နေမ၀င်တဲ့ဆူးတစ်စင်း.....
စဉ်းစားကြည့်ရင်
မနေ့တနေ့ကလို
ဒါပေမယ့်.....
မသေချာခဲ့သလို
ရေရေရာရာလဲ
ငါဘာတစ်ခုမှမလုပ်ရသေးပါ....။
သူမငါ့ကို ချစ်သလား
မုန်းနေလား.. တပ်အပ်သေချာ
ငါမတွေးတတ်လို့
ဝေးရာအရပ် ပြေးထွက်ဖို့လဲ
ကြိုးစားဖူးတယ်.....။
ဝမ်းနည်းဆွေးမြေ့
အတွေးတွေနဲ့
ပြိုးပြိုးပျက်ပျက်
အိပ်မက်တွေလဲတောက်ပခဲ့တယ်...။
ဘာညာဘာညာ တီတီတာတာ
မင်းစကားမှာ ရူးလို့သွပ်လို့
မူးနေခဲ့ပေါ့..... ။
အတွေးလေပြည်မှာ
မင်းငါ့ကိုမမုန်းခဲ့ပါ.....
စိတ်ကူးယဉ်မှုတွေ....
နယ်လိုက်ချဲ့တော့
မင်းငါ့ကိုအနမ်းလေးတောင် ပေးခဲ့လေရဲ့.....။
တကယ်လက်တွေ့
အနမ်းတွေနဲ့
ဝေးလျက်ကွာကာ
မင်းနဲ့ငါဟာ တစ်ကမ္ဘာစီပါလား.......။
ယနေ့သည်......
Saturday, January 3, 2009
.
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment