လေတံခွန်း အကို MYMC ဆိုဒ်ကို စလုပ်ဖြစ်ပုံလေး တစ်ချက်လောက်ပြောပြပေးပါ
မဟူရား ကျွန်တော် MYMC ကိုလုပ်ဖို့ sever ၀ယ်တာက ၂၀၀၈ ဒီဇင်ဘာထဲကပါ...။ အဲ့ဒီတုန်းက ဒီတိုင်းပဲ စမ်းချင်တာနဲ့ လုပ်လိုက်တာ...။ ဒါပေမယ့် ဒီအတိုင်းပဲ ဘာမှမလုပ်ဖြစ်ဘူး ၂၀၀၉ ဖေဖော်ဝါရီ ရောက်မှ ကျွန်တော်နဲ့တစ်ကျောင်းထဲတက်နေတဲ့ psycho_killer နဲ့ချိတ်မိပြီး MYMC ကိုတကယ်စအကောင်အထည်ဖော်ဖြစ်တာပါ.....
လေတံခွန်း အကိုက ဒီဆိုဒ်ကို စလုပ်တာ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့လုပ်ဖြစ်တာလဲဗျ
မဟူရား စလုပ်ရတာက ကျွန်တော်တို့တွေ့ဖူးနေကျမြန်မာ ၀ဘ်ဆိုဒ်တွေမျိုးမဟုတ်ပဲနည်းနည်း ပုံစံအသစ်လေးနဲ့သွားချင်တယ်.....။ လူငယ်ဆန်ဆန်လေးပေါ့ သဘောကလူငယ်တွေအတွက်ဦးတည်ပီး ကျန်တာကိုအနောက်က ပံ့ပိုးမယ်ပေါ့...... စစချင်းကဦးတည်ချက်နှစ်ခုရှိပါတယ်....။ အခုမီဒီယာပိုင်းနဲ့ education ပေါ့ ကျွနိတော်တို့ လောလောဆယ် မီဒီယာအဆင့်မှာပဲရှိပါသးယ်.... education ဘကကိုတေ့ သေချာလုပ်ဖိ့တွ် ကြိုးစား တုန်းပါ.......
လေတံခွန်း ဒီလို မီဒီယာပိုင်းတွေစလုပ်တော့ ဘယ်လိုအခက်အခဲတွေများကြုံခဲ့ရသေးလဲဗျ
မဟူရား စစတက် တဲ့ဆိုဒ်တစ်ခုအနေနဲ့ကတော့ အခက်အခဲကပေါင်းစုံပါပဲ အဓိက ကတော့လုပ်မယ့်လူလိုတာပါ
လေတံခွန်း နောက်ပိုင်း ဆိုဒ်ကို ဒီလိုလူစည်လာအောင် ဘယ်လိုများကြိုးပမ်းခဲ့ကြလဲမသိဘူးဗျ
မဟူရား အဲ့ဒါကတော့ ကျွန်တော့အထင် ဆိုဒ်ရဲ့ ဒီဇိုင်းက စမယ်ထင်တယ်....။ psycho_killer ကဆိုဒ်ကို ဒီဇိုင်းနဲ့ပါတ်သတ်ပြီး foundation အရင်ချပေးလိုက်တာပါ အဲ့သည့်နောက်မှာတော့ ကျွန်တော်တို့ တခြားဆိုဒ်တွေ ကိုကျွန်တော်တို့ အရင်လေ့လာကြည့်ပါတယ်....။ တွေ့တာက ဆိုဒ်တွေက ကျွန်တော်တို့ ယဉ်ကျေးမှုလွမ်းမိုးမှုတွေ အရမ်းရှိပါတယ်....။ သဘောက တစ်ခုခုဆို ကိုယ့်ယဉ်ကျေးမှု နဲ့ မသင့်တော်လို့ မြန်မာ လူမျိုးတွေရှုထောင့်က နေ မလိုက်ဖက်လို့ ဒါတွေကို ကျွန်တော်တို့က ပြောင်းပြန်လှန်လိုက်တဲ့သဘောပါ
လေတံခွန်း စလုပ်တော့ ၂ယောက်ထဲပေါင်းလုပ်ကြတာပေါ့နော်.... နောက်ပိုင်းကျ ဘယ်လိုများ ဆိုဒ်ကို improve လုပ်သွားလဲမသိဘူးဗျ
မဟူရား ဆိုဒ်ပိုင်းကတော့ ၂ယောက်ထဲပါ... ဒါပေမယ့် ခုနက ရေဒီယိုကိုစ run ဖို့အတွက် ကကျွန်တော် သိတဲ့ techanician တွေ အကူအညီနဲ့ပါ............ အဲ့သည့်ကစလိုက်တာ တဖြည်းဖြည်းလူတွေ ပိုသိလာတယ်ပေါ့နော်..... အဲ့သည့်နောက်မှာတော့ ကျွန်တော်တို့ရဲ့ ပထမဆုံး Interview(voice) ကို ကိုသိန်းလင်းစိုးနဲ့ စလုပ်ပြီး ဆိုဒ်မှာတင်ပြီးကထဲက လူပိုသိသွားကြပါတယ်.....။ အဲ့သည့်အတွက် တချို့ စိတ်ဝင်စားတဲ့သူတွေက လာဆက်သွယ်ကြပါတယ်...။ ဒီလိုနဲ့ တဖြည်းဖြည်း အခုအခြေအနေကို ရောက်တဲ့အထိ ပါပဲ....။
လေတံခွန်း ဆိုဒ်ကအခုဆိုရင်တော်တော်တိုးတက်လာပြီပေါ့နော်........ အဲ့သည့်အခါကျတော့ အကို့အနေနဲ့ ဆိုဒ်ကို ဘယ်လိုများကိုင်တွယ်လဲမသိဘူးဗျ....... ဆိုလိုတာက တာဝန်ယူမှုအပိုင်း စီမံခန့်ခွဲမှုအပိုင်းတွေပေါ့
မဟူရား ကျွန်တော်တို့ ဆီမှာ မမ်ဘာက ဒီလောက်အများကြီးမရှိပါဘူး....။ ဆိုတော့ Group လည်းနည်းနေသေးတော့ management အပိုင်းက ဒီလောက်မလိုသေးပါဘူး......။ Radio အတွက်ကတော့ ကျွန်တော်တို့ Dj Head ၂ ယောက်ရှိပါတယ်....။ ကျန်တာကတော့ ကျွန်တော် Group အလိုက် assignment သဘောမျိုးပေးပြီး ကျွန်တော်အားကိုးလို့ရမယ့် လူတစ်ယောက် ကို အဲ့သည့်အတွက်တာဝန်ယူပြီးလုပ်ခိုင်းပါတယ်......။
လေတံခွန်း အကို့ဆိုဒ်ရဲ့ဖွဲ့စည်းပုံလေးပြောပြပေးပါဦးဗျာ ဆိုဒ်ထဲမှာ အက်ဒမင်ကဘယ်နှယောက် ဒီဇိုင်နာက ဘယ်နှယောက် ဒီဂျေ အင်တာဗျူး စသဖြင့်ပေါ့
မဟူရား လောလောဆယ်ကတော့ ဆိုဒ်ပိုင်း admin ကတော့ ကျွန်တော်တစ်ယောက်ထဲပါပဲ.....။ psycho_killer ကတော့ အနောက်ကနေ support လုပ်ပေးပါတယ်...။ admin တော့သူမလုပ်ပါဘူး.....။ Interview အသင်းအနေနဲ့ကတော့ ၁၂ ယောက်လောက်ရှိပါတယ်....။ ရန်ကုန်က မမ်ဘာတွေအပါအ၀င်ပေါ့.....။ Dj ကတော့လောလောဆယ် ၃၄ ယောက်ရှိပါတယ်.....။ တခြား special program စသဖြင့်မှာတော့ မမ်ဘာတွေရှိပါတယ်....။ သူတို့က part time တွေပါ....။ နောက် MYMC family ထဲမ၀င်ပဲ ကုညီနေကြတဲ့ သူငယ်ချင်းတွေလဲ ရှိပါတယ်...။
လေတံခွန်း ဒီဂျေတွေရဲ့တာဝန်ကရော ဘယ်လိုယူကြရတာလဲဗျ
မဟူရား Dj တစ်ယောက် တစ်ယောက် စီရဲ့ Shift ကမတူပါဘူး......။ တချို့ စီနီယာ Dj တွေက ၁၂နာရီ Shift တွေ ရှိပါတယ်...။ အသစ်တွေကတော့ ၃-၉ နာရီကြားမှာရှိပါတယ်...။ ဒါက အပါတ်စဉ်ပါ...။ Shift တစ်ခုကို ကျွန်တော်တို့ ၃နာရီ နဲ့သွားပါတယ်....။ အမြဲတမ်း ပုံမှန်တော့ လူအကုန်လုံးအားနေတယ်ရယ်လို့တော့ မဟုတ်ပါဘူး....။ ဒီလိုပဲ ပျက်တာရှိရင် ကျန်တဲ့ Dj တွေက ပျက်တဲ့ Dj တွေအစား cover ပေးကြပါတယ်....။
လေတံခွန်း တကယ်လို့ တစ်စုံတစ်ယောက်က အကိုတို့ဆီမှာ ဒီဂျေဖြစ်ချင်တယ်ဆိုရင် ဘယ်လိုအရည်အချင်းတွေလိုမလဲဗျ
မဟူရား အဲ့ဒါက ကျွန်တော်ကြည့်တဲ့ အဓိက fact က စိတ်ဝင်စားမှုပါပဲ...။ ကျွန်တော်တို့ ဒီဆိုဒ် ကိုလုပ်ထားတာ ပြည်သူ့အတွက်ပါ... ကိုယ်ကတကယ် သူများအတွက် လုပ်ပေးနိုင်မယ်လို့ ဆုံးဖြတ်ပီးမှ MYMC မှာ apply လုပ်ပါ....။ နောက်တစ်ခုက ကျွန်တော်တို့ Dj တွေ form တင်တဲ့အခါ သူတို့ ဘယ်လိုရေးတာလဲဆိုတာကြည့်ပါတယ်....။ တကယ့် serious ဖြစ်တဲ့လူတစ်ယောက်အနေနဲ့ဆိုရင် form မှာဖြည့်ထားတာက အစ သိသာပါတယ်....။ အဲ့လို လူမျိုးကို မှပဲ ကျွန်တော်တို့ final step အနေနဲ့ကြိုက်မကြိုက် Head Djတွေက Interview လုပ်ပါတယ်...။ form တွေကို သေချာမတင်ရင်တော့ ဘယ်နိုင်ငံကပဲ ဖြစ်နေဖြစ်နေ ကျွန်တော်တို့ reject လုပ်ပြစ်ပါတယ်...။
လေတံခွန်း အခု အင်တာဗျူး Group နဲ့ပါတ်သတ်ပြီးပြောပြပေးပါဦးဗျာ
မဟူရား Interview Group မှာလဲ အဓိကလှုပ်ရှားနေတာက ရန်ကုန်ကမမ်ဘာတွေပါ....။ သူတို့ကကိုယ်တိုင်လိုက်ပြီးဗျူးရ File တွေ edit လုပ်ရ စသဖြင့် သူတို့လုပ်ရတဲ့အပိုင်းများပါတယ်.... ဒီဘက်ကမေးခွန်းရေးပေးတဲ့ လူတွေကတော့ ကျွန်တော်တို့ ရန်ကုန်ကပြန်ပို့လိုက်တဲ့ file ကိုမြန်မာလို ပြန်ရေး လုပ်ပေးစရာရှိတာလုပ်ပေးပြီးရင် ဆိုဒ်ပေါ်မှာတင်ပါတယ်...။ နောက်ပြီးခုနကပြောခဲ့သလိုပဲ မေးခွန်းတွေစဉ်းစားပြီးရေးတဲ့နေရာရာမှာလဲ သုံးပါတယ်......
လေတံခွန်း အပေါ်ကမေးခဲ့သလိုပဲ တစ်ယောက်ယောက်က အဲ့သည် Interview group ကို ၀င်ဖို့ စိတ်ဝင်စားတယ်ဆိုရင်ရော............
မဟူရား Dj ပိုင်းနဲ့တော်တော်များများတူပါတယ်.... အဓိက ကတော့ စိတ်ပါဝင်စားမှုပါပဲ..... ဒါကတော့ လုပ်ဖို့တကယ်စိတ်ဝင်စားလား မ၀င်စားဘူးလားဆိုတာ ပေါ့.... Interview ပိုင်းက Radio ပိုင်းလောက်တော့ အချိန်မပေးရပါဘူး.... ဒါပေမယ့်အလုပ်လုပ်တဲ့နေရာမှာတော့ သေချာလုပ်ဖို့လိုပါတယ်.... နောက်ဆုံးအနေနဲ့ကတော့ form တွေကို စိစစ်ပြီးတော့မှာ ကျွန်တော်ကိုယ်တိုင် Interview လုပ်ပါတယ်......။
လေတံခွန်း အင်္ဂလိပ်သီချင်းတွေလွှင့်တဲ့အခါမူပိုင်ကိစ္စနဲ့ပါတ်သတ်ပြီးဘယ်လိုစီစဉ်ထားလဲမသိဘူးဗျ
မဟူရား English သီချင်းတွေအတွက်ကတော့ ကျွန်တော်တို့အနေနဲ့ က Stream ပဲ Stream တာပါ ကျွန်တော်တု့အနေနဲ့က download ဖို့ နောက်ပြီး ပို့တာမျိုးသိပ်မရှိတဲ့အတွက် ဘာမှတော့ပြဿနာတက်စရာမရှိလောက်ဘူးလို့ထင်ပါတယ်..... အထူးသဖြင့် ကျွန်တော်တို့ဆိုဒ်က US based ဖြစ်တဲ့အတွက် ပိုဂရုစိုက်ရပါတယ်...... သူတို့ Claim တက်တာကတော့ သက်သက် FM တွေမှာ လူတွေနားထောင်လို့ရအောင် လွှင့်ပေးတာတစ်ခုပဲသက်သက်ဖြစ်တဲ့အတွက် ဖြန့်ဝေနေတာမဟုတ်တဲ့အတွက် ဒီဥပဒေနဲ့ တိုက်ရိုက် မပါတ်သတ်ဘူးလို့တော့ ပြောပါတယ်.....
လေတံခွန်း ဒီဂျေတွေကို သီချင်းတောင်းလာတဲ့အခါ ဒီဂျေတွေမှာ တောင်းတဲ့သီချင်းကို မရှိတဲ့အခါ ရှာလို့မတွေ့တဲ့အခါမျိုးကျရင် ဘယ်လို များဖြေရှင်းပေးပါသလဲခင်ဗျာ
မဟူရား အများဆုံးတောင်းတဲ့သီချင်းတွေကတော့ ကျွန်တော်တို့ Dj တွေမှာ တော်တော်များများရှိပါတယ်...။ အကယ်၍ မရှိဘူးဆိုရင်လဲ ကျွန်တော်တို့ listener ကို အခုDj ဆီမှာမရှိတဲ့အတွက် နောက်Dj တစ်ယောက်ဆီမှာတောင်းပါလို့ reply ပြန်ဖြစ်တာများပါတယ်...... သီချင်းတောင်းတာနဲ့ပါတ်သတ်ပြီး တချို့ listener တွေက တော့ရေဒီယိုမှာ ဘာလာနေတာ ဘာဖွင့်နောမှန်းသိရက်နဲ့ သက်သက် ခနောက်ပြီး လုံးဝမဆိုင်တဲ့သီချင်းမျိုးတွေတောင်းတာမျိုးတွေ ရှိပါတယ်....။ ဒီလိုမျိုးဆိုရင်တော့ ကျွန်တော်တို့ အဲ့သည့် request ကို accept မလုပ်ပေးပါဘူး.....။ ကျွန်တော်တို့ ရေဒီယို ကလူငယ်ရေဒီယိုဖြစ်တဲ့အတွက် လူငယ်ပိုင်းနဲ့ ဆိုင်တဲ့သီချင်းတွေပဲ ဖွင့်တာများပါတယ်... ကျွန်တော်တို့ တခြားရေဒီယိုကို ညွှန်းပါတယ်... ကျွန်တော်တို့ audience ကလူငယ်ပိုင်းအရမ်းများတဲ့အတွက် လူအများကို ဦးစားပေးတဲ့သဘောပါ သီချင်းတစ်ပုဒ် က လူတစ်ယောက်ကို ကြည်နူးစေပေမယ့် လူ အရောက် ၃၀ ကို ရေဒီယိုကိုပိတ်ချင်စိတ်ပေါက် သွားစေမယ်ဆိုရင် ကျွန်တော်တို့လူအယောက် ၃၀ ကိုပဲ ကြည့်ပါတယ်.....
လေတံခွန်း အကိုတို့ဆိုဒ်ကနေ သီချင်းတောင်းဆိုမယ်ဆိုရင်လိုအပ်မယ့်ပုံစံလေးလဲပြောပေးပါဦး
မဟူရား သီချင်းတောင်းချင်တယ်ဆိုရင်တော့ ပထမဆုံး သီချင်းနာမည် အဆိုတော်နာမည်ပြောပေးပါ အကယ်၍ တောင်းတဲ့သူက ဘယ် album ထဲကပါ ဆိုတာကိုပါသိရင် တော့အဆင်ပြေပါတယ်... အင်္ဂလိပ်သီချင်းတွေအတွက်က မလိုပေမယ့် မြန်မာသီချင်းတွေကျတော့ တခါတလေ ကျွန်တော်တို့ လဲမမှတ်မိဘူး အတောင်းများတဲ့သီချင်းတွေကလွဲလို့ပေါ့.......။
လေတံခွန်း ရေရှည်အတွက် ဆိုဒ်မှာရော ဘယ်လိုအစီအစဉ်တွေရှိလဲမသိဘူးဗျ
မဟူရား ကျွန်တော်တို့အခု plan လုပ်ထားတာတွေ ရှိပါတယ်....။ နောက်ပြီးဆိုဒ်ကို ကျွန်တော်တို့ ဒီ့ထက်ပိုပြီး ချဲ့သွားပြီး ပိုကြီးတဲ့ ကွန်ယက်တစ်ခုဖြစ်အောင် ကြိုးစားနေပါတယ်.... ကွန်ယက်သဘောကတော့ ကျွန်တော်တို့ MYMC မဟုတ်ပဲ လက်တွဲမယ့် partner ဆိုဒ်တွေပါ ပေါင်ပြီး ကွန်ယက်တစ်ခုအနေနဲက ဒီ community တစ်ခုထဲမှာပဲလိုချင်တာ အကုန်ရနိုင်အောင် လုပ်မလို့ပါ.... ကျွန်တော်တို့ တိုင်ပင်တုန်းပဲရှိပါသေးတယ်....။ MYMC အနေနဲ့ကတော့ အစီအစဉ်အသစ်တွေကိုစောင့်ကြည့်နေပါလို့ ကျွန်တော်တို့ ဒီထက်ပိလန်းတဲ့ idea တွေချပြသွားဦးမှာပါ....
လေတံခွန်း အကိုတို့ ရေဒီယို ဆိုဒ်ကိုအစဉ်သဖြင့်အားပေးနေတဲ့ ပရိသတ်ကိုအကို့အနေနဲ့ ဘာများပြောချင်သေးလဲမသိဘူးဗျ
မဟူရား ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် ဒီအခြေအနေထိရောက်လာအောင် ပံ့ပိုးပေးခဲ့တာလဲ MYMC Fan တွေအများကြီးပါပါတယ်.... တစ်နှစ်ဆိုတာကလေးအတွင်းမှာ MYMC ကို အခုလိုမျိုး ထိပ်နေရာတစ်ခုအထိ တွန်းပို့ပေးခဲ့လို့ ကျွန်တော်တို့ MYMC family တစ်ခုလုံးကလဲ တကယ်ကျေးဇူးတင်ပါတယ်... MYMC ကလဲ Fan တွေအတွက် တကယ်အပေါ်ယံမဟုတ်ပဲ အလေးအနက် နဲ့ အကျိုးရှိပြီး အားလုံးပျော်ရွှင်ရမယ့် Program တွေလဲလုပ်နေကြပါတယ်....။ နောက်ဆုံးပြောချင်တာကတော့ MYMC ကိုစောင်ကြည့်နေပေးပါလို့................
လေတံခွန်း တကယ်လို့ဆိုက်ဒ်နဲ့ပါတ်သတ်ပြီးတစ်စုံတစ်ရာ မေးမြန်ချင်လို့အကို့ကိုဆက်သွယ်မယ်ဆိုရင်ရော လိပ်စာလေးတစ်ချက်လောက်
မဟူရား mahuyar@mymclub.net ကိုဆက်သွယ်လို့ရပါတယ်........။
လေတံခွန်း အခုလို ကျွန်တော်မေးသမျှကို မအားတဲ့ကြားက စိတ်ရှည်လက်ရှည်ဖြေကြားပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ...
မဟူရား ကျွန်တော်ကလဲ ကျေးဇူးတင်ပါတယ်.........။
Interviewed by လေတံခွန်
5 comments:
Great interview..
ကိုလေတံခွန် >> admin ကြီးကို view ပေးတဲ့အတွက် ကျေးဇူး...
^^.^^
LayTaKhon, MYMC & Ko mahuyar rocks..~!
i'm MYMC fun, i'll follow u until u love me
Paparazzi... :D i love MYMC ....:)
keep it up ~~~
မိုက်တရ်ကွာ...... ဒီဇိုင်းတွေလည်းလန်း.... သီချင်းတွေလည်းလန်းတဲ့ဆိုက်ဒ်ကို ဗျူးးပေးထားလို့ ကျေးဇူးးးး...........
Bro Mahuyar kwa ^0^
Thanks 4 da interview :)
MYMC Rocks!!!
Appreciate U.
Post a Comment