ကျွန်တော်ဆရာအကြည်တော်ရဲ့စာတစ်ပုဒ်ကိုအခြေခံပြီးပြောမှာဖြစ်ပါတယ်...။ခိုးယူလိုက်တယ်ဆိုလဲ စိတ်မဆိုးပါဝူးဗျာ။ ဆရာအကြည်တော်ရဲ့ အာဒံရဲ့နံရိုးဆာတေးကိုဇာတ်လမ်းအခြေခံယူထားပါတယ်....။ ဇာတ်လမ်းကိုသိပြီးသူ ရှိသလိုမသိသေး သူလဲရှိမယ်ထင်ပါတယ်။ ဇာတ်လမ်းကိုမသိသေးသူတွေအတွက် ကျွန်တော်ပြန်ပြောပြပါမယ်...။ ဇာတ်လမ်းလေးက ဒီလိုဗျ.......
အာဒံဆိုသိကြတယ်မဟုတ်လား......။ ဒါပေမယ့်ခုအာဒံကနောင်တစ်ခောတ်မှာဖြစ်လာမယ့်အာဒံပါ......။ အာဒံဟာ... လောကကြီးမှာသူတစ်ယောက်ထဲ ရှိနေပြီး ပျင်းနေတာကိုသိတဲ့ ဘုရားသခင်ဟာ အာဒံအတွက်ဧ၀ကိုဖန်ဆင်းပေးဖို့ပြင်ဆင်တာပေါ့...။ တနေ့ အာဒံအိပ်ပျော်နေတုန်း ဘုရားသခင်က အာဒံရဲ့ နံရိုးတစ်ချောင်းကိုထုတ်လိုက်တယ်....။ ဘုရားသခင်ရဲကအကြံကတော့ မိုးလင်းလို့အာဒံအိပ်ရာနိုးလာရင် ဧ၀ကိုမြင်ပြီးအံ့သြအောင်ဆိုတဲ့အကြံနဲ့ပေါ့..။ ဒါပေမယ့် နံနက်မိုးသောက်အလင်းရောက်တဲ့အခါမှာ အံ့သြရတာဟာ အာဒံမဟုတ်ဘဲ ဘုရားသခင်ဖြစ်နေတယ်လေ....။ ဘာလို့လဲဆိုတော့မနက်ရောက်တဲ့ အခါမှာအာဒံတစ်ယောက်ထဲတွေ့လိုက်ရလို့လေ...။ အာဒံကတော့ပုံမှန်အတိုင်းပဲ လျှောက်သွားနေတာပေါ့...။ ဒါနဲကဘုရားသခင်လဲ အံ့အားသင့်ပြီး အာဒံကိုအပူတပြင်းလိုက်ရှာတော့တာပေါ့...။ အာဒံကိုတွေ့တော့ ဘုရားသခင်က မေးတာပေါ့...။ ဧ၀ရောတဲ့...။အာဒံကလဲ မထုံတတ်သေးနဲ့ ဧ၀လား... မသိဘူးလေဗျာ...တဲ့...။ ဒါနဲ့ဘုရားသခင်လဲတင်းပြီး မင်းနံရိုးရောဆိုတော့ အာဒံက ကင်စားလိုက်ပြီတဲ့လေ....။ ဘယ်လောက်ဆိုးလိုက်တဲ့အာဒံလဲ...။ စဉ်းစားသာကြည့်....။ ဘုရားသခင်ကလဲမေးတော့တာပေါ့.....။ မင်းဘာလို့ကင်စားလိုက်တာလဲ...။ ဒီမှာစားစရာတွေ ဒီလောက်ပေါတာကို....မင်းကွာ...။
ဒါနဲ့အာဒံကလဲ ဟုတ်တာတော့ဟုတ်ပါတယ်အရှင်...ဒါပေမယ့် ကျွန်တော်သူခိုးဖြစ်မှာစိုးလို့ပါနောက်ပြီး နွားဖြစ်မှာလဲကြောက်လို့ပါ....။ ဒီတော့ဘုရားသခင်ကလဲ ဘာ...ဘယ်လိုဖြစ်တယ်... မင်းက ဧ၀ပေါ်လာတာနဲ့ နွားဖြစ်တာဘာဆိုင်လို့လဲ....။ သူခိုးကရောဘာကိစ္စဖြစ်ရမှာလဲ...။ ပြောစမ်းကွာ.....။ မင်းရှင်းစမ်းပါဦး.....။ အာဒံကလဲ...ဟုတ်ကဲ့အရှင်.....ပထမကအာဒံနဲ့ဧ၀ဇာတ်လမ်းကိုအရှင်သိပါတယ်...။အဲ့မှာဧ၀ကြောင့်အာဒံ ပန်းသီးခိုးခဲ့ရတယ်လေ....။ နောက်ပိုင်း လူတွေဖြစ်လာတဲ့အခါမှာလဲ မိန်းမတွေအတွက်ယောက်ျားတွေက နွားလိုရုန်းရတယ်လေ....။ အရှင် စဉ်းစားကြည့်ပါဗျာ...။ ဘုရားသခင်ကလဲ...ဟေ့ကောင် မင်းတို့သူခိုးဖြစ်တာ မင်းရဲ့ရမ္မက်ကြောင့်ဖြစ်တာကွ....။ ဧ၀နဲ့မဆိုင်ဘူးကွ.....။ နောက်ြပီး မင်းကအပေါ်ယံပဲကြည့်တာကိုးကွ...။ သူတို့အိမ်မှုကိစ္စတွေကိုသေအောင်လုပ်ရတာမင်းမမြင်ဘူး...။ နောက်ပြီး မင်းတို့ရဲ့ ရင်သွေးအတွက် သူတှိုသေမင်း နှုတ်ခမ်းဝလမ်းလျှောက်နေရတာရော မင်းသိလား....။ အာဒံက အညံ့မခံသေးပေ....။ လက်မခံဘူးဗျာ....။ခုနောက်ပိုင်းခောတ်ကြီးမှာ မိန်းမတွေအသုံးအဖြုန်းကြီးလွန်းလို့ ရှာမလောက်ဖြစ်နေတာဗျ...။ သူတို့တွေဆံပင်ကိုကောက်ရတာနဲ့ဖြောင့်ရတာနဲ့ အလှပြင်ဆိုင်သွားရတာနဲက ရှုပ်နေတာပါပဲဗျာ...။ ရှော့ပင်ထွက်ရင်လဲကုန်လိုက်တဲ့ပိုက်ဆံက သောက်သောက်လဲလို့....။ တကယ်စိတ်ညစ်ဖို့ကောင်းပါတယ်ဗျာ....။ မိန်းမဆိုတာမကောင်းပါဘူးဗျာ...။ ဘုရားသခင်က အာ.....ဟေ့ကောင်အာဒံ ငါပြောပြမယ်....။ မိန်းမတွေကောင်းလို့ချမ်းသာရတဲ့ ယောက်ျားတွေလဲအများကြီးပါကွာ...။ ဥပမာ မင်း ကျန်စစ်သားတို့ မဟော်သဓါတို့တွေကိုသိတယ်မဟုတ်လား....။ အာဒံကလဲ ထားပါတော့ဗျာ....။ ဒါကတစ်ရာမှာတစ်ယောက်ပါ...။ ခုချိန်မှာတော့ အရေးကြီးဆုံးက ကျွန်တော်တို့ယောက်ျားလေးတွေခိုင်းနွားမဖြစ်ဖို့ပဲ...။ ဘုရားသခင်လဲဒေါသထွက်လာပြီး.... ထားတော့ကွာ...မင်းတစ်ယောက်ထဲနေချင်တယ်ဆိုလဲ ပြီးရော....။ ဒီလိုနဲကပဲသူတို့နှစ်ယောက်ရဲ့ စကားဝိုင်းလေး ပြီးသွားခဲ့တယ်.....။
ဒီလိုနဲကအချိန်တွေကြာလာတဲ့တစ်နေ့မှာတော့ အာဒံဟာ တစ်ယောက်ထဲ နေရတာကိုမခံမရပ်နိုင်အောင်ဖြစ်လာတာပေါ့...။ သူ့ရဲကအဖော်ဧ၀ကိုလိုအပ်လာခဲ့တယ်...။ ဒါနဲကဘုရားသခင်ကိုသွားပြီးလျှောက်တင်ခဲ့တယ်...။ အရှင်ဘုရား....ဧ၀ကိုဖန်ဆင်းပေးတော်မူပါလို့ပေါ့...။ ဒါပေမယ့် ဘုရားသခင်ကဘာမှမပြောပဲ ခေါင်းခါနေခဲ့တယ်...။ မင်းအခွင့်အရေးကိုဆုံးရှုံးသွားပြီကွ....။မင်းကအခွင့်အရေးကိုအလကားဖြုန်းပစ်ခဲ့တဲ့အတွက် မင်းတစ်ယောက်ထဲပဲနေရတော့မယ်ကွ..။ ဒါနဲက အာဒံလဲ ခေါင်းငိုက်စိုက်ပြီးထွက်လာခဲ့တယ်...။ နောက်တော့ အရင်အာဒံနဲ့ဧ၀ အိပ်ခဲ့တဲ့ မြတ်ခင်းပြင်ပေါ်မှာ လဲလျောင်ရင်း.... အသက်ဆုံးသွားခဲ့တယ်.......
မိတ်ဆွေများအားလုံးကိုယ်၊စိတ်ရွှင်လန်းကြပါစေလို့ဆုတောင်းလိုက်ပါတယ်ဗျာ......။
ယနေ့သည်......
Saturday, January 3, 2009
.အာဒံနဲ့ဘုရားသခင်ဆွေးနွေးခန်း
ရေးသားသူ လေတံခွန် ရေးသားချိန် Saturday, January 03, 2009 အမျိုးအစား ဟာသ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment