ယနေ့သည်......

Saturday, January 3, 2009

.

ကဗျာမဟုတ်သောကလေးအတွက်ကဗျာ

လူဆိုသည်မှာ ခံစားချက်များပွင့်အန်လာလျှင် သူတို့၏ကဗျာကာရံများသည် သူတို့အတွက် အကောင်းဆုံးများဖြစ်လာတတ်သည်...။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ခံစားချက်များရေးလိုက်သောအခါတိုင်း ကဗျာမဆန်သောကဗျာများသာဖြစ်လာတတ်တယ်...။ အခုကျွန်တော့်ရဲ့ ခံစားချက်တွေ ပွင့်အန်လာတဲ့ အခါမှာ ကဗျာတစ်ပုဒ်တော့ဖြစ်သွားခဲ့တယ်.....။ အစီအစဉ်မကျ ကာရံမလှတဲ့ ကဗျာမဆန်သော ကဗျာတစ်ပုဒ်ပေါ့....။ ကျွန်တော့်ရဲ့ ခံစားချက်ကိုမြည်းစမ်းကြည့်လိုက်တဲ့အခါ ကဗျာမဆန်သော ကလေးအတွက်ကဗျာ ဆိုတာလေးဖြစ်လာတယ်...။ ခံစားလိုက်ာကပါဦးဗျာ..........

ကဗျာမဟုတ်သော ကလေးအတွက်ကဗျာ



ကလေးရယ်.....

ကဗျာမဆန်တဲ့

ကိုယ့်ရဲ့ဘ၀ထဲ

မင်းမလာချင်မှန်း

သိခဲ့ပါတယ်.......။

ခါးသက်သက်

အလွမ်းတစ်ခွက်ကို

မျှဝေသောက်ဖို့

မင်းကိုကိုယ်မတောင်းဆိုလိုပါဘူး.....။

အပြောကျယ်တဲ့

ဘ၀ပင်လယ်မှာ

ရုန်းကန်နိုင်ဖို့

မင်းမှာပညာမစုံသေးပါဘူး....

ကလေးရယ်...............။

ကိုယ့်ရင်မှာ

ခိုလှုံလှည့်ပါဦးကွာ

နွေးထွေးမှုလေးပေးချင်လို့ပါ...။

မငြိမ်းသော မီးတစ်ဖိုကို

ပြုစုထားပါတယ်.....။

ချစ်သောကလေးလေး

ဆောင်းခိုဖို့လေ.....။

မဆုံးသောသီချင်းတစ်ပုဒ်ကို

ဆက်လက်၍ဆိုနေပါတယ်...။

ချစ်သောကလေးလေး

နားဆင်ဖို့လေ..........။

မညှိုးသောပန်းတစ်ပွင့်

ယုယစွာပြုစုထားပါတယ်...။

ချစ်သောကလေးလေး

ပန်ဆင်ဖို့လေ.......။

မကုန်သောအားအင်တစ်စုကို

နှလုံးသားမှာသိမ်းဆည်းထားတယ်...။

ချစ်သောကလေးလေး

အားထားဖို့လေ..........။

ကလေးလေးကိုစောင့်ရှောက်ဖို့လေ....

ကလေးလေးကိုချစ်လွန်းလို့လေ......

ကလေးလေးကိုမြတ်နိုးလွန်းလို့လေ....

ပန်းတစ်ပင်ကိုပျိုးခဲ့တယ်.......

သီချင်းတစ်ပုဒ်ကိုဆိုခဲ့တယ်......

မီးတစ်ဖိုကို ဖိုခဲ့တယ်.....

ပန်းပင်လေးကိုနှလုံးသွေးနဲ့

ပေါင်းသင်ပေးခဲ့တယ်.....

သီချင်းတစ်ပုဒ်ကို

ခံစားချက်(အလွမ်းဓါတ်)နဲ့ဆိုခဲ့တယ်.....

မီးတစ်ဖိုကို

ကိုယ်တိုင်လောင်ကျွမ်းလို့

ပြုစုခဲ့တယ်................

ကဗျာတစ်ပုဒ်ကို

ကလေးလေးအားချစ်လွန်း၍

ရေးခဲ့တယ်..................။

0 comments:

Post a Comment