ကျွန်တော်ခုရက်ပိုင်းဘာရေးရမှန်း မသိတဲ့အတွက် အင်တာဗျူးလေးတွေ လုပ်ြပီးတင်ဖို့ စိတ်ကူမိတယ်...။ တကယ်တမ်း အင်တာဗျူးလုပ်ဖို့ကျတော့ ဘယ်သူ့သွားလုပ်ရမှန်းမသိဘူး....။ ကိုယ်ကလဲ တစ်ခါမှ သူများကိုဗျူးဖူးတာ မဟုတ်တော့ ကျွန်တော်နဲ့ ရင်းနှီးတဲ့ မအိမ်မက်ငယ် ကို ဗျူးလိုက်မိတယ်...။ မအိမ်မက်ငယ် ဆိုတာ လူတိုင်းသိတဲ့ ဘလော့ဂါ မဟုတ်ပေမယ့် တော်တော်များများကတော့ သိကြပါလိမ့်မယ်....။ သူ့ရဲ့အရေးအသား ညက်ညောမှုလေးတွေကို သဘောကျတာရော သူဘလော့လောကလေးပေါ်ကိုရောက်လာတာကိုပါ သိချင်တဲ့အတွက် ဗျူးမိတယ်ဆိုရင်ပဲ
လေတံခွန် ။ ။ အမ ရဲ့ အိမ်မက်ငယ်ဆိုတဲ့နာမည်လေးဖြစ်လာပုံလေးတစ်ချက်လောက်......
အိပ်မက်ငယ် ။ ။ အမှန်က နာမည်က အိပ်မက်ငယ် တစ်ခုထဲမဟုတ်ဘူး။ သင်၏ အိပ်မက်ငယ်...အိပ်မက်ဆိုတာ က ညမှာ မက်တဲ့အိပ်မက်ကိုရည်ညွှန်းတာ မဟုတ်ပါဘူး။ မဖြစ်သေးတဲ့ အနာဂတ်တွေ၊ စိတ်ကူးတွေ၊ အိပ်မက်တွေ၊ ရည်မှန်းချက်တွေကို ရည်ညွှန်းချင်တာပါ။ လူတိုင်းဟာ အဲဒီ အနာဂတ်အိပ်မက်... တွေရဲ့တွန်းအားနဲ့ ဘဝကို တည်ဆောက်ကြတယ်လေ။ အစ်မမှာလဲ အဲဒီလိုအိပ်မက်တွေ စိတ်ကူးတွေရှိတယ်။ အဲဒီ စိတ်ကူး အိပ်မက်တွေကို စာဖတ်သူ သင်တို့အတွက် ပုံဖော်တယ်။ အစ်မရဲ့ အိပ်မက်နဲ့ စာဖတ်သူတွေရဲ့ ခံစားချက်တွေမို့ အစ်မရဲ့ အိပ်မက်ထဲက သူတို့ရဲ့အိပ်မက်ကို ရှာတွေ့မယ်ဆို အစ်မအနေနဲ့ အတိုင်းမသိဝမ်းသာမိမှာပဲ။ အဲဒါနဲ့ သင်၏ အိပ်မက်ငယ်ဆိုပြီးဖြစ်လာတာ
လေတံခွန် ။ ။ ဟုတ်ကဲ့ ဘလော့လောကထဲမရောက်ခင်ကတည်းကစာတွေရေးခဲ့တာလို့ အမရဲ့ စာတစ်ခုထဲမှာဖတ်ဖူးတယ်ဗျ အမရဲ့ စာစရေးဖြစ်ပုံလေးပြောပြပါဦးဗျာ
အိပ်မက်ငယ် ။ ။ အင်း ပြောရင်တော့ ရယ်စရာပဲ ငယ်ငယ်တုန်းကရွှေသွေးတွေဘာတွေဖတ်တော့ ရွှေသွေးထဲက ကဗျာလေးတွေ ဖတ်မိတော့ အစ်မအထင် ၄ တန်းလောက်ထင်တယ်။ အဲဒီတုန်းက ကဗျာလေးစရေးဖူးတာ......
မှတ်မှတ်ရရ သင်္ကြန်အတွက်ကဗျာလေး....... ဂိမာန်နွေဦး ရွက်ဝါကြွေ... ပန်းပိတောက်တို့ပွင့်ဖူးနေ... ဆိုတာလေးပေါ့ အဆုံးထိတော့မပြောတော့ဘူး အတိုလေးပဲ အဲဒါက စာရေးခြင်းရဲ့ အစ
လေတံခွန် ။ ။ ဒါဆိုအမက ငယ်ငယ်ထဲက စာပေကို ၀ါသနာပါလာခဲ့တာပေါ့နော်
အိမ်မက်ငယ် ။ ။ အဲဒီလိုပြောလို့ရပါတယ် ၆ တန်း ၇တန်းလောက်မှာ သေချာရေးဖြစ်တယ်
လေတံခွန် ။ ။ အမကဘယ်ဘက်ကိုရေးရတာပိုအားသန်လဲဗျ
အိမ်မက်ငယ်။ ။ စရေးတုန်းကတော့ ကဗျာပေါ့...... ခုကတော့ အကုန်ရေးဖြစ်ပါတယ်။ ရသပိုင်းပေါ့ အဓိကက သန်တယ်ဆိုတာထက်......... စိတ်ထဲမှာ ခံစားမိလာတာကိုရေးတာများပါတယ်။ ဒါပေမယ့် အဲဒီ ၇ တန်းကနေ ဒုတိယနှစ်လောက်ထိ စာ မရေးဖြစ်ခဲ့ဘူး။ ဘာလို့လဲ ဆိုတော့ ၇တန်းနှစ်မှာ အစ်မ အစ်ကိုရဲ့ guide ဆရာမလေး ကားတိုက်ခံရပြီး ဆုံးသွားခဲ့တယ်။ အဲဒီဆရာမလေးက အစ်မရဲ့ စာတွေကို ဖတ်ပေးတယ်။ သူကပဲ အစ်မစာအုပ်တွေကို သိမ်းထားပေးခဲ့တယ်။ သူဆုံးသွားတော့... အဲဒီစာအုပ်တွေကို ပြန်မယူဖြစ်ဘူး။ အစ်မအထင် ဗလာစာအုပ် ၃ အုပ်လောက်ရှိမယ်ထင်တယ်။ နောက်စာမရေးတော့ဘူးလို့လဲ ဆုံးဖြတ်လိုက်တယ်
လေတံခွန် ။ ။ အမစာမရေးတော့ပဲနေရာကနေ ပြန်ရေးဖြစ်တာကရောဗျ
အိမ်မက်ငယ် ။ ။ ၁၀ တန်းမှာ အိမ် နဲ့ ကျောင်းတော်သို့အလွမ်းဆိုတဲ့ ကဗျာ နှစ်ပုဒ်ရေးဖြစ်တယ်။ နောက်တော့ ကျောင်းမှာ သူများတွေရေးနေကြတယ်လေ ကဗျာစာအုပ်တွေလာရောင်းတော့ ဝယ်ဖတ်ဖြစ်တယ် အဲဒါနဲ့ အစ်မလဲ ပြန်ရေးကြည့်မိတယ်။ မရေးတော့ဘူးဆိုတာက ခုနက ဆရာမလေးကို တအားချစ်လို့လေ။ အဲဒီဆရာမလေးကလဲ.... အစ်မကို စာရေးစေချင်တာပဲ ဆိုပြီး ပြန်စမ်းရေးကြည့်မိတယ် အဲဒီမှာ စာရေးရတဲ့ feeling ကိုသဘောကျတာနဲ့ ရေးဖြစ်သွားတာ။ ကျောင်းတုန်းက ကကြိုးမဲ့ မယ်လိုဒီ ဆိုတဲ့ ကဗျာစာအုပ်တစ်အုပ်ထုတ်ခဲ့ဖူးတယ်။
လေတံခွန် ။ ။ အဲ့တုန်းကတော့ ဒီတိုင်းပဲရေးပြီးသိမ်းထားတာလားဗျ မဂ္ဂဇင်းတို့ ဂျာနယ်တို့ကိုရောပို့သေးလား
အိမ်မက်ငယ် ။ ။ အစ်မမှာအတ္တလေးတစ်ခုရှိတယ်... အဲဒီအတ္တက အစ်မစာတွေကို အစ်မတအား တန်ဖိုးထားတာလေ။ မဂ္ဂဇင်း တို့၊ ဂျာနယ်တို့က အစ်မစာတွေကို ပယ်မှာစိုးလို့... တစ်ခါမှ မပို့ခဲ့ဘူး
ပယ်တယ်ဆိုတဲ့ ခံစားချက်ကို မခံစားနိုင်လို့။ နောက် အဲဒီလောက်တန်းဝင်တယ်လို့လဲ မခံစားမိသေးလို့လေ။
လေတံခွန် ။ ။ ကိုယ့်စာတွေအပေါ်ကိုယ်အရမ်းတန်ဖိုးထားတာပေါ့နော် နောက်ထပ်မေးချင်တာက အမ ဘလော့လေးတည်ဆောက်မိသွားတဲ့အကြောင်းလေးပြောပါဦးဗျ
အိမ်မက်ငယ် ။ ။ ဘလော့လေး စလုပ်ဖြစ်တာကတော့ သူငယ်ချင်း တစ်ယောက်ရဲ့ ဘလော့မှာ အစ်မရဲ့ သူငယ်ချင်းဆိုတဲ့ ကဗျာလေးကို တင်ဖြစ်တယ်။ နောက်ပြီး ယနေ့ခေတ်နှင့် အိပ်စက်ခြင်းဆိုတဲ့ ဆောင်းပါးလေး ကို ရေးပြီးတင်ဖြစ်တယ်လေ။ အစကတော့ ......... အစ်မက သူငယ်ချင်းတွေရေးတာကိုအားပေးယုံပါပဲ။ သူ့ဘလော့ စာမျက်နှာပေါ်မှာ.......... ကိုယ့် စာလေးတွေ မြင်လိုက်ရတော့... အစ်မစာတွေကိုလဲ ချပြချင်လာမိတယ်လေ သူငယ်ချင်းကို ကဗျာတွေပြကြည့်တော့ သူက လည်း အားပေးတယ် လုပ်ကြည့်ပါလား ဆိုတာနဲ့ လုပ်ဖြစ်သွားတာ
လေတံခွန် ။ ။ အမဘလော့လေး စလုပ်တော့ ကိုယ်တိုင်ပဲလုပ်ခဲ့တာလား ဒါမှမဟုတ်သူများအကူအညီနဲ့လုပ်ခဲ့ရတာလား
အိမ်မက်ငယ် ။ ။ သူငယ်ချင်းရဲ့ အကူအညီအများကြီးပါပါတယ်။
လေတံခွန် ။ ။ အမအနေနဲ့ အမ ရဲ့ ဘလော့လေးအပေါ်ဘယ်လောက်အထိ မျှော်မှန်းထားဖူးလဲမသိဘူးဗျ
အိမ်မက်ငယ် ။ ။ အစ်မက စာရေးချင်တာပဲ သိတာလေ...။
လေတံခွန် ။ ။ ဟုတ်ကဲ့ ဒါဆို အမ ကိုတစ်ခုလောက်မေးချင်ပါသေးတယ် ခု လက်ရှိ ဘလော့ဂါလောကကြီးအပေါ် ဘယ်လိုယူဆလဲမသိဘူးဗျ
အိမ်မက်ငယ် ။ ။ ဘလော့ လောကနဲ့ ပတ်သက်ပြီးဘယ်လိုမြင်လဲ ဆိုတာကတော့ အစ်မအနေနဲ့ ပြောဖို့စောလွန်းပါသေးတယ်။ လေ့လာဆဲပါပဲ။ ခုမှ သင်ယူလေ့လာဆဲပါ။ အားလုံးရဲ့ဝေဖန်အားပေးမှုကို လိုအပ်နေဆဲပါ။ အိပ်မက်ငယ် ၂ လပြည့်မှာရေးခဲ့သလိုပဲ လမ်းလျှောက်သင်စ အိပ်မက်ငယ် အဆင့်ပဲ ရှိပါသေးတယ်ရှင် အစ်မအနေနဲ့ ပြောရရင်....... အစ်မ စိတ်က စာတွေရေးချင်တယ်... အစ်မစာတွေကို မျှဝေပေးချင်တယ်။ အစ်မကိုယ်တိုင် စိတ်တိုင်းကျတဲ့ စာတွေကိုပဲ ဘလော့မှာ တင်ဖြစ်တယ်။ အောင်မြင်မှုဆိုတာထက် အစ်မကတော့ အစ်မတတ်နိုင်သမျှ စာတွေကို ကြိုးစားရေးသွားမှာပါ။
လေတံခွန် ။ ။ အခုနောက်ဆုံးအနေနဲ့ အမရဲ့ စာတွေကိုလာဖတ်တဲ့ အမရဲ့ ပရိသတ်တွေကို အမအနေနဲ့ ဘာများပြောချင်သေးလဲမသိဘူးဗျ
အိမ်မက်ငယ် ။ ။ အားလုံးရဲ့ ဝေဖန်အကြံပြုမှု comments တွေနဲ့ ရှေ့ဆက်နေတဲ့ အိပ်မက်ငယ် ဥယျာဉ်ပါ။ စာဖတ်သူတို့အတွက် တတ်စွမ်းသမျှ ကြိုးစားရေးသွားမှာပါ။ ဝါသနာ အရရေးနေတာမို့ လိုအပ်ချက်တွေကိုနားလည်ပေးပြီး ဝေဖန်အကြံပြုပေးပါလို့။
လေတံခွန် ။ ။ ဟုတ်ကဲ့ခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်..........။ အမရဲ့ ဘလော့လေးလဲ ဒီ့ထက်အောင်မြင်ပြီး အမလဲ ဒီ့ထက် ပိုပြီး စာတွေရေးနိုင်ပါစေဗျာ...........။
Interviewed By လေတံခွန်
2 comments:
:atb ;-)
လေတံခွန်တို့ ဆားချက်ရာမှာ အဆစ်ပါသွားသည်ပေါ့လေ...။ ကျန်တဲ့ သူတွေလဲ သတိထားနော်။ လေတံခွန်က အလွတ်မပေးဘူး လိုက်မေးမယ့် သဘောရှိတယ်။ :P
Post a Comment