ယနေ့သည်......

Monday, January 4, 2010

.

လွမ်းလို့အိုနေတဲ့ငါ

လွမ်းလို့အိုနေတဲ့ငါ


ကလေးမရေ
အဲ့ဒါကပဲ လွမ်းခြင်းဖြစ်တယ်....။


တစ်ယောက်ကတစ်ယောက်ကိုလွမ်း
သူမသိလဲလွမ်း တခမ်းတနားနဲ့
ကိုယ့်ဘာသာလွမ်းတယ်....။


မှားယွင်းရင် မှားယွင်းလို့
ခရီးမတွင်တာ လမ်းမမြင်လို့
နားမလည်သေးဘူး ကလေးမရေ
ချစ်ခြင်းကိုချစခြင်းလို့ပဲခံစားကြည့်ပါကွယ်...
အခြားအခြားသော ပကာသနတွေလို
မတူတာတွေ နဲ့ မပူပါစေနဲ့ကွယ်....။


တကယ့်တကယ်ဆို
လွမ်းတာပါပဲ.....
ဒီလိုနဲ့လွမ်းရက်နဲ့လွဲခဲ့....
တစ်မြေစီဝေးကွာ နင့်ကိုငါအရမ်းချစ်ခဲ့လဲ
စွန့်လွှတ်ထွက်ခွာ နင့်အလိုအတိုင်းငါ
နောက်ကိုဆုတ် ရှေ့မတတ်ဖို့
ဘ၀ကိုအသုံးပြုလိုက်ပါပြီ.............။


ကမ်းမမြင်လမ်းမမြင်
မကျွမ်းမကျင်ပဲငါ လွမ်းရင်းနဲ့အိုခဲ့ရတယ်............။


{လေတံခွန်}

3 comments:

အိပ်မက်ငယ် said...

ကောင်းပ၏။ :)

အယ်ကို said...

ကမ်းမမြင်လမ်းမမြင်
မကျွမ်းမကျင်ပဲငါ လွမ်းရင်းနဲ့အိုခဲ့ရတယ် ..... ဆိုလို့ငါ့ကိုငါသနားမိသွားတယ် :))

မေဘုန်းမြင့်သော် said...

ဟာ နင်ပြောတာငါတောင်လွမ်းလာပြီနော်း)

Post a Comment