ယနေ့သည်......

Saturday, January 2, 2010

.

ကျန်ခဲ့ခြင်းများ

၂၀၁၀ ကိုရောက်ထဲက ဘာဆိုဘာမှရေးလို့မရဘူး.......။ ဘာရေးရမှန်းလဲ စဉ်းစားလို့မရဘူး....။ ဒီနေ့တော့ဘာပဲဖြစ်ဖြစ် တစ်ပုဒ်ရအောင်ရေးမယ်ဆိုပြီး စဉ်းစားကြည့်လိုက်တယ်...။ ဘာမှတော့ စဉ်းစားလို့မရဘူး....။ နောက်ဆုံးတော့ အကြံကုန် ဂဠုန်ဆားချက်ရတော့မယ်....။ ကျွန်တော် ဒီနေ့မကွေးပြန်ရတော့မယ်....။ မပြန်ချင်ဘူးဗျာ...။ မကွေးပြန်ရမှာ စိတ်ထဲလေးနေတယ်...။ ဘော်ဒါတွေကလဲ အကုန် ရန်ကုန်ကို transfer ရကုန်ကြပြီ...။ မကွေးမှာ ကျွန်တော် တစ်ယောက်ပဲကျန်ခဲ့တယ်....။  အဲ့လိုကျန်ခဲ့တာကလဲ အကြောင်းရှိတယ်လေ....။ ကျွန်တော်က ဒုတိယနှစ် စာမေးပွဲကို တစ်ယောက်ထဲ ကျအောင်ဖြေခဲ့တာကိုး...။ စာမေးပွဲကို ကျကျချင်းတုန်းကအဲ့လောက် နောင်တမရဘူး...။ ခုမှ နောင်တရနေပြီ.....။ စာမေးပွဲကျလို့ ကျွန်တော် တစ်ယောက်ထဲအထီးကျန်နေခဲ့ပြီ...။ အရင်စာမေးပွဲကျစတုန်းကတော့ ကျွန်တော့်ချစ်သူလေးနဲ့ တစ်နှစ်တည်းတူတူတက်ရတော့မယ် ဆိုပြီး ဖြေသာခဲ့တာ...။ ခုတော့ ချစ်သူလေးကလဲ ရန်ကုန်ကိုပြောင်းလိုက်ရပြီ...။ နောက်ဆုံးတော့ ကျန်ရစ်သူက ကျွန်တော်ပဲ....။ အမြဲလိုလို ကျွန်တော်ပဲ ကျန်ခဲ့ရတယ်....။ အဲ့သည့် ကျန်တဲ့အကြောင်းတွေပြောရင်းနဲ့မှ ငယ်ငယ်က အကြောင်းလေးပြန်ပြောချင်လာတယ်...။ ငယ်ငယ်ဆိုတာလဲ အရမ်းကြီးမငယ်ပါဘူး....။ ၁၀တန်းတုန်းက အကြောင်းလေးတွေပေါ့.......။ ကျွန်တော်ပြောမယ့် ကျွန်တော့်အကြောင်းပေါ့.....။ ဇာတ်လမ်းက ဒီလိုလေးနဲ့စတယ်ဗျ.....။


လွန်ခဲ့တဲ့ ၆နှစ်လောက်ကပေါ့ဗျာ....။ ကျွန်တော်က ၈တန်းကျောင်းသားလေးတစ်ယောက်.....။ သူငယ်ချင်းတွေကအများကြီးပဲ...။ ယောကျာ်းလေးတွေရော မိန်းကလေးတွေရော စုံလို့...။ အဲ့ထဲကမှ တစ်ယောက်သော မိန်းကလေးသူငယ်ချင်းတစ်ယောက်ကို ကျွန်တော် အခြားသူတွေထက် သံယောဇဉ် ပိုတွယ်လာခဲ့တယ်....။ အဲ့အကြောင်းတွေကို ကျောင်းနောက်ဆုံးနေ့မှာ ပြောဖို့ကြံခဲ့တယ်....။ ဒါပေမယ့်ဗျာ ကျွန်တော်က ငယ်ငယ်ပဲရှိသေးတာဆိုတော့ မပြောရဲဘူး....။ ဒါနဲ့မပြောဖြစ်ခဲ့ပါဘူးဗျာ....။ ဒီလိုနဲ့ အဲ့သည့်နှစ်ရဲ့ သင်္ကြန်ကိုရောက်လာခဲ့တယ်...။ အကျနေ့မှာ ကျွန်တော် ရန်ကုန်ကို သွားကြူးခဲ့တယ်....။ ပြန်လာတော့ တစ်ကိုယ်လုံးကိုက်ခဲနေပြီ....။ နောက်နေ့ မကြူးနိုင်တော့ဘူး....။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက်လာခေါ်လို့ မြို့ထဲတစ်ပါတ်ပါတ်မိတဲ့အချိန်မှာပဲ လူတွေအရမ်းရှုပ်နေတဲ့ ကြားမှာ သူ့ကို သွားတွေ့လိုက်တယ်....။ ပထမကဘယ်ကိုမှ မသွားချင်တဲ့ ကျွန်တော် ချက်ချင်းသူရှိရာကိုရောက်သွားခဲ့တယ်...။ ဒီလိုနဲ့ သင်္ကြန်ရက်တွေ ကို သူမပက်တဲ့သင်္ကြန်ရေတွေကို ချမ်းရအေးရမှန်းမသိပဲ တစ်နေကုန်နေခဲ့တယ်....။ သင်္ကြန်ရက်တွေ ဆုံးသွားတော့ ကျွန်တော်လဲသူမအပေါ်ပိုလို့ချစ်လာခဲ့မိတယ်....။


သူမကိုမပြောဖြစ်ခဲ့တယ် စကားတွေကို နောက်တစ်နှစ် ကျောင်းတတ်တော့ ဖွင့်ပြောဖြစ်ခဲ့တယ်....။ ပါးစပ်နဲ့တော့မဟုတ်ဘူး.......။ စာနဲ့......။ ရည်းစားစာရေးပြီးပေးတာပေါ့....။ ဟီးဟီး.....။ ပေးတာကလဲ သူမကိုတိုက်ရိုက်ပေးတာမဟုတ်ဘူး....။ သူမရဲ့ ဆွဲခြင်းလေးထဲမှာ ခိုးပြီးထည့်ထားတာ....။ သူမကလဲ တွေ့တာတော့တွေ့မည်ဟုထင်ပါသည်....။ သို့သော် သူမနှင့် ကျွန်တော်ကြားတွင် ငယ်ငယ်ကလို သူငယ်ချင်းလိုတောင်ပေါင်းသင်းဆက်ဆံမှုမရှိတော့ပေ...။ သူမက မခေါ်မပြောခြင်းမဟုတ်....။ ကျွန်တော်ကသာ ကိုယ့်ကိုယ်ကို ရှိန်နေ၍ စကားသွားမပြောရဲခြင်းဖြစ်သည်...။ ဒီလိုနဲ့ပဲ ထူးခြားမှုဟု၍ မရှိပဲ စာသင်နှစ်တစ်ခုလုံးပြီးဆုံးသွားခဲ့သည်.....။


နောက်တစ်နှစ်......။ ဆယ်တန်းကိုရောက်လာသည်....။ ကျွန်တော်နှင့်သူမကြားတွင် တိုးတက်မှုတစ်ခုတော့ရှိလာသည်...။ ကျွန်တော်က ရည်းစားစာကို စာရွက်နှင့်မရေးတော့...။ စာအုပ်လေးနှင့်ရေးပြီးပေးသည်...။ သူမက စာပြန်သည်.....။ ပြန်မချစ်နိုင်သည့်အကြောင်း....။ ငယ်သေးသည့်အကြောင်းများပြောသည်....။ ကျွန်တော်ကလဲ လက်မလျော့ ခနခန စာတွေရေးပြီးပေးသည်...။ သူနှင့်ကျွန်တော် စကားဖြင့်မပြောပဲ စာများနှင့်သာ တစ်ယောက်နှင့်တစ်ယောက်ကြား သွားလာခဲ့ကြသည်....။  ဒီလိုနဲ့ စာအုပ်တစ်အုပ် ကုန်သွားသည်..။ စာသင်နှစ်လဲကုန်ဆုံးသွားခဲ့သည်....။ ဆယ်တန်း စာမေးပွဲကြီးကိုဖြေဆိုလာခဲ့ရသည်....။ အဲ့သည့်အချိန်မှာပြောင်းလဲမှုများဖြစ်သွားခဲ့သည်.....။ သူမရည်းစားရသွားခဲ့သည်.....


ဤသို့ဖြင့် ကျွန်တော်ကျန်ခဲ့ခြင်းဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့သည်....။ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်.......။

4 comments:

ကိုတိုးကြီး said...

သူများတွေလို ရေးချင်လို့ မှ ရေးစရာမရှိ
သြော် အချစ် အချစ် မင်းဘယ်ရောက်နေလည်းကွယ်

အိပ်မက်ငယ် said...

"အချစ်ဆိုတာ အလို့ ချစ်တာ ကိုယ်ဟာ ငတုံးတစ်ယောက်ပါ" တဲ့ အစ်မကြားဖူးတာလေးတစ်ခုပေါ့။ အမှန်တော့ကွာ အဲဒါကိုပြောခဲ့တဲ့သူက မသိလို့ပါ။ တကယ်က ချစ်လွန်းလို့ အ ပေးလိုက်တာပါ။ ဒါကို ငတုံးလို့ ထင်ချင်လဲ ထင်ပေါ့ကွာ...။ အ နေရတာကို ကျေနပ်နေတော့လဲ.......။ မောင်လေးရေ နောက်ဆို ခုလို ဘယ်အရာမှာမှ မကျန်ခဲ့စေနဲ့နော်...။

ဇာဏီ said...

ကျန်ခဲ့ပြန်ပြီလား ဒီတစ်ခါလည်း
သနားပါ့ကွာနော်.. နိချင်လာဘီ အဟင့် အရွှတ့် ဖတ်း(

မေဘုန်းမြင့်သော် said...

အလို.ချစ်တာမဟုတ်ဖူးဟ
ငါကတော.ချစ်လို.ကိုအပေးလိုက်တား)

Post a Comment