ကြယ်စင်တစ်ပွင့်
မြေခလို့ ကြွေကျရင်
ပြေးယူကောက်လို့
သူမကိုငါ လက်ဆောင်ပေးချင်.......။
ဆောင်းနှင်းဥ တီု့
လေမှာလွင့်လို့
သဏ္ဍာန်တူရာ
ငါ၏ဖြူစင် အချစ်တို့အား
သူမကိုငါ လက်ဆောင်ပေးချင်...........။
အင်း.........
မဖြစ်နိုင်တော့ပါ
သူမနှင့်ငါ နီးစပ်ဖို့မှာ....
နောက်ဘ၀မှသာ.....။
ဒီဘ၀တော့
အချစ်စိတ်ကို
မျိုသိပ်လို့ရယ်
အဝေးမှာပဲ
နေတော့မယ်......။
ငါမချစ်သင့်တဲ့
သူငယ်ချင်းလေး ချစ်သူရယ်...........။
0 comments:
Post a Comment