
ကျောင်းသာတက်နေရတာ ဘာမှမတတ်လာဘူးဆိုတာရော မပါဘူးလားဗျာ..
ကောင်းပါတယ် နယ်ကကျောင်းလာတက်တဲ့ သူတွေမှာတော့ အခက်အခဲတွေက တစ်ယောက်နဲ့တစ်ယောက်တော့မတူပါဘူး ဘာလို့ဆို ငါလည်း နယ်က လာတက်တာမို့လို့ပါ ....၊
ကျောင်းအပေါ်ထင်မြင်ချက်ကလည်း မတူနိုင်ပါဘူး ...၊ ခုတော့ အကောင်းမြင်ဖို့ကြိုးစားနေပါတယ်...၊
Post a Comment