ဒီပွဲမှာ ငါရှုံးသွားပြီ
မသိမသာနဲ့ပဲထွက်ခွာ
ငါ့ကိုယ့်ငါပဲ နိဂုံးချုပ်ပါရစေ..........။
တစ်နေ့ကပြောတယ်
ငါကမရိုးတော့တာတဲ့လေ
ဟုတ်မှာပေါ့..........
အားလုံးက မျက်ကွယ်ပြုသွားတဲ့အခါ
ငါ့ကိုယ်ငါပဲ ရုတ်ချည်းပျောက်ဆုံးပစ်လိုက်တယ်........။
ဟို့လူ့စကား ဒီလူ့စကား
ငါမယုံမှားချင်ဘူးကွယ်....
ဒါပေမယ့် ငါမှားသွားပြီ
မျှော်လင့်ချက်ဆိုတာက ရိုးရိုးလေးပဲ
မသိမသာ ရိုက်ချိုးခံလိုက်ရတဲ့အခါ
ငါ့ကိုယ်ငါပဲ မိုးလင်းပစ်လိုက်တယ်........။
ငါ့ကို ၀ိုင်းညာကြ
ဒါကိုပဲငါကယုံ.......
နင့်ကို ဘ၀အဆုံးထိ
ငါကချစ်တာကိုး.....
မမြင်ကွယ်ရာကနင်
လှောင်ရယ်နေမလား..............
ငါဘာပဲဖြစ်ဖြစ် ကျရှုံးပါရစေ
ကိုယ့်ကိုယ်ကို နိဂုံးချုပ်ပါရစေ
ကိုယ့်ကိုယ်ကိုပဲ ပျောက်ဆုံးလိုက်ပါရစေ
ကိုယ့်ကိုယ်ကိုပဲ မိုးလင်းလိုက်ပါရစေ
အမှောင်တွေ ထဲက ရုန်းထွက်လိုက်ပါရစေ
တောင်ပန်ပါတယ် နင့်ကိုငါ စိတ်မနာပဲ မုန်းပါရစေ..............။
{လေတံခွန်}
ကဗျာမရေးဖြစ်တာကြာပြီ.........။ ဒီနေ့စိတ်ထဲမှာ ၀မ်းနည်းသလိုကြေကွဲသလိုဖြစ်လာလို့ရေးလိုက်တဲ့ကဗျာလေးပါ......။ ကိုယ့်ဘာသာတော့ တော်တော်ခံစားလို့ကောင်းတယ်...။ လာဖတ်တဲ့ အခြား သူတွေအတွက်တော့မသိဘူး..........။ စည်သူလွင် သီချင်းလိုပဲ ကိုယ် ကြေကွဲနေပြီ...............။
1 comments:
ကား ဆိုတာ မောင်းနှင်ဖို့ ဆိုသလို မိန်းမဆိုတာလည်း ချစ်ဖို့ပဲ ဖြစ်တယ် ကိုလေတံခွန် ... လွမ်းဖို့ မဟုတ်ပါ ... :D
Post a Comment