အိမ်
စိတ်ကူးတွေမပိုင်
အိပ်မက်တွေမခိုင်ခင်
အနားတွေသပ်လို့ ခိုလှုံ
လိုရာတွေပေးတဲ့အချိန်
ငါတို့နေတဲ့အိမ်........။
အိမ်
အနိုင်တွေပျောက်
အရှုံးတွေရောက်လို့
ဒူးထောက်ရတဲ့အခါ ကြီးမားသော
အားအင်စု ပေးတတ်တဲ့အချိန်
ငါတို့နေတဲ့အိမ်......။
အိမ်
လောကဓံရဲ့ဒါဏ်
သိပ်ပြီးတော့ပြင်းထန်လာတဲ့အခါ
အာရုံတွေ ထွေပြား
အမျိုးမျိုးမှားလာတဲ့အခါ
တည်ငြိမ်မှုတွေပေးတဲ့အချိန်
ငါတို့နေတဲ့အိမ်......။
အိမ်
တိုင်လေးတိုင်နဲ့ဆောက်တဲ့အိမ်
ဝါးထရံနဲ့ကာတဲ့အိမ်
ဓနိမိုးနဲ့ မိုးတဲ့အိမ်
ဝါးကြမ်းနဲ့ခင်းတဲ့အိမ်
ပြတင်းတစ်ပေါက်နဲ့အိမ်
တံခါးတစ်ခုနဲ့အိမ်
ဘယ်လိုပဲဖြစ်နေဖြစ်နေ
လုံခြုံမှုတွေပေးတဲ့အိမ်..........။
{လေတံခွန်}
အိမ်ဆိုတာကို ပြီးပြည့်စုံအောင် အဓိပ္ပါယ်ဖွင့်ဆိုပေးရန် ခက်ခဲလွန်းလှပါသည်....။ တစ်ဦးနှင့်တစ်ဦး အဓိပ္ပါယ် ဖွင့်ဆိုပုံချင်းလဲ တူကြမည်မဟုတ်ပေ.....။ ဒီကဗျာလေးက ကျွန်တော် Myanmar cyber forum မှာပြိုင်ပွဲလုပ်တုန်းက ၀င်ပြိုင်ဖို့ရေးထားတာပါ.....။ ဒါပေမယ့် ၀င်မပြိုင်ဖြစ်ခဲ့ပါဘူး.............။
5 comments:
ညီလေးမှာ ဘာအိမ်မှ မရှိပါလား ကိုကြီးလေတံခွန် ရယ်
အိမ်လွမ်းနေတာ အတော်ပဲ
အိမ်ထမင်း ငတ်နေတာလေ နာက
ဒီနေရာက ဘဝကို စတယ်... မောပန်းရင် ဒီနေရာမှာနားတယ်... ဒီနေရာက အားနဲ့ပဲ ဘဝကို ဆက်ခဲ့ကြပြန်တယ်... အနာဂတ်တွေ အားလုံး ရိတ်သိမ်းပြီးတဲ့အခါ ဒီနေရာလေးမှာပဲ တို့တွေရှိနေ ဦးမှာပေါ့...။ အဲဒါကိုက အိမ်ဆိုတဲ့ ဝေါဟာရရဲ့ မပြည့်စုံနိုင်တဲ့ အဓိပ္ပါယ်တွေထဲက တစ်ခု ထင်ပါရဲ့....။ ကောင်းတယ် လေတံခွန်...။ :)
အိမ်တဲ့ အားလုံး လိုချင်နေတဲ့ အိမ်လေးပါ
ဒီကဗျာလေးဖတ်ပြီး ဝေးနေတဲ့အိမ်ကို သတိရလိုက်တာ ..သိပ်မှန်တာပေါ့..ကိုယ့်ရဲ့အိမ်ဟာ တဲပုတ်လေးဘဲ ဖြစ်နေစေဦးတော့ လုံခြုံနွေးတွေးမှုကိုတော့ အပြည့် အ၀ပေးနိုင်စွမ်းပါတယ်လေ...
အရမ်းကောင်းပါတယ်.. အဓိပ္ပါယ်လဲ ပြည့်စုံပါတယ်.... စာလဲကျက်ပါဦး... Admin ကြီးက ပြောတယ်.. ဘလောဂ့်ဘဲရေးနေတာ စာမေးပွဲတောင်ကျတယ်ဆိုလား... မျှမျှတတ လုပ်ပါ....( ခင်မင်၍ပြောခြင်းဖြစ်ပါကြောင်း)
Post a Comment