သက်ရှိန်းရဲ့ရွှေငါးလေး
တစ်ခါကလူငယ်လေးတစ်ယောက်ရှိတယ်ဗျ...။ နာမည်ကတော့ (ကျွန်တော့်နာမည်ပဲသုံးတော့မယ်) သက်ရှိန်းပဲဆိုပါတော့ဗျာ...။ သူ့မှာအလှမွေးငါးတစ်ကောင်ရှိတယ်တဲ့...။ အလှမွေးငါးဆိုတာကလဲ တော်တော် အသန့်ကြိုက်တဲ့မျိုးဗျ....။ လူတွေတစ်နေ့တစ်ခါရေချိုးသလို သူ့ကိုလဲတစ်နေ့တစ်ခါရေလဲပေးမှကြိုက်တာ...။ ဒါပေမယ့်သက်ရှိန်းဆိုတဲ့ ငနဲကအပျင်းကြီးတယ်လေ...။ ငါးရေလဲတဲ့အလုပ်ကိုသူဘယ်တော့မှမလုပ်ဘူး...။ သူ့အဘိုးပဲ ဒိုင်ခံလုပ်ပေးရတာ......။ ကြာတော့သူ့အဘိုးလဲဒေါသထွက်တာပေါ့...။ ငါးကမင်းမွေးတာလား....ငါမွေးတာလားတွေ ဖြစ်လာတာပေါ့..။ နောက်တစ်ခါငါရေမလဲပေးတော့ဘူးဆိုပြီးပြောတာပေါ့....။ သက်ရှိန်းဆိုတဲ့ကောင် ကကိုယ်တိုင်သာ အဖြစ်မရှိတာ သူ့ကိုပြောတော့လဲမခံချင်ဘူးတဲ့ဗျာ...။ မလဲပေးလဲနေပေါ့တဲ့ဗျာ..။ ပြောပုံကိုက ပိတ်ရိုက်ချင်စရာ ကောင်းတယ်။ဒီလိုနဲ့ပဲ သက်ရှိန်းငါးကန်ကိုရေလပြေးနေရတာပေါ့....။ တစ်နေ့တစ်ခါလောက်ဆိုတော့ မသက်သာဘူးလေ...။ ဒါနဲ့ပဲသူစဉ်းစားမိတယ်....။ ငါးကိုရေလဲပေးရတာ ငါးကရေထဲမှာနေလို့ပဲ...။ ငါသူ့ကိုရေထဲမှာမနေဘဲ ကုန်းပေါ်မှာနေနိုင်အောင်ကျင့်ပေးရမယ်ဆိုပြီးစဉ်းစားမိတယ်...။ ဘယ်လောက်မိုက်မဲလိုက်သလဲ...။ ဒီလိုနဲ့ပဲသူကျင့်ပေးတယ်.....။ပထမ အကြိမ်မှာ ငါးကရေထဲကနေ ခဏလောက်ထုတ်လိုက် ပြန်ထည့်လိုက်နဲ့ကြိမ်ဖန်များစွာလုပ်တယ်..။ တဖြည်းဖြည်းနဲ့ ငါးလေးဟာ ရေမရှိဘဲ စိုစွတ်နေတဲ့မြက်ခင်းပြင်ပေါ်မှာနေနိုင်လာတယ်..။ နောက်တဖြည်းဖြည်းကျင့်ပေးရင်းနဲ့ ရေမစိုဘဲအရိပ်ရတဲ့ ကုန်းမြေပေါ်မှာတောင်နေနိုင်လာတယ်...။ နောက်ကျတော့ နေပူပြီး...ဖုန်ထူတဲ့ လမ်းတွေမှာတောင် သွားနေနိုင်လာတယ်....။ နောက်ပြီးအဲ့သည့်ငါးလေးကတော်တ်ေဆန်းတယ်ဗျ...။ သက်ရှိန်းကငါးစားဖို့ တီတူးတဲ့ အချိန်မှာတောင်လိုက်သွားပြီး.... ၀က်တွေလိုသူကိုယ်တိုင်တူးစားတယ်တဲ့ဗျာ....။ သက်ရှိန်းလဲ သူ့ရဲ့ကြိုးစားမှု အောင်မြင်လာတဲ့အတွက်သူတော်တော်ပျော်နေတာပေါ့...။နောက်ပိုင်းကျတော့သူဟာငါးကလေးကို အိမ်မွေးခွေးတစ်ကောင်လိုသူသွားလေရာကိုခေါ်သွားတယ်..။ ငါးကလေးကလဲ မြွေတစ်ကောင်လိုတွန့်လိမ် ပြီးသွားတာပေါ့..........။ သူနဲ့သူ့ငါးကလေးဟာသူတို့မြို့မှာအထူးအဆန်းဖြစ်လာတာပေါ့...။ နောက်ပြီးသူ့ငါးကလေးကိုဝယ်ချင်တဲံလူတွေလဲများလာတယ်တဲ့...။ တချို့ဆိုငွေတော်တော်များများပေးပြီး ၀ယ်ချင်ကြတယ်....။ ဒါပေမယ့်သက်ရှိန်းကမရောင်းဘူးတဲ့ဗျာ...။ငွေ တစ်သန်းပေးရင်တောင်မရောင်းဘူးတဲ့..။ ဘယ်လောက်ပဲပေးပေးမရောင်းဘူးတဲ့...။ တစ်နေ့မှာတော့ သူငါးလေးအတွက်ဝမ်းနည်းစရာတစ်ခုဖြစ်လာခဲ့တယ်။ သူနဲ့ငါးကလေးနဲ့က ထုံးစံအတိုင်းအပြင်ကိုထွက်လာတာပေါ့..။ ငါးကလေးကနောက်က သူကရှေ့ကပေါ့..။ တစ်နေရာရောက်တော့ သူရေအိုင်တစ်အိုက်တွေ့တယ်.....။ သူကတော့အဲ့သည့်ရေအိုင်ကို ခုန်ကျော်သွားလို့ ရတယ်လေ..။ငါးကလေးအတွက်ကတော့မရဘူးဗျ...။ သူကတော့အမှတ်တမဲ့ပဲလျှောက်လာတယ်..။ တစ်နေရာရောက်တော့ သူ့ငါးလေးကိုလှည့်ကြည့်တယ်လေ....။ မတွေ့တော့ဘူး....။ သူခေါင်းပူသွားတယ်...။ ဘယ်သူများမသွားပြီလဲလို့လေ..။ နောက်မှသူရေအိုင်လေးကိုသတိရသွားတယ်....။ ထိုအခါမှစိတ်အေးသွားတယ်။ ဒီအတိုင်းဆိုရင်တော့သူ့ငါးလေးရေအိုင်ထဲမှကျြန်ခဲ့တာဖြစ်မယ်ဆိုပြီး..... အမြန်ပြေးသွားတယ်...။ ဒါပေမယ့်.... သူရေအိုင်လေးထဲက ငါးကလေးအဖြစ်ကိုမြင်တော့ သူငိုအားထက်ရယ်အားသန်သွားတယ်လို့ပြောရမလားမသိဘူး။ ငါးကလေးကရေထဲမှာေးစောင်းလေးပေါလောပေါ်လို့တဲ့ဗျာ.....။ မဆန်းပေဘူးလားငါးက ရေမကူတတ်တော့လို့ သေသွားသတဲ့ဗျာ....................SurprisedLaughing
ယနေ့သည်......
Sunday, January 4, 2009
.
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment